သက်ရှိတွေ ရှင်သန်နိုင်မယ့် ကမ္ဘာနဲ့သဏ္ဍာန်တူ ဂြိုလ်တစ်လုံးကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့

Youtube/NASA Goddard

သိပ္ပံပညာရှင်တွေဟာ လူတွေနေထိုင်ရာ နေအဖွဲ့အစည်းရဲ့အပြင်ဘက်မှာ ပထမဆုံးအနေနဲ့ ကမ္ဘာအလားတူ ဂြိုလ်တစ်လုံး တွေ့ရှိခဲ့တယ်လို့ dailymail အရ သိရပါတယ်။ ပညာရှင်တွေအတွက်တော့ ဒါဟာ အကြီးမားဆုံး တွေ့ရှိချက်ကြီးတစ်ခုလို့ ဆိုပါတယ်။ Super Earth သို့မဟုတ် Exoplanet K2-18b လို့အမည်ပေးထားတဲ့ ၄င်းဂြိုလ်ကို အလင်းနှစ်(၁၁၀) အကွာမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ၄င်းဟာ ကမ္ဘာရဲ့အရွယ်အစား နှစ်ဆရှိကာ ထုထည်ကတော့ (၈) ဆ ပိုများကြောင်း သိရပါတယ်။

လန်ဒန်ကောလိပ်မှ သိပ္ပံပညာရှင်တွေကတော့ K2-18b ဟာ သက်ရှိတွေရှင်သန်နေထိုင်နိုင်ဖို့ လေထုနဲ့ သမမျှတဲ့ အပူချိန် ရှိတယ်လို့လည်း ဆိုပါတယ်။ လူသားတွေနေထိုင်ရာ ကမ္ဘာကြီးက နေကို (၃၆၅) ရက်ကြာမှ တစ်ပတ်ပြည့်ပေမယ့် K2-18b ကတော့ သူ့ကိုယ်ပိုင်နေကို (၃၃) ရက်နဲ့ တစ်ပတ်ပြည့်မှာ ဖြစ်ပါတယ်။ K2- 18b ဂြိုလ်ကို နာဆာရဲ့ Kepler အာကာသယာဉ်က (၂၀၁၅) ခုနှစ်မှာ ဦးဆုံးရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

READ
(၂၀၂၂) မှာတွေ့ရမယ့် ကုန်းရေနှစ်သွယ် သွားလာနိုင်တဲ့ ကမ္ဘာ့အကြီးဆုံးလေယာဉ်

လက်ရှိ ပစ္စည်းကိရိယာတွေအရတော့ ဂြိုလ်ဟာ ကမ္ဘာနဲ့ ဘယ်လောက်အကွာအဝေးမှာရှိတယ်၊ သူ့ရဲ့ထုထည်နဲ့ မျက်နှာပြင်အပူချိန်တွေ စတာတွေကို တိုင်းထွာနိုင်ပေမယ့် ပိုပြီးအဆင့်မြင့်တဲ့ တိုင်းထွာမှုတွေပြုလုပ်ဖို့  အဆင်မြင့်စက်တွေလိုနေသေးကြောင်းလည်း သိရပါတယ်။ K2- 18b နဲ့ပတ်သက်တဲ့ သုတေသနအတွက် စာရေးသူ ဒေါက်တာ အန်ဂျလိုစ်ရှာရက်စ်ကတော့ “ဒါဟာ ကျွန်တော်တို့ နေအဖွဲ့အစည်းရဲ့အပြင်ဘက်မှာ အပူချိန်လည်းရှိ၊ လေထုလည်းရှိ၊ ရေလည်းရှိတဲ့ တစ်ခုတည်းသော ဂြိုလ်ပါ…” လို့ ဆိုပါတယ်။

ဂြိုလ်ပေါ်မှာတော့ ရေငွေ့တွေရှိကြောင်းပါ စမ်းသပ်သိရှိရတာကြောင့် ဂြိုလ်ဟာ ကျောက်သားထူထပ်စွာရှိနေတဲ့နေရာ ဒါမှမဟုတ် အေးခဲနေတဲ့ရေတွေ အတွင်းမှာရှိနိုင်တဲ့နေရာဆိုပြီး သုံးသပ်ထားပါတယ်။ ဒေါက်တာ အန်ဂျလိုစ်က “K2- 18b က ဒုတိယကမ္ဘာတော့ မဟုတ်ပါဘူး။ အကြောင်းရင်းက ဂြိုလ်ဟာ ပိုကြီးသလို လေထုဖွဲ့စည်းပုံကလည်း ကွဲပြားတယ်။ လူသားတွေနေထိုင်လို့ရတဲ့ ဂြိုလ်တွေကို လိုက်ရှာဖွေရတာ စိတ်ဝင်စားစရာတော့ ကောင်းပါတယ်…” လို့ ဆိုပါသေးတယ်။ K2- 18b ဟာ သူ့နေအဖွဲ့အစည်းထဲမှာ သူလည်ပတ်နေပြီး လူတွေနေထိုင်နိုင်လောက်တဲ့ အရိပ်အယောင်ရှိပေမယ့်လည်း လက်ရှိအထိတော့ K2- 18b ပေါ်မှာ သက်ရှိသတ္တ၀ါတွေ နေထိုင်လျက် ရှိ၊မရှိ အတည်မပြုနိုင်သေးကြောင်း သိရပါတယ်။

READ
မိသားစုထဲမှာအငယ်တွေဟာ ပြဿနာပိုရှာတတ်သူတွေဖြစ်ကြောင်းတွေ့ရှိရ

လင်းလင်း (ShweMom)

SHARE