ထိပ်ပြောင်ခြင်းကို ကုသနိုင်မယ့်နည်းလမ်းကို သိပ္ပံပညာရှင်တွေ မတော်တဆတွေ့ရှိထား

သိပ္ပံပညာရှင်တွေက immunosuppressant(အင်မျူနိုစပရက်ဆင့်) ဆေးဝါးတွေမှာ ပါဝင်နေတဲ့ ဓာတုကွန်ပေါင်းဟာ ဆံပင်မွေးညင်းပေါက်တွေကို လှုံ့ဆော်မှုဖြစ်စေကြောင်း တွေ့ရှိခဲ့ကြပါတယ်။ အဆိုပါဓာတုကွန်ပေါင်းဟာ ဆံပင်မွေးညင်းပေါက်တွေမှာ ကြီးထွားခွင့်အပိတ်ပင်ခံထားရတဲ့ ပရိုတိန်းတွေကို ပြန်လည်ကြီးထွား သန်စွမ်းလာစေဖို့ အထောက်အကူပေးပါတယ်။

ယခုတွေ့ရှိလာတဲ့ တွေ့ရှိချက်အသစ်ဟာ ဆံပင်တွေကွက်ပြီး ထိပ်ပြောင်တာမျိုးတွေကိုလည်း ကုသပေးနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်း Plos Biology ဂျာနယ်တစ်ခုမှာ ရေးသားထားပါတယ်။ မန်ချက်စတာတက္ကသိုလ်မှ ဒေါက်တာနေသန်ဟော့ခ်ရှောက တွေ့ရှိလာတဲ့ဓာတ်ပြုပစ္စည်းအသစ်ဟာ ဆံပင်တွေကျွတ်ပြီး ထိပ်ပြောင်တဲ့သူတွေအတွက် သတင်းကောင်းတစ်ခုဖြစ်ကြောင်းဆိုပါတယ်။

Immunosuppressant ဆေးဝါးတွေက အမှန်တကယ်တော့ ကိုယ်အင်္ဂါအစားထိုးကုသမှု ခံယူထားတဲ့ လူနာတွေအတွက်ထုတ်လုပ်ထားတဲ့ ဆေးဝါးဖြစ်ပါတယ်။ အသစ်အစားထိုးလိုက်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ လက်ရှိခန္ဓာကိုယ်အခြေအနေ အသားကျအောင်၊ ခုခံအားနဲ့ပတ်သက်တဲ့ရောဂါတွေ မ၀င်ရောက်လာနိုင်အောင် တားဆီးပေးတဲ့ဆေးဝါးဖြစ်ပါတယ်။

Cyclosporine A (CsA) လို့လူသိများတဲ့ immunosuppressant ဆေးဝါးတွေကို (၁၉၈၀)ခုနှစ်များဆီကတည်းက ထုတ်လုပ်အသုံးပြုလာခဲ့ကြပေမယ့် ဒီဆေးဝါးမှာ ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ သုတေသနပညာရှင်တွေဟာ ပထမဆုံးအနေနဲ့ ဆေးဝါးရဲ့ မော်လီကျုးဖွဲ့စည်းပုံတွေကို လေ့လာခဲ့ကြပြီးနောက်မှာ CsA ဆေးဝါးကိုမှီဝဲနေတဲ့ လူတွေရဲ့ ဆံပင်မွေးညင်းတွေရဲ့ မျိုးဗီဇတွေကိုပါ စနစ်တကျလေ့လာခဲ့ကြပါတယ်။

READ
ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထူးထူးခြားခြားအသုံးချနိုင်တဲ့ စူပါ ပါဝါ ပိုင်ရှင်တွေ

CsA ဆေးဝါးတွေဟာ ဆံပင်တွေကျွတ်ပြီး ဆံပင်တွေ ပျက်စီးဆုံးရှုံးတဲ့အပေါ်မှာ ဆံပင်တွေပြန်ပေါက်စေနိုင်မယ့် အကျိုးသက်ရောက်မှုရှိပေမယ့် တခြားရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ပညာရှင်တွေအနေနဲ့ CsA ဆေးဝါးတွေကို ထပ်မံစမ်းသပ်ဦးမှာဖြစ်ပြီး ထိပ်ပြောင်ထိပ်ကွက်ဖြစ်နေတဲ့ လူနာတွေကို ဘယ်လိုအကျိုးသက်ရောက်မှုရှိစေသလဲဆိုတာ ဆက်လက်လေ့လာဦးမယ်လို့ သိရပါတယ်။

လင်းလင်း(ShweMom)

Ref: iflscience

SHARE