အလွန်အကျွံအစားစားချင်စိတ်ကို ပိတ်ပင်ပေးနိုင်မယ့် ချစ်ပ်တစ်မျိုး ပညာရှင်များတီထွင်

Pexels/NIX PHOTO

အလွန်အကျွံအစားစားချင်စိတ်ကို ပိတ်ပင်တားဆီးနိုင်တဲ့ ချစ်ပ်တစ်မျိုးကို သိပ္ပံပညာရှင်တွေဟာ အ၀လွန်သူ(၆) ဦးထံမှာ စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်တော့မှာဖြစ်ကြောင်း ladbible သတင်းအရ သိရပါတယ်။ ၄င်းချစ်ပ်ကို Responsive Neurostimulation System (RNS) လို့ သိကြပြီး NeuroPace နည်းပညာကုမ္ပဏီက ဖန်တီးပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒီစနစ်ဟာ အတက်ရောဂါကို ခံစားနေရတဲ့ ဝေဒနာသည်တွေကို ကူညီဖို့ ရည်ရွယ်ပါတယ်။ ဒီချစ်ပ်ပြားကို ဦးနှောက်ထဲမှာ ထည့်သွင်းပြီးတာနဲ့တစ်ပြိုင်နက် ၄င်းဟာ ဦးနှောက်ရဲ့ လှုပ်ရှားမှုမှန်သမျှကို မှတ်သားထားမှာဖြစ်ပြီး ပုံမှန်အလုပ်လုပ်နေအောင် ကူညီပေးမှာ ဖြစ်ပါတယ်။ ဦးနှောက်ထဲ တစ်ခုခုမူမမှန်တာ ဖြစ်တာနဲ့ ခပ်ပျော့ပျော့ အီလက်ထရောနစ်ရှော့ခ်တစ်ခုပေးကာ လူနာကို သတိပေးမှာဖြစ်ပါတယ်။ ဒီလိုနည်းအားဖြင့် မကြာခင် တက်တော့မယ့်လူကို မတက်သွားအောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

READ
၂၀၁၈ ခုနှစ်ထဲမှာ ကြွေလွင့်သွားခဲ့ရရှာတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်များ
Pexels/Robin Stickel

ဒီလိုနည်းနဲ့အလားတူပဲ အစားအစာတွေ မတရားစားချင်စိတ်ဖြစ်လာတဲ့အခါ လူကို သတိပေးဖို့အတွက် ဦးနှောက်ချစ်ပ်တစ်မျိုးကို သိပ္ပံပညာရှင်တွေက တီထွင်ဖို့ အကြံရခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အ၀လွန်သူ (၆) ဦးဟာ စမ်းသပ်ချက်ထဲ ပါဝင်မှာ ဖြစ်ပါတယ်။

ဒီစမ်းသပ်ချက်ကို လာမယ့်(၅) နှစ်အတွင်းမှာပဲ အကောင်အထည်ဖော်မှာဖြစ်ပြီး စမ်းသပ်ချက်ထဲ ပါဝင်မယ့်သူ(၆) ဦးရဲ့ ဦးနှောက်ထဲကို (၁၈) လခန့် ချစ်ပ်ပြားထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ချစ်ပ်ပြားထည့်သွင်းပြီး (၆) လခန့်ကြာတဲ့အခါမှာတော့ ၄င်းတို့ ဦးနှောက်တွင်းက တုံ့ပြန်ပုံတွေကို မှတ်သားပြီး အစားစားချင်စိတ်ဖြစ်ပေါ်စေတဲ့ ဦးနှောက်လှိုင်းတွေကိုလည်း မှတ်သားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ သိပ္ပံပညာရှင်တွေဟာ အခုလို ဦးနှောက်တွင်း ချစ်ပ်ပြားထည့်သွင်းတဲ့အပြုအမူဟာ လူတွေအတွက် စိတ်ချရပါ့မလားဆိုတာ ထပ်မံစမ်းသပ်လျက် ရှိနေကြောင်း သိရပါတယ်။

READ
ကျန်းမာရေးပြဿနာများနှင့် ဖုန်းအသုံးပြုမှုအန္တရာယ်
Pexels/Sharon McCutcheon

လင်းလင်း (ShweMom)

SHARE