မိဘတစ်ဦးချင်းရဲ့ မျိုးဗီဇအလိုက် သားသမီးအပေါ် လက်ဆင့်ကမ်းသက်ရောက်ပုံ အမျိုးမျိုး 

ကိုယ့်ကို “အမေနဲ့ တစ်ရုပ်တည်းပဲနော်…” စသဖြင့် ပြောခံရတာကို ကြုံဖူးမှာပါ။ ဒါပေမယ့် သိပ္ပံနည်းကျ စမ်းသပ်ချက်ထဲ တွေ့ရတာက အထူးသဖြင့် သမီးတွေဟာ မိခင်နဲ့ မတူပဲ ဖခင်နဲ့ ပိုတူပါတယ်တဲ့။ ဒါ့အပြင် ဖခင်ရဲ့ ကလေးမမွေးခင် နေထိုင်နေတဲ့ လူနေမှုဘ၀ပုံစံ၊ စားသောက်တဲ့ အစားအသောက်နဲ့ စိတ်ခံစားမှုအခြေအနေဟာ မွေးလာမယ့်ကလေးရဲ့ အနာဂတ်ကျန်းမာရေးကို အများကြီး ပြောနိုင်ပါတယ်ဆိုပြီးတော့ သီအိုရီလည်း ရှိပါတယ်။ အောက်ဘက်မှာတော့ ကလေးတစ်ဦးဟာ ဖခင်ဆီကတော့ ဘယ်ဗီဇကို ရပြီး မိခင်ဆီကတော့ ဘယ်ဗီဇကို လက်ခံရရှိတယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

လိင်အမျိုးအစား

© Pixabay © Pixabay

ယောက်ျားလေး၊ မိန်းကလေးဆိုတဲ့ လိင်အမျိုးအစားဟာ ဖခင်ပေါ်မှာ မူတည်ပါတယ်။ ကလေးဟာ မိခင်ဆီကနေ X-chromosome ရရှိပြီး ဖခင်ဆီကတော့ X-chromosome သို့မဟုတ် Y-chromosome ရရှိပါတယ်။ တကယ်လို့ ဖခင်ဘက်က မိသားစုမှာ မွေးချင်းညီအစ်ကိုတွေ များတယ်ဆိုရင် သူမွေးလာမယ့် ကလေးဟာ ယောက်ျားလေးဖြစ်နိုင်ခြေများပြီး မွေးချင်းအစ်မ၊ ညီမတွေ များတယ်ဆိုရင်တော့ မိန်းကလေးမွေးနိုင်ခြေများမှာ ဖြစ်ပါတယ်။ ရှားရှားပါးပါးပဲ အချို့သော ယောက်ျားလေးတွေမှာတော့ X-chromosome ရော Y-chromosome ပါ အညီအမျှ ပါလာတတ်ကြပါတယ်။

READ
သင် အရေးမစိုက်ဘဲ မနေသင့်တဲ့ အိပ်မက် (၅) ချက် - အပိုင်း (၁)

သွားကျန်းမာရေး

© Depositphotos © Depositphotos

တကယ်လို့ ဖခင်ဟာ သွားတွေ မကျန်းမာဘူးဆိုရင် မွေးလာတဲ့ကလေးတွေမှာလည်း သွားပြဿနာတွေ ရှိနိုင်ခြေများပါတယ်။ ကလေးဟာ မိခင်ရော ဖခင်ဆီကပါ သွားအရွယ်အစားနဲ့ ပုံသဏ္ဍာန်ကို ဗီဇအားဖြင့် လက်ခံရရှိပေမယ့် ဖခင်ရဲ့ မျိုးဗီဇကသာ သွားမှာ အများဆုံးလွှမ်းမိုးမှုရှိနေတာ ဖြစ်ပါတယ်။

ဥာဏ်ရည်ဥာဏ်သွေး

© Pexels © Depositphotos

ဥာဏ်ရည်ဥာဏ်သွေးကို ဖြစ်ပေါ်စေတာက X-chromosome ပါ။ ဒါကြောင့်လည်း သားသမီးရဲ့ ဥာဏ်ရည်ဥာဏ်သွေးဟာ မိခင်ဆီက ရတာပါလို့ ဆိုကြတာပါ။ သမီးမိန်းကလေးတွေဟာ သူတို့ရဲ့ ဥာဏ်ရည်ကို မိဘနှစ်ပါးစလုံးဆီက ဆက်ခံရရှိပါတယ်။ ဒါပေမယ့် မိခင်ဆီက ဥာဏ်ရည်(၄၀) ရာခိုင်နှုန်းနဲ့ အထက်သာ ပါလာတာဖြစ်ပြီး ကျန်တဲ့အပိုင်းကတော့ ကြိုးစားသလောက် ဥာဏ်ရည်ကွာခြားသွားမှာ ဖြစ်ပါတယ်။ ပျမ်းမျှအနေနဲ့ ယောက်ျားလေးတွေရဲ့ ဥာဏ်ရည်ကတော့ ၄င်းတို့ရဲ့ မိခင်ထက် (၁၅) မှတ်လောက် ကွာမယ်လို့ သိရပါတယ်။

READ
မရိုးနိုင်တဲ့ အသစ်အဆန်းပေါင်းများစွာနဲ့ လူသားတွေကို မိတ်ဆက်ပေးနေတဲ့ ကမ္ဘာကြီး

စိတ်ကျန်းမာရေး

© Depositphotos

အမျိုးသားတွေဟာ အသက်ရလာလေ ၄င်းတို့ရဲ့ သုတ်ပိုးအရည်အသွေးက လျော့နည်းလေပါ။ ဒါကြောင့် အသက်(၄၅) နှစ်နဲ့အထက်မှ ကလေးယူကြတဲ့ အမျိုးသားတွေရဲ့ သားသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာဝေဒနာကို ပိုမိုခံစားရနိုင်ခြေများပြီး သင်ကြားရေးအပိုင်းမှာ အခက်အခဲအဖြစ်များတယ်လို့ ဆိုပါတယ်။ တကယ်လို့ ဖခင်ဖြစ်သူဟာ နှလုံးရောဂါရှိရင် သားဖြစ်သူမှာလည်း နှလုံးရောဂါဖြစ်ပွားနိုင်ပါတယ်။ ဖခင်ဖြစ်သူဟာ မျိုးမပွားနိုင်ပဲ မြုံနေတယ် ဆိုရင်လည်း တခြားနည်းလမ်းတွေနဲ့ ကလေးရခဲ့ရင်တောင် ရလာတဲ့သားဟာ ဖခင်လိုမျိုး မြုံနေနိုင်ကြောင်း သိရှိရပါတယ်။

အ၀လွန်နိုင်ခြေ

© Depositphotos

ခန္ဓာကိုယ်အချိုးအစားပြေပြစ်မှုရှိတာ၊ အ၀လွန်တာတွေဟာ မိဘနှစ်ပါးလုံးဆီက လက်ခံရရှိနိုင်ပါတယ်။ ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အလေးချိန်ကတော့ မိခင်တစ်ဦးတည်းအပေါ်မှာသာ မူတည်ပါတယ်။ အဖေရဲ့ ကိုယ်အလေးချိန်နဲ့ လုံးလုံးမဆိုင်ပါဘူး။ ဒါကြောင့် မိခင် ပိန်ရင် ကလေးကလည်း ပိန်ပါလိမ့်မယ်။ တကယ်လို့ မိခင်ဟာ အ၀လွန်နေရင် သူမမွေးလာတဲ့ကလေးဟာလည်း အ၀လွန်နိုင်ခြေများပါလိမ့်မယ်။

လင်းလင်း (ShweMom)

Ref: Brightside

SHARE