၂၀၁၉ ခုနှစ်အတွက် ဗြိစ္ဆာရာသီဖွားတို့ရဲ့ အချစ်ရေး……

ဗြိစ္ဆာရာသီဖွားတွေဟာ အချစ်နဲ့ ပတ်သက်လာရင် သိပ်ကို ဆန္ဒပြင်းပြတယ်၊ နောက်ပြီး အဲ့ဒီ့အတွက် အာရုံခံစားမှုကလည်း သိပ်ကောင်းတယ်။   ဗြိစ္ဆာရာသီဖွားတွေရဲ့ လက်ရှိ အချစ်ရေးဟာ အခု ၂၀၁၉ ခုနှစ်မှာ အစစ အရာရာ ပြောင်းလဲသွားပါမယ်…

ဒီနှစ်ထဲမှာ ဗြိစ္ဆာရာသီဖွားတွေ အနေနဲ့ relationship ကို ဆုပ်ကိုင်ထားနိုင်ဖို့ အခွင့်ရေး အနည်းငယ်ရှိနေသေးတယ်။ တစ်ခါမှ မလုပ်ခဲ့ဘူးတာ၊ အသားမကျတာတွေနဲ့ ရင်ဆိုင်ရဖို့ရှိတယ်။

pixabay

အခု မတိုင်ခင်တုန်းက သင်အနေနဲ့ စိတ်ဓာတ်ကျစရာအကြောင်းတွေနဲ့ ပရမ်းပတာအခြေအနေတွေနဲ့ တွေ့ကြုံခဲ့ရပေမယ့် အခုလက်ရှိ ပါတနာရှစ်က အပြီးတိုင်အဆုံးသတ်ဖို့ မရှိသေးဘူးဆိုတာ သဘောပေါက်ထားရမယ်။ သင်နဲ့ သင့် လက်တွဲဖော်က တကယ်မချစ်ဘူး၊ နှစ်ယောက်တူတူ နေထိုင်လုပ်ကိုင်လိုစိတ်မရှိဘူးဆိုရင်တော့ တစ်မျိုးပေါ့…။ ဒါက အောင်မြင်တဲ့ relationship တစ်ခုဖြစ်ဖို့ အတွက် အဓိကသော့ချက်လိုပါပဲ။ နှစ်ယောက်စလုံးက အချစ်တွေထဲမှာ မွေ့လျော်ခြင်းရှိရမယ်၊ အလုပ်လုပ်ဖို့အတွက် ဆန္ဒပြင်းပြခြင်းရှိရမယ်။

၂၀၁၉ ခုနှစ်ထဲမှာ သင်ဟာ ထူးခြားတဲ့ အခြေအနေ၊ ကိစ္စတွေကို စတင် သတိမူမိလာပြီး အဲ့ဒီ့အရာတွေကပဲ သင့်ရဲ့ အချစ်ရေးအတက်အကျတွေကို ပြောင်းလဲပေးပါလိမ့်မယ်။ သင့် အနေနဲ့ အလုပ်ကို ပျော်ရွှင်စွာနဲ့ လုပ်ကိုင်နေရင် တစ်ခါမှ မစဉ်းစားမိခဲ့တဲ့ တတ်နိုင်စွမ်းတွေနဲ့ တစ်ဖန်ပြန်လည် အသက်ဝင် လှုပ်ရှားလာမယ်။ ရှင်သန်ခြင်းနဲအတူ စိတ်ဝင်စားလှုပ်ရှာမှုတွေ တစ်ဟုန်းဟုန်းထနေတာကိုပါ ခံစား မိလာမယ်။

READ
အိမ်သန့်ရှင်းရေးပြုလုပ်ခြင်းဟာ စိတ်ဖိအားကို လျော့ကျစေနိုင်ကြောင်း တွေ့ရှိ
pixabay

အချစ်ရေးမှာလည်း ဘ၀ထဲက တစ်စုံတစ်ယောက်သောသူရဲ့ အလင်းပြမှုတွေနဲ့အတူ သင့်မှာလည်း ရူးရူးသွပ်သွပ် ဖြစ်ရလောက်အောင် ခံစားရမယ့် အချိန်တွေရှိလာမယ်။ စစ်မှန်တဲ့ အချစ်ရဲ့ လှုပ်ရှားလှိုက်မောဖွယ် အလားအလာတွေကို သင့်ရဲ့ အချစ်ရေး ကဏ္ဍထဲ ယူရေးနပ်စ်ဂြိုဟ် ၀င်ရောက်လာတဲ့ မတ်လ ၆ ရက်နေ့ ကတည်းက နောက်ပိုင်ကစလို့ တွေ့ကြုံခံစားရမှာဖြစ်တယ်။ ပြီးတော့ ယူရေးနပ်စ်ဂြိုဟ်က အချစ်ရေးကဏ္ဍထဲမှာ ၂၀၂၆ ခုနှစ် ဧပြီလအထိရှိနေဦးမှာပါ။ ဒါကြောင့်မို့ အခွင့်အရေးရှိတုန်းမှာ ကြိုးစားပါ….။

ဒီလို ကောင်းမွန်တဲ့ ကိစ္စတွေ၊ အခြေအနေတွေအပြင် ဆိုးဆိုးရွားရွားတွေဖြစ်နိုင်တဲ့ အလားအလာတွေလည်းရှိနေတယ်။ သင့်နဲ့ သင့် ပါတနာကြားမှာ အလွန်အမင်း ငြီးငွေ့စရာကောင်းလာပြီး ပျင်းစရာကောင်းနေတဲ့ လက်ရှိ သမီးရည်စား ကိစ္စတွေကြောင့် တစ်ဖက်မှာ ဂနာမငြိမ်ဖြစ်တာတွေရှိလာနိုင်တယ်။ အဲ့ဒီ့နောက် သင်က မပျော်တော့ဘူးဆိုပြီး အကန့်တွေ ပို ပိုလိုချင်လာမယ်။ တစ်ချို့သော အကန်တွေက ရှိသင့်ပေမယ့် များသွားရင်တော့ ဒုက္ခရောက်နိုင်တယ်၊ အထူးသဖြင့် ဘ၀ထဲကို နောက်ထပ်ဝင်လာတဲ့ တစ်စုံတစ်ယောက်သော အသစ်လူကို ဖွင့်ဟ နေရာပေးမယ်၊ အဲ့ဒီလူကြောင့်ပဲ အာရုံနောက်မယ့် စိတ်လှုပ်ရှားမှုတွေ ပေါက်ဖွားလာမယ်…။ ဒီလိုနဲ့ မဖြစ်သင့်တာ မဖြစ်ရအောင် ထိန်းဖို့လိုနေတာကလည်း ဗြိစ္ဆာရာသီဖွားတွေဖြစ်တယ်။

READ
ကလေးတွေကိုကိုယ့်အိပ်ခန်းဒီဇိုင်းကိုယ်ဆွဲခိုင်းကာ ဖန်တီးထားတဲ့ချစ်စဖွယ်အခန်လေးများ
shutterstock/sm

၂၀၁၉ ခုနှစ်မှာ ချစ်သူရှိသူတွေက ကိုယ်နဲ့ လက်တွဲဖော်တို့ နှစ်ဦးကြား ရင်ခုန်မှုတွေ တလက်လက်ဖြစ်နေစေဖို့အတွက် စိန်ခေါ်မှုတစ်ချို့နဲ့ ရင်ဆိုင်ရဖို့ရှိတယ်။ ဒီလိုမှ မဟုတ်ရင် သင် (သို့) သင့်ရဲ့ ပါတနာက သက်ဆိုင်ရာရဲ့ တခြားအရပ်မှာ အလင်းပေးနေတဲ့ ကိစ္စတွေ ရှိလာမယ်။ စင်ဂယ်တွေကတော့ အေးချမ်းတဲ့၊ ပေါ့ပေါ့ပါးပါးပဲ၊ ကိုယ့်စိတ်နဲ့ ကိုယ်အလိုမကျတာကလွဲရင် ကျန်တာ အဆင်ပြေတယ်။ အိမ်ထောင်ပြုချင်ရင်တောင် ပြုလို့ရတဲ့ အနေအထားမှာရှိနေပါတယ်။

Ref: Tarot

Matthew (ShweMOM)
SHARE