လူပုစိတ်တိုရောဂါဆိုတာ တကယ်ရှိကြောင်း သိပ္ပံပညာရှင်များမှ အတည်ပြု

သိပ္ပံပညာရှင်တွေက အရပ်ပုတဲ့အမျိုးသားတွေဟာ သူတို့နဲ့သက်တူရွယ်တူဖြစ်တဲ့ အမျိုးသားတွေထက်ပိုပြီး ရန်လိုတတ်တယ်လို့ ယူဆထားပါတယ်။ သုတေသနပညာရှင်တွေဟာ အမျိုးသားအုပ်စုနှစ်စုခွဲပြီး ဂိမ်းကစားနည်းတစ်မျိုးနဲ့ စမ်းသပ်လေ့လာခဲ့ကြပါတယ်။ စမ်းသပ်ချက် ရလဒ်မှာတော့ အရပ်ပုတဲ့လူတွေက ပိုပြီးရန်လိုစိတ်ရှိကြကြောင်းနဲ့ လူပုရောဂါ(သို့မဟုတ်) နပိုလီယန်ကွန်းပလက်စ်ရောဂါဟာ အမှန်တကယ်ရှိကြောင်း ပညာရှင်တွေက ဆိုလိုက်ပါတယ်။

လေ့လာချက်တွေကို နယ်သာလန်နိုင်ငံဗရီဂျီ တက္ကသိုလ်မှာရှိတဲ့ပညာရှင်တွေက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လေ့လာချက်ထဲမှာ တော့လူပေါင်း(၄၂) ယောက်ပါဝင်ပြီး နှစ်ယောက်တစ်ဖွဲ့စီအဖွဲ့ခွဲကာ ပြိုင်ဖက်တွေ သတ်မှတ်ပြီး တွေ့ဆုံစေခဲ့ပါတယ်။ ထို့နောက်သူတို့တွေကို သီးခြားအခန်းတွေဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။ တစ်ယောက်ချင်းစီကို တစ်ခု(၁၀)ဆင့်လောက်တန်တဲ့ တိုကင်(၁၈)ခုကို ငွေကြေးအစားထိုးပြီး ပေးထားကြပါတယ်။ ဒီနောက်တစ်ယောက်ချင်းစီကို သူတို့အတွက် တိုကင်ဘယ်လောက် သိမ်းထားမလဲနဲ့ သူတို့ရဲ့ပြိုင်ဖက်ကို တိုကင်ဘယ်လောက်ပေးနိုင်မလဲ ဆိုပြီးမေးမြန်းခဲ့ပါတယ်။

လေ့လာချက်ထဲမှာတော့ (၅)ပေ(၇)လက်မရှိသူ အမျိုးသားတွေက ပျမ်းမျှအနေနဲ့ တိုကင်ပေါင်း(၁၄)ခုကို သူတို့အတွက်သိမ်းထားကြလေ့ရှိပြီး (၆)ပေ(၆)လက်မရှိတဲ့ အရပ်ရှည်တဲ့ အမျိုးသားတွေကတော့ ပျမ်းမျှတိုကင်(၉)ခုလောက်သာ သိမ်းထားကြပါတယ်။ တွေ့ရတာက အရပ်ပုတဲ့သူတွေဟာ အရပ်ရှည်တဲ့သူတွေထက် သူတို့လက်ထဲမှာ ရှိနေတဲ့ရင်းမြစ်တွေကိုပိုပြီးထိန်းသိမ်းထားကြတယ် ဆိုတာပါ။ လေ့လာချက်တွေအရ အရပ်ရှည်တဲ့သူတွေဟာ ပိုမိုချမ်းသာကြွယ်ဝကြတဲ့အပြင် အလုပ်မှာလည်း ပိုအောင်မြင်ကြကြောင်း ဆိုထားပါတယ်။

READ
ပရိုကျကျ ဘတ်စ်ကားစီးနည်း
History Extra

 

(၂၀၀၄)ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ စိတ်ရောဂါကုပညာရှင်ဖြစ်သူ တင်မိုသီဂျက်ရဲ့တွေ့ရှိချက်အရတော့ အရပ်ရှည်တဲ့သူတွေက ၀င်ငွေပိုကောင်းကြတယ် ဆိုတာကိုပါ။ စာရေးဆရာတစ်ဦးဖြစ်သူ မာကွန်မ်ဂလက်ဒ်ဝဲလ်က ထိပ်သီးအမေရိကန်ကုမ္ပဏီကြီးတွေကိုလေ့လာကြည့်ခဲ့ပါတယ်။ သူတွေ့ရှိခဲ့ရတာကတော့ ကုမ္ပဏီတွေရဲ့အမှုဆောင်အရာရှိချုပ်(၅၈)ရာခိုင်နှုန်းဟာ အနည်းဆုံး(၆)ပေအရပ်အမြင့်ရှိကြတာကိုတွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင်(၁၉၁၆)ခုနှစ်ကတည်းက လေ့လာချက်အရမှာ အရပ်ရှည်တဲ့အမေရိကန်သမ္မတလောင်းလျာတွေက(၁၇)ကြိမ်အနိုင်ရခဲ့ရင် အရပ်ပုတဲ့သမ္မတလောင်းလျာတွေက (၆)ကြိမ်သာအနိုင်ရကြကြောင်းသိရပါတယ်။

အခြားလေ့လာချက်တစ်ခုမှာတော့ အရပ်ရှည်တဲ့လူတွေဟာရေရှည်မှာဘ၀လက်တွဲဖော်ကောင်းနဲ့တွေ့ရှိနိုင်ခြေများကြောင်းနဲ့ အရပ်ပုတဲ့လူတွေကတော့ ရာဇ၀တ်သားတွေပိုမိုဖြစ်နိုင်ခြေရှိပြီး နှလုံးရောဂါဖြစ်နိုင်ခြေများကြောင်း၊ စိတ်ပျော်ရွှင်မှုနည်းပါးကြောင်းနဲ့အသက်မရှည်ကြဘူးလို့ဆိုထားပါတယ်။

Source : DaiyMail

SHARE