ဦးနှောက်က အတွေးတွေကို ဘာသာပြန်ပေးမယ့်စက် ပညာရှင်များတီထွင်တော့မည်

ဆေးသိပ္ပံလောကရဲ့ တိုးတက်မှုကတော့ အံ့မခန်းပါပဲ။ အခုဆိုရင်တော့ ရောဂါအခြေအနေအမျိုးမျိုးကြောင့် စကားပြောလို့မရတဲ့ လူနာတွေအနေနဲ့ စကားပြောနိုင်စွမ်းကို တစ်ဖန်ပြန်လည်ရရှိဖို့ ဖြစ်လာရန် နီးစပ်နေပြီဖြစ်ပါတယ်။

ဆေးသိပ္ပံဂျာနယ် Nature က ဖော်ပြတဲ့ စာတမ်းတစ်ခုအရ ဦးနှောက်က ပြောတာတွေကို ပါးစပ်ကနေ ထွက်လာနိုင်အောင် ဘာသာပြန်ပေးတဲ့ နည်းပညာအတွက် အာရုံကြောရောဂါကြောင့် စကားမပြောနိုင်တဲ့ လူနာ ငါးယောက်နဲ့ စမ်းသပ်ခဲ့ကြောင်း သိရပါတယ်။

UCSF

အထက်ပါစာတမ်းကို ရေးသားပြုစုတဲ့ အာရုံကြောဆရာဝန် အက်ဒဝပ်ချန်က အခုလို ရှင်းပြထားပါတယ်။ “ကမ္ဘာ့ပထမဆုံးအနေနဲ့ ဦးနှောက်က အလုပ်လုပ်ခြင်းကို အခြေခံကာ ပြောလိုတဲ့ စကားအကြောင်းလိုက်တွေကို ထုတ်ပေးနိုင်အောင် စမ်းသပ်ခြင်းက အောင်မြင်သွားခဲ့ပါတယ်။ ဒါဟာ ရောဂါအခြေအနေကြောင့် စကားပြောနိုင်ခြင်း မရှိတဲ့ လူနာတွေကို ကူညီပေးနိုင်မယ့်စက် ကျွန်တော်တို့ တီထွင်နိုင်တော့မယ့် ရလဒ်လည်း ဖြစ်ပါတယ်။”

စက်ရဲ့ အလုပ်လုပ်ပုံကတော့ အတွေးတွေကို အလွယ်တကူ ဘာသာပြန်ပေးမယ့် ရိုးရိုးရှင်းရှင်း စက်မျိုး ဖြစ်မှာ မဟုတ်ပါဘူး။ သိပ္ပံပညာရှင် Gopala Anumanchipalli ရဲ့ ရှင်းပြချက်အရ အမျိုးမျိုးသော ရောဂါကုသမှုအခြေအနေကြောင့် ဦးနှောက်ထဲမှာ လျှပ်ခေါင်းတွေကို ထည့်ထားပြီးသား စကားပြောနိုင်ခြင်းမရှိတဲ့ လူနာတွေမှာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

READ
အိပ်စက်ခြင်းကိုနှောင့်ယှက်တဲ့ဆူညံသံမှန်သမျှကိုဖျောက်ပေးမယ့် Bose Sleepbuds
UCSF

သူတို့ကို ကလေးပုံပြင်စာအုပ်အချို့ ဖတ်ကြည့်ခိုင်းကာ ဦးနှောက်က ဖြစ်ပေါ်တဲ့ အတက်အကျဗို့အားတွေကို လျှပ်ခေါင်းတွေက ဖတ်ပေးပါတယ်။ လျှပ်ခေါင်းတွေနဲ့ ချိတ်ဆက်ထားတဲ့ ကွန်ပြူတာဘာသာစကားက ဦးနှောက်က ထွက်နေတဲ့ လှိုင်းတွေနဲ့ ကိုက်ညီတဲ့ စကားတွေကို ဘာသာပြန်ပေးပါတယ်။ ဒီဘာသာပြန်မှုအဆင့်မှာ အသံအိုးနဲ့ပါ ချိတ်ဆက်ထားပြီး ဦးနှောက်ကနေ ဘာသာပြန်လိုက်တဲ့ စကားတွေကို နှုတ်ခမ်း၊ လျှာနဲ့ မေးရိုးတို့ကပါ လှုပ်ရှားပြီး ပြောလာအောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ တကယ်ကို စမ်းသပ်ခဲ့တဲ့ လူနာတွေဟာ စာအုပ်ထဲက စာကြောင်းတွေကို အသံအနည်းငယ် ထွက်ဖတ်နိုင်ခဲ့ပါတယ်။

UCSF

ဒီစမ်းသပ်မှု အောင်မြင်သွားတဲ့အတွက် ဆေးပညာလောကမှာ ဦးနှောက်လှုပ်ရှားမှုကို စကားအဖြစ် ဘာသာပြန်ပေးတဲ့စက် ဖန်တီးဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ amyotrophic lateral sclerosis (ALS) ကဲ့သို့ အာရုံကြောချို့ယွင်းမှုရောဂါ၊ လေဖြတ်ခြင်း စတာတွေကြောင့် စကားမပြောနိုင် ဖြစ်နေတဲ့ လူနာတွေအတွက် အဓိကရည်ရွယ် ထုတ်လုပ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

READ
ကားမောင်းစဉ် မီးပွိုင့်နီနဲ့ မကြုံရအောင် စွမ်းဆောင်ပေးမယ့် Audi ရဲ့ GLOSA နည်းပညာ

Ref: National Geographic

SHARE