အမေရိကန်တောနက်ထဲမှာ မှိုရှာသူများမှ ခေါင်းနှစ်လုံးနဲ့ သမင်ကိုတွေ့ရှိခဲ့

Minnesota DNR

သမင်တွေရဲ့ မွေးဖွားမှုသမိုင်းမှာတော့ ပထမဆုံးအဖြစ် မှတ်တမ်းဝင်ဖွယ်ရာရှိနေတဲ့ ကမ္ဘာ့ပထမဆုံး ခေါင်းနှစ်လုံးသမင်လေးကို (၂၀၁၆)ခုနှစ် မေလက တောနက်ကြီးတစ်ခုတည်းမှာ မှိုရှာသူတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါ တောနက်ကြီးဟာ Freeburg, Minnesota အနီးမှာ တည်ရှိပါတယ်။ တွေ့ရှိချိန်မှာ သမင်လေးတွေမှာ အသက်မရှိတော့ပါဘူး။

ခေါင်းနှလုံးသမင်လေးကို ရှာဖွေတွေ့ရှိခဲ့တဲ့ မှိုရှာသမားတွေရဲ့ နာမည်ကို သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ ဒီတွေ့ရှိမှုဟာ သိပ္ပံပညာရှင်တွေ အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ လေ့လာစရာတစ်ခုလို့ ဆိုပါတယ်။ University of Georgia မှ သုနေသနပညာရှင်တစ်ဦးဖြစ်တဲ့ Gino D’Angelo က ” အလွန်ကို ရှားပါးလှတဲ့ တွေ့ရှိမှုပါ “လို့ ဆိုပါတယ်။

University of Georgia

Gino က ” ဘယ်လောက်ရှားပါးတယ်ဆိုတာကို တွက်ချက်ပြလို့တောင် ရမှာ မဟုတ်ပါဘူး … အမေရိကန်မှာ နှစ်စဉ် ဆယ်သန်းသော သမင်တွေဟာ ထုံးစံအတိုင်း ပုံမှန်အနေအထားနဲ့ မွေးဖွားခဲ့ကြသူတွေပါ … ဒါပေမယ့် သမင်လောကမှာလည်း ကျွန်တော်တို့ ထင်မှတ်မထားတဲ့ အဖြစ်အပျက်မျိုးတွေ ရှိနေပါသေးတယ် “လို့ ဆိုပါတယ်။

READ
ရည်းစားဟောင်းကိုပြန်ရဖို့ ကိုယ်ဝန်အတုနဲ့ ဒရာမာအမျိုးမျိုးချိုးပြခဲ့သူ သနားစရာအမျိုးသမီး

ခေါင်းနှစ်လုံးသမင်လေးဟာ သမင်တစ်ကောင်တည်း တစ်သီးတစ်ခြားမဟုတ်ဘဲ၊ သမင်အမနှစ်ကောင် ပေါင်းစပ်ပြီး ဖြစ်ပေါ်နေတာပါ။ ခေါင်းနှစ်လုံး၊ ခန္ဓာကိုယ်တစ်ခုဆိုပေမယ့် လည်ပင်းနှစ်ဘက်နဲ့ သီးခြားဦးခေါင်းတစ်လုံးစီ ဖြစ်ပါတယ်။ ဒီသမင်လေးကို သိပ္ပံပညာရှင်တွေက CT Scan ရိုက်ခြင်း၊ MRI စစ်ဆေးခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

University of Georgia

စစ်ဆေးမှုအရ ထပ်မံတွေ့ရှိချက်မှာ အစာအိမ်၊ အူမကြီးလည်း သီးခြားတစ်စုံစီ ပါဝင်ပေမယ့်၊ တစ်ခုသော အစုံကသာ မစင်စွန့်တဲ့ စအိုနဲ့ ဆက်စပ်နေတာကို တွေ့ခဲ့ရပါတယ်။ ထိုကဲ့သို့ပင် ကိုယ်လုံးတစ်ခုတည်းမှာ နှလုံးနှစ်ခု၊ သရက်ရွက်အပိုတစ်ခု၊ ပုံမှန်မဟုတ်တဲ့ အသည်းပုံစံတစ်ခုတို့ ပါဝင်နေခြင်းက ထူးခြားပါတယ်။

Minnesota DNR

သို့သော်လည်း အခု ကိုယ်ချင်းဆက်သမင် တွေ့ရှိမှုမှာ တိရစ္ဆာန်လောကမှာတော့ ပထမဆုံးမဟုတ်သေးပါဘူး။ (၁၆၇၁)နဲ့ (၂၀၀၆)အတွင်းမှာ သိပ္ပံပညာရှင်တွေမှတ်တမ်းတင်ထားခဲ့တဲ့ ကိုယ်ချင်းဆက်တိရစ္ဆာန် (၁၉)စုံအထိ ရှိခဲ့ပါတယ်။ ဒီအထဲမှာ သမင်က (၅)စုံပါဝင်ပါတယ်။ သို့သော်လည်း ဦးခေါင်းနှစ်လုံးနဲ့ သမင်ကတော့ အခုတွေ့ရှိမှုက ပထမဆုံးအဖြစ် မှတ်တမ်းတင်နိုင်ဖွယ်ရာ ရှိနေပါတယ်။

READ
သေသူရဲ့ခန္ဓာကိုယ်မှ ၀ိဉာဉ်ထွက်သွားပုံကို ဆေးရုံ CCTV မှ မှတ်တမ်းတင်နိုင်ခဲ့

နတ်စည်တော် (Shwemom)

source : shared.com

SHARE