Scorpio (ဗြိစ္ဆာရာသီဖွား)တွေရဲ့ မေလကံကြမ္မာဟောစတမ်း

အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသူတွေကိုတော့ ဗြိစ္ဆာရာ သီဖွားလို့သတ်မှတ်ကြပါတယ်။ဒီရာသီဖွားတွေရဲ့ မေလကံကြမ္မာဟောစတမ်း ကတော့ စိတ်ခံစားချက်တွေကနေ အလုပ်အကိုင်နဲ့သင့်ဘ၀ရဲ့ တိုးတက် ရာတိုးတတ်ကြောင်းဆီသို့ ပြန်လှည့်လာနိုင်ပါလိမ့်မယ်။မိသားစုကို မေ့မထား ပါနဲ့။သင့်ရဲ့ အလုပ်အကိုင်ကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ဆီကနေ တစ်ဖက်တစ် လမ်းကနေ အကူအညီရပါလိမ့်မယ်။team Work ကိုမမေ့ပါနဲ့။တခြားသူတွေ ဆီကနေ အကူအညီ၊အကြံဥာဏ်တောင်းခံပြီးမှ ကိစ္စရပ်တွေကို ဆောင်ရွက်ပါ။ လိုက်လျောညီထွေ နေတတ်ဖို့ဆိုတဲ့အချက်ကို ဒီလမှာ သတိထားပါ။

အလုပ်အကိုင် – အလုပ်အကိုင်အတွက် အခွင့်အရေးတွေများနေမယ့်လပါ။ အလုပ်မရှိသေးသူတွေအတွက် အလုပ်ရပါလိမ့်မယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ စီစဉ်နေသူတွေအတွက် ဒီလဟာ စတင်အကောင်အ ထည်ဖော်ဆောင်ရွက် သင့်တဲ့ အချိန်ကောင်းပါ။

ငွေရေးကြေးရေး– ဒီလမှာတော့ ငွေရေးကြေးရေး ကံညံ့နေပါတယ်။ငွေသုံးစွဲ တာတွေကို ပြန်ပြီး သုံးသပ်ဆင်ခြင်ရမယ့် လပါ။တခြားသူတစ်ယောက်ေ ယာ က်ဆီမှာ ကိုယ့်ရဲ့ ပိုက်ဆံကို ချေးမယ်၊ ရင်းနှီးမြှုပ်နှံတာတွေ ကြီးကြီးမားမားလုပ် မယ်ဆိုရင် သေချာ စဉ်းစားသုံးသပ်မှ တော်ရာကျ ပါလိမ့်မယ်။(၂၀)နောက် ပိုင်းမှာတော့ချစ်သူ၊ဇနီး(သို့)ခင်ပွန်းနဲ့ ငွေကိစ္စစကားများတာမျိုးနဲ့ ကြုံရပါ လိမ့်မယ်။တခြားသူတွေနဲ့ ပိုက်ဆံကိစ္စတွေ ပေါင်းလုပ်မယ်ဆိုရင် သတိထားပါ။

READ
Ex က သင့်ရဲ့ ဘယ်လို အရာတွေကို လွမ်းနေလဲ(ရာသီခွင်အလိုက်)

မေတ္တာရေး – Single သမားတွေအဖို့ မေလမှာ အချစ်ရေးကိစ္စတွေ ပေါ်ပေါက် လာနိုင်ပါတယ်။သင့်ရဲ့ အချစ်မှာ ငွေကြေး ဂုဏ်ဒြပ်တွေက လွှမ်းမိုးနေပါလိမ့် မယ်။အိမ်ထောင်သည်နဲ့ ချစ်သူတွေကြားမှာတော့ရိုမန်တစ်ဆန်တဲ့ အချစ်မျိုး ပေါက်ပွားပါလိမ့်မယ်။မိသားစုနဲ့ သင့်ရဲ့ အချစ်ရေးကြားမှာ ဗျာများစရာတွေနဲ့ ကြုံရနိုင်ပါတယ်။နှစ်ခုလုံးကို သာတူညီမျှဂရုစိုက်ပါ။

ကျန်းမာရေး – ကျန်းမာရေးကတော့ ကောင်းပါတယ်။ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုဂရုစိုက်ပေးပါ။ခြုံပြောရရင်တော့ ဒီလမှာ အလုပ်အကိုင် ကံကောင်းပေမယ့် ငွေရေးကြေးရေးကတော့ နည်းနည်း အကြပ်အတည်းနဲ့ ကြုံရနိုင်ပါတယ်။

Nilar(Shwemom)

SHARE