Scooby-Doo,Where Are You! ကိုပူးတွဲဖန်တီးသူ (၈၂) နှစ်မှာကွယ်လွန်

Courtesy Spears Family instagram/scoobydoo

Scooby-Doo, Where Are You! ကာတွန်းတွေကို ပူးတွဲဖန်တီးသူ Ken Spears ဟာ အသက်၈၂နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ ပရိုဂျူဆာလည်းဖြစ် တီဗီစာရေးသူလည်းဖြစ်တဲ့ Ken ဟာ Lewy body dementia (LBD) ကြောင့် ဆုံးသွားတာပါ။ LBD ဆိုတာကတော့ အသက်အရွယ်ကြီးရင့်လို့ မှတ်ဥာဏ်လျော့ကျတဲ့ သူငယ်ပြန်ရောဂါဖြစ်ပါတယ်။

“အဖေ့ရဲ့ဉာဏ်ရည်ဉာဏ်စွမ်း၊ ပုံပြောနိုင်တဲ့စွမ်းရည်၊ မိသားစုအပေါ်သစ္စာရှိမှုတွေနဲ့ သူ့ရဲ့အလုပ်အပေါ်ထားတဲ့ ကျင့်ဝတ်သိက္ခာကြောင့် အမြဲတမ်းအမှတ်ရနေမှာပါ။ သူဟာ မိသားစုရဲ့ကြည်ညိုလေးစားခြင်းခံရတဲ့အပြင် Scooby-Doo ကိုပူးတွဲဖန်တီးသူတွေရဲ့ ဘဝတွေကိုလည်း ထိတွေ့ခဲ့ပါတယ်။ ကျွန်တော်တို့အတွက်တော့ စံပြဖေဖေပါပဲ။” လို့ Ken ရဲ့သားဖြစ်သူက ဆိုပါတယ်။

Ken ကို မတ်လ ၁၂ရက် ၁၉၃၈ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ သူဟာ လော့စ်အင်ဂျလိစ်နားတစ်ဝိုက်မှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်။ Animation ပရိုဂျူဆာတစ်ဦးဖြစ်တဲ့ William Hanna ရဲ့သားဖြစ်သူနဲ့ ကလေးဘဝကတည်းက ရင်းနှီးခဲ့ပါတယ်။ ဒီခင်မင်မှုကနေ Ken ဟာ ၁၉၅၉ ခုနှစ်မှာ animation လောကထဲဝင်ဖို့ဖြစ်လာပါတယ်။ သူဟာ အသံအယ်ဒီတာအဖြစ် Hanna-Barbera Productions မှာအလုပ်စဝင်လုပ်ပါတယ်။ အဲ့ဒီမှာတော့ သူနဲ့ ကာလကြာရှည်လက်တွဲမယ့်သူဖြစ်လာတဲ့ Joe Ruby နဲ့ တွေ့ဆုံခဲ့ပါတယ်။ Joe ကတော့ ပြီးခဲ့တဲ့သြဂုတ်လတုန်းကပဲ လူကြီးရောဂါနဲ့ သေဆုံးခဲ့ပါပြီ။

READ
Avengers: Endgame ထဲက နာမည်ကြီးသွားတဲ့စကားလေးရဲ့သမိုင်းကြောင်း

Ken ဟာ Joe  နဲ့အတူတူ Scooby-Doo, Where Are You! ကိုပူးတွဲဖန်တီးခဲ့ပါတယ်။ Scooby-Doo, Where Are You ကတော့ animation စီးရီးဖြစ်ပြီး ဆယ်ကျော်သက်သူငယ်ချင်းတွေဖြစ်တဲ့ brainiac Velma, jock Fred, fashionista Daphne, hippie Shaggy နဲ့သူ့ရဲ့စကားပြောတဲ့ Great Dane ခွေးအမျိုးအစား Scooby-Doo တို့ပါဝင်ပြီး ထူးဆန်းတဲ့လျှို့ဝှက်ချက်တွေကိုဖြေရှင်းတာဖြစ်ပါတယ်။

 

View this post on Instagram

 

Thank you, Ken Spears, for co-creating a classic animated series that continues to impact generations.

A post shared by Scooby-Doo (@scoobydoo) on

Scooby-Doo, Where Are You! ကိုတော့ ၁၉၇၆ ခုနှစ်မှာထုတ်လွှင့်ပြသခဲ့ပါတယ်။ Hanna-Barbera မှာအလုပ်လုပ်နေရင်း Ken နဲ့ Joe ဟာ Jabberjaw, Dynomutt နဲ့ Dog Wonder စတဲ့ကာတွန်းတွေကိုလည်း ဖန်တီးခဲ့ပါတယ်။ ၁၉၇၇ခုနှစ်မှာတော့ သူတို့နှစ်ဦးပူးပေါင်းပြီး Ruby-Spears Production ကိုတည်ထောင်ခဲ့ပါတယ်။ ထို့နောက် Alvin and the Chipmunks, Mister T, Superman, Fangface နဲ့ Thundarr the Barbarian စတဲ့ animation စီးရီးတွေကိုထုတ်လုပ်ခဲ့ပါတယ်။

READ
အချိန်တိုအတွင်းတင်ပါးလှလာစေမယ့် သဘာဝနည်းလမ်းများ

၁၉၈၁ ခုနှစ်မှာတော့ Ruby-Spears ကို Hanna-Barbera ရဲ့ပင်မကုမ္ပဏီဖြစ်တဲ့ Taft Entertainment ကနေ ပြန်ဝယ်ခဲ့ပါတယ်။ မကြာသေးခင်ကပဲ Ken ဟာ ၂၀၂၀ခုနှစ်ရဲ့ Scoob! အတွက် အထူးကျေးဇူးတင်လွှာကိုရရှိခဲ့ပါသေးတယ်။ Ken ဟာ Joe မသေခင် အချိန်အထိ သူတို့နှစ်ဦးပူးပေါင်းပြီး animation စီးရီးတွေဆက်လက်ဖန်တီးဖို့ အလုပ်တွေလုပ်ကိုင်နေခဲ့ကြောင်းလည်း people သတင်းအရ သိရပါတယ်။

ShweMom

SHARE