မူးယစ်ဆေး အသုံးပြုထားခြင်း ရှိ၊ မရှိ ချက်ခြင်း သိနိုင်တော့မယ့် လက်ဗွေစနစ်သစ်

news.sky.com

ကိုကင်း အသုံးပြုထားခြင်း ရှိမရှိဆိုတာကို လက်ဗွေစနစ်သစ်တစ်ခုကနေ စမ်းသပ်သိရှိနိုင်တော့မှာဖြစ်ကြောင်း skynews အွန်လိုင်းသတင်းစာမျက်နှာကတဆင့် သိရပါတယ်။ ဒီစမ်းသပ်ချက်ကို University of Surrey ကနေ ပြုလုပ်ခဲ့တာပါ။ လက်ဗွေစနစ်မှာ high resolution mass spectrometry နည်းပညာကို သုံးထားပါတယ်။ ၄င်းဟာ လက်ဗွေရာတွေမှာရှိတဲ့ ချွေးကနေ မူးယစ်ဆေးအကြွင်းအကျန် ရှိမရှိဆိုတာကို စမ်းသပ်တိုင်းတာနိုင်ပါတယ်။

လက်ဗွေစနစ်သစ်ကို စမ်းသပ်တဲ့ သုတေသနကိုတော့ လွန်ခဲ့တဲ့ (၂၄) နာရီမှာ ကိုကင်းသုံးစွဲထားပြီး မူးယစ်ဆေးဝါးအသုံးပြုမှုမှ ပြန်လည်ထူထောင်ရေး ဆေးခန်းတွေမှာ ဆေးကုသမှုခံယူနေတဲ့ လူတွေထံ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သုတေသနထဲ ပါဝင်သူတွေဟာ ၄င်းတို့ရဲ့ လက်ဗွေကို စစ်ဆေးမှု မခံယူမီ လက်တွေကို ဆပ်ပြာနဲ့ အရင်ဆေးရမှာ ဖြစ်ပါတယ်။

READ
မိသားစုကပင်စင်ကိုထုတ်ယူပြီးစွန့်ပစ်ခံခဲ့ရတဲ့ စစ်သားဟောင်းကြီးရဲ့ ဘဝ
news.sky.com

လက်တွေကို ဆပ်ပြာနဲ့ ဆေးပေမယ့် ကိုကင်းအသုံးပြုပြီးသူရဲ့ လက်မှာ ကိုကင်းထဲမှာပါဝင်တဲ့ ဘန်ဇွိုင်းလက်ကိုနိုင်း မော်လီကျူးရဲ့ သတ္တိတွေ ကျန်ရှိနေတုန်းပဲဖြစ်ကြောင်း ပညာရှင်တွေက ဆိုပါတယ်။ အဆိုပါ ဓာတုပစ္စည်းကို ကိုကင်းကိုင်ထားသူတွေ၊ အသုံးပြုထားသူတွေရဲ့ လက်မှာသာ တွေ့ရပြီး မသုံးထား သူတွေရဲ့ လက်မှာတော့ မတွေ့ရပါဘူး။

လန်ဒန်မှာရှိနေတဲ့ ကိုကင်းဈေးကွက်တစ်ခုထဲတင် တစ်နှစ်ကို ဒေါ်လာ(၁) ဘီလျံစာ သုံးစွဲမှု တန်ဖိုးရှိနေတာ ဖြစ်ပါတယ်။ ပညာရှင်တွေဟာ  လန်ဒန်မြို့ရေထဲမှာပါတဲ့ စွန့်ပစ်ပစ္စည်းတွေကို စမ်းသပ်လေ့လာရာမှာ နေ့စဉ်နေ့တိုင်း Class A မူးယစ်ဆေး အလေးချိန်ပျမ်းမျှ (၂၃) ကီလိုဂရမ်ကို တွေ့ရှိခဲ့တာပါ။ ဒီပမာဏဟာ အခြားသော ဥရောပနိုင်ငံက မြို့တွေနဲ့ယှဉ်ရင် ပမာဏ (၂) ဆလောက် ရှိပါတယ်။ ကျွမ်းကျင်သူတွေကတော့ ယူကေမှာရှိတဲ့ ကိုကင်းအသုံးပြုမှုပမာဏဟာ ထင်ထားတာထက်တောင် ပိုများပြီး ထောင်ပေါင်းများစွာသော လူတွေဟာ မူးယစ်ဆေးကို  ပုံမှန်သုံးသူတွေ ဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

READ
တည်ခင်းတဲ့ဟင်းပွဲထဲ ငါးအသားပါသွားလို့ လူမြင်ကွင်းမှာ ခေါင်းဖြတ်သတ်ခံရတဲ့ အမျိုးသမီး

လင်းလင်း (ShweMom)

SHARE