Scorpio အမျိုးသမီးတွေရဲ့ အချစ်နဲ့ပတ်သက်တဲ့ စရိုက်လက္ခဏာ..

အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသူတွေကိုတော့ ဗြိစ္ဆာရာ သီဖွားလို့သတ်မှတ်ကြပါတယ်။ဒီတစ်မှာဖော်ပြပေးချင်တာက ဒီရာသီဖွား မိန်း ကလေး တွေရဲ့ အချစ်နဲ့ပတ်သက်တဲ့ အကြောင်းလေးတွေပါ။Scorpio အမျိုး သမီးတွေဟာ တခြားရာသီဖွား အမျိုးသမီးတွေနဲ့ ယှဉ်ရင် အလျှို့ဝှက် တတ်ဆုံး၊ Sexy အကျဆုံးအမျိုးသမီးတွေပါ။သူတို့ရဲ့ ပင်ကိုယ်ဗီဇစရိုက်လက္ခဏာကိုက စိတ်ခံစားလွယ်၊စိတ်လှုပ်ရှားလွယ်တဲ့ ရူးရူးမူးမူး စရိုက်ပါ။လျှို့ဝှက်တတ်တဲ့ သဘာဝရှိပြီး သူတို့ရဲ့ အတွင်းစိတ်ခံစားချက်တွေကို ဖုံးကွယ်ထားတတ်သူေ တွပါ။

ဘယ်လိုပဲဖြစ်ဖြစ်ပါ သူမရဲ့ အနာဂါတ်future partner ကို တွေ့ပြီ၊သူမ ချစ်ရမယ့်သူနဲ့ ဆုံပြီဆိုရင်တော့ ဒီလူ့အပေါ်မှာ ရူးရူးမူးမူးနဲ့ အစွမ်းကုန် ချစ် တတ်ကြပြီး သစ္စာရှိတတ်သူတွေပါ။ချစ်သူကို အမြဲ တမ်း ကူညီဖေးမပေးနေ တတ်ပြီး ချစ်သူကို စောင့်ရှောက်ကာကွယ်ပေးတတ်ကြသူတွေပါ။ပင်ကိုယ် သဘာဝကိုက ဆွဲဆောင်မှုရှိသူတွေမို့ လိုချင်သူ အမျိုးသားတွေက အချိန် ပြည့်ဝိုင်းဝိုင်းလည်နေသူတွေပါ။ဒါပေမယ့် အချစ်ကိုကစားတာ၊စိတ်ကစားတာမျိုး တော့ မလုပ်တတ်ပဲ သူမချစ်တဲ့သူအပေါ် သစ္စာစောင့်သိတတ်သူတွေပါ။

READ
လာမယ့်လပြည့်ညနဲ့ပတ်သက်ပြီး တစ်ပတ်တာ(၁၂)ရာသီခွင်အဟော

Scorpio အမျိုးသမီးတွေရဲ့ relationship

သူတို့ဟာ Relationship တစ်ခုမှာ ဦးဆောင်လိုတဲ့ စိတ်ရှိကြပါတယ်။ဒါပေမ ယ့် တစ်ဖက်မှာလည်း သူမကို ကာကွယ်ပေးမယ့်သူ လိုအပ်ချိန်တိုင်း အနားမှာ အသင့်ရှိမယ့် သူမျိုးကို မျှော်လင့်တတ်သူတွေပါ။ချစ်သူရဲ့ ဘ၀ကို ရှုပ်ထွေးေ အာင် လုပ်တတ်တဲ့ မိန်းကလေး မျိုးမဟုတ်ပဲ ချစ်မေတ္တာနဲ့ဂရုစိုက် မှုတွေ ကိုသာ ပေးတတ်ကြသူတွေပါ။ဒါပေမယ့် မဟုတ်မခံ စိတ် အပြည့်ရှိသူတွေမို့ သူတို့ကို နာကျင်အောင် လုပ်မိရင်တော့ သင့်ကိုလည်း ပြန်ပြီး တုံ့ပြန်လက်စားချေပြီး နာကျင်မှုတွေကို ပေးမယ့်သူမျိုးပါ။

Scorpio Woman တွေရဲ့ Sex Life

သူတို့ကိုတော့ sex goddess လို့တောင် တင်စားခံထားရသူတွေပါ။ ကမ္ဘာေ ကျာ် Scorpio Woman အမျိုးသမီးတွေ ဆယ်လီအများကြီးထဲက တစ်ချို့ကို ဖော်ပြပေး ချင်ပါတယ်။Emma Stone (born November 6)၊ Kendall Jenner (November 3)၊Katy Perry (born October 25)၊နိုင်ငံရေး နယ်ပယ်မှာဆိုရင် hillary clinton (October 26)..

Ref;Sunssigns

READ
Sagittarius (ဓနုရာသီဖွား)တွေရဲ့ မေလကံကြမ္မာဟောစတမ်း

Nilar(Shwemom)

SHARE