ယနေ့တိုင် ပညာရှင်တွေအဖြေရှာမရသေးတဲ့ စကော့တလန်နိုင်ငံက သတ္တ၀ါကြီး

twitter/@RealNessie & youtube

စကော့တလန်နိုင်ငံ၊ Loch Ness ရေကန်မှာ ရေအောက်သတ္တ၀ါကြီးတစ်ကောင် ရှိတယ်ဆိုပြီး ကာလာရှည်ကြာ ပဟေဋိဆန်တဲ့ ပုစ္ဆာတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမယ့် အဲဒီပဟေဋိကို သိပ္ပံပညာရှင်တွေကဖြေရှင်းချက်သစ်တစ်ခုထုတ်ဖော်ခဲ့ပါတယ်။

ဒါကတော့ monster လို့ထင်မှတ်နေကြတဲ့အကောင်ကြီးဟာ တွားသွားရေနေသတ္တ၀ါ ငါးရှဥ့်အမျိုးအစားထဲမှာပါဝင်နိုင်တဲ့အလားအလာအများဆုံးရှိတယ်လို့ဆိုလိုက်တာပါ။

Loch Ness ရေကန်မှရရှိတဲ့ DNAနမူနာတွေကို သုတေသနအဖွဲ့မှ စမ်းသပ်ရာ ငါးရှဉ့်နဲ့ဆိုင်တဲ့ DNAတွေများစွာတွေ့ရှိခဲ့တယ်လို့ နယူးဇီလန် Otagoတက္ကသိုလ်မှ DNA ပညာရှင် Neil Gemmellကပြောပါတယ်။

သိပ္ပံပညာရှင်တွေဟာ (၂၀၁၈)ခုနှစ်ဇွန်လကတည်းက အဲ့ဒီရေကန်မှာ လေ့လာမှုတွေစတင်လုပ်ဆောင်ခဲ့တာပါ။ သူသွားလာနို်င်တဲ့ နေရာအမျိုးမျိုးကနေ ရေနမူနာ(၂၅၀)ကျော်ကိုယူပြီး စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

https://youtu.be/iuKk6C9KIBg

READ
ညဘက် အိပ်ရာမ၀င်ခင် မပြုလုပ်သင့်တဲ့ အပြုအမှုများ

၁၉၃၄ခုနှစ်က ဗြိတိန်ဆာဂျင် Colonel Robert Wilsonက Loch Ness ရဲ့မြောက်ဘက်ကမ်းရိုးတန်းဘက်ကို သွားစဉ် Monster လို့ထင်ရတဲ့သတ္တ၀ါတစ်ကောင်ပုံကို ဓာတ်ပုံရိုက်မိခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံအရ ခေါင်းနဲ့လည်ပင်းကိုကြည့်ပြီး နဂါး၊ ဒါမှမဟုတ်ရေနေဒိုင်နိုဆောဖြစ်မယ်လို့အမျိုးမျိုးခန့်မှန်းထားကြပြီး၊ လိုက်လံရှာဖွေပေမယ့် အခုချိန်ထိ ဘယ်သူ့မှမတွေ့ရှိခဲ့ကြပါဘူး။

အခုအခါ DNA လက္ခဏာတွေအရ ငါးရှဉ့်မျိုးနွယ်ဝင်အကောင်ကြီးလို့ ဖော်ပြနေပေမယ့် အတိအကျတော့ပြောလို့မရသေးဘူးလို့ သိရပါတယ်။

https://youtu.be/0kVSuIOXtYk

Khaing

Source : CNN , BBC

SHARE