အာကာသတွင်းနက်ကြီးကို မှတ်တမ်းတင်ခဲ့တဲ့ပညာရှင်တွေ ဆုကြေးဒေါ်လာ(၈၆၀၀)သာရ

townadviser/Twitter

စကြ၀ဠာကြီးရဲ့အဓိကဗဟိုချက်နေရာမှာကြီးမားတဲ့ အာကာသတွင်းနက်ကြီးတွေရှိနေတယ်လို့ သိပ္ပံပညာရှင်တွေကယူဆထားခဲ့ကြပါတယ်။ အဲ့ဒီနေရာဟာ ဆွဲအားဘယ်လောက်ပြင်းလဲဆိုရင် တခြားအရာတွေမပြောနဲ့ အလင်းတောင်ပြန်မထွက်နိုင်အောင်အထိ စုပ်ယူထားနိုင်တဲ့တွင်းနက်ကြီးဖြစ်နေတာကြောင့် အထောက်အထားနဲ့ဖော်ပြဖို့ ခက်ခဲခဲ့ပါတယ်။

ဒါပေမယ့် ဧပြီ(၁၀)ရက်မှာ နိုင်ငံတကာ Event Horizon Telescope Collaboration(EHT)  သိပ္ပံပညာရှင်အဖွဲ့က အင်မတန်ကြီးမားတဲ့ black holeတစ်ခုကိုပထမဆုံးမှတ်တမ်းတင်နိုင်ခဲ့ပြီး အများပြည်သူကိုချပြခဲ့ပါတယ်။ ပုံရိပ်တွေက သိပ်မထင်ရှားပေမယ့် ဒါဟာ အာကာသသုတေသနမှာ ကြီးမားတဲ့သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါတယ်။

skvalval/Shutterstock

 အာကာသတွင်းနက်ဖြစ်ပေါ်လာပုံကိုပြောရရင် အာကာသတွင်း ကြယ်တွေနိဂုံးချုပ်ပြီး ပေါက်ကွဲပျက်သုဉ်းသွားချိန်မှာ အာကာသတွင်းနက်ဆိုတဲ့ black holeကြီးတွေဖြစ်ပေါ်လာတာပါ။ ပျှမ်းမျှအားဖြင့်အဲဒီကြယ်တွေက နေထက် အဆသန်းနဲ့ချီ ထုထည်ကြီးမားတဲ့အခါ အဆမတန်ကြီးမားတဲ့ black holeကြီးတွေအဖြစ် ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေဟာ  black hole ကိုမှတ်တမ်းယူနိုင်ဖို့  နှစ်အတော်ကြာ အင်မတန်မှခက်ခဲခဲ့ပါတယ်။ အလင်းကိုတောင်စုပ်ယူထားတဲ့အတွက် အလင်းမရှိဘဲ သူ့ကိုမြင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ခဲ့ပါဘူး။

skvalval/Shutterstock

ဒါပေမယ့်လည်း သူတို့နှစ်အတော်ကြာ ကြိုးစားခဲ့ရတဲ့ ကိစ္စကြီးအတွက် ရရှိခဲ့တဲ့ ဆုကြေးငွေကတော့ တစ်ဦးကို ဒေါ်လာ (၈၆၀၀) တည်းပါ။

READ
ရရှိခဲ့တဲ့ အမွေဒေါ်လာ (၉) သိန်းကျော်ကို စောင့်ရှောက်ပေးခဲ့သူတွေကိုပြန်ပေးခဲ့တဲ့ အဘွားအို

အခုလို  မှတ်တမ်းတင်နိုင်ခဲ့တဲ့ (EHT)ပညာရှင်အဖွဲ့ကို စက်တင်ဘာ(၅)ရက်နေ့က 2020 Breakthrough Prize ဆိုတဲ့ဆုကိုချီးမြှင့်ခဲ့ပါတယ်။ ဒီဆုကို သိပ္ပံအော်စကာဆုလို့လည်းခေါ်ဝေါ်ကြပါတယ်။ဆုကြေးအားဖြင့် အမေရိကန်ဒေါ်လာ(၃)သန်းချီးမြှင့်ခဲ့ပေမယ့်၊ အဖွဲ့မှာ သိပ္ပံပညာရှင်ပေါင်း (၃၄၇)ဦးပါဝင်တဲ့အတွက် ညီတူညီမျှခွဲယူရမှာဖြစ်လို့ တစ်ဦးကို အမေရိကန်ဒေါ်လာ(၈၆၀၀)ရရှိမယ်လို့ သိရပါတယ်။

Khaing

SHARE