ဗက်တီးရီးယားတွေကို သတ်ပေးနိုင်တဲ့ ‘digital sanitiser’ ကို ဖန်တီး

Image:IG/UVLEN

သိပ္ပံပညာရှင် တွေ က တော့ ‘digital sanitiser’တစ်ခုကို ဖန်တီး လိုက်ပါတယ်။ကိုရိုနာဗိုင်းရပ်စ် အပါအ၀င် တခြား ဗက်တီးရီးယား တွေကို (၁၀)စက္ကန့် အတွင်း သတ်ပေးနိုင်တဲ့ ‘digital sanitiser’ ဖြစ်ပြီး စမတ်ဖုန်းရဲ့  မီးမှာ  ချိတ် ဆက် အသုံးပြု ရတာပါ။ဒီ အ ကြောင်းကိုတော့ Daily Mail မှာ ဖော်ပြထားပါတယ်။UVLEN device ဖြစ်ပြီး တောင် ကိုရီးယားကုမ္ပဏီ  UVLEN က နေ ဖန်တီးခဲ့တာပါ။ဒီပစ္စည်းကတော့  ultraviolet light ကို သုံးထားပြီး အဲ့ဒါ နဲ့ ပိုး မွှားတွေ ကို သတ် ပေးနိုင်တာပါ။ပေါ့ပါးပြီး သယ်ဆောင်ရ  အရမ်း လွယ်ကူပါတယ်။ ဈေးနှုန်း အ နေနဲ့ က တော့  အ မေရိကန် ဒေါ်လာ (၂၅) ဒေါ်လာ ကျသင့်မှာ ဖြစ်ပြီး ဈေးကွက်ထဲကို တော့ မကြာ ခင်မှာ ရောက်လာတော့မှာပါ။စမတ် ဖုန်းရဲ့ နောက် ကျော ဘက် Flashlight အလင်း ပေါက် မှာ တပ် ပြီး သုံးရမှာပါ။

သူ့မှာတော့ ‘ultraviolet germicidal irradiation’ (UVGI) ကို သုံး ထားပါတယ်။ ultraviolet အလင်း တို လေး တွေ ကို သုံးထား ပြီး သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ အလွန် သေးငယ်တဲ့ သက်ရှိ ဗက်တီးရီးယား နဲ့ ဗိုင်းရပ်စ် ပိုး လေးတွေ ကို သတ်ပေးနိုင် ပါတယ်။သူ့ရဲ့ လုပ် ဆောင်ချက် ပုံစံ ကို နားလည် လွယ် အောင် ပြောရရင် တော့ စမတ်ဖုန်း မီး က ထွက်တဲ့ အလင်း ကို  ultraviolet အဖြစ် ပြောင်းလဲ ပေးတာပါ။ဒါကြောင့်လည်း ဖုန်း နောက်ကျော ဘက်က အလင်း နေရာမှာ ထားဖို့ လိုတာပါ။အဓိက က အဲ့ဒီအလင်းကို မှ ပိုးမွှားသတ်တဲ့ အလင်း အဖြစ်နဲ့  ပြောင်းလဲ အသုံးပြုတာပါ။ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ကတော့ UV radiation တွေ က အရေ ပြားနဲ့ မျက်လုံးကို ထိခိုက် စေတယ်လို့ ပြောထား ပါတယ်။ UVC ရဲ့ အဓိက အရင်း အဖြစ် ကတော့ carcinogenic ကပါ။

carcinogenic က တော့ genome (ဒါမှမဟုတ်) cellular metabolic လုပ် ငန်း တွေ ကို နှောင့်ယှက်တဲ့ ဆိုး ကျိုးတော့ရှိပါတယ်။UVC light wavelength (၂၀၁၇-၂၂၂ nanometers ) အတွင်းဆိုရင်တော့ အ ရေပြားနဲ့ ထိ တွေ့   မိရင် အန္တရာယ်  မဖြစ် စေပါဘူး။’UVLEN has  ကိုတော့ လက်ရှိမှာ စမ်းသပ်မှု တွေ လုပ်ခဲ့ပြီး လူတွေ ကို အန္တရာယ် မဖြစ်စေ ဘူး၊ တစ်နေ့ကို အကြိမ် (၅၀) လောက် သုံးလို့ ရတယ် ဆိုပြီး တရားဝင် ထောက်ခံ မှုကို တော့ ရထားပါတယ်။ ဈေးလဲ သက်သာ၊သယ် ဆောင်ရလဲ လွယ်တဲ့ အပြင် အသုံးပြု တဲ့ အခါမှာလည်း အနံ့ ဆိုး တွေ ထွက် တာ မျိုး မရှိတဲ့ အပြင် လက်၊Face Maks ၊ကွန်ပျူတာ ကီးဘုတ်၊အိမ်မှာရှိတဲ့ တခြား မျက်နှာ ပြင် နေရာတွေ မှာပါ သုံးလို့ရပါတယ်။

#SHWEMOM

SHARE