အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေကို အခမဲ့ သုံးစွဲ ခွင့်ပြုလိုက်တဲ့ စကော့တလန်

Image:freepik.com/atlascompany

စကော့တလန်နိုင်ငံက တော့ Pad၊tampon အပါအ၀င် တခြား အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေကို အခမဲ့ ပေး တဲ့ ကမ္ဘာ့ ပထမဆုံး နိုင်ငံ ဖြစ်လာခဲ့ပါတယ်။လစဉ်သုံး ပစ္စည်းတွေကို တော့ အများပြည်သူ သွားလာတဲ့ေ န ရာ တွေမှာ အခမဲ့ ရယူနိုင်အောင် စီစဉ်ပေး ထားပါတယ်။ Period Poverty  ဆိုတဲ့ လစဉ်သုံး ပစ္စည်းဖိုး မတက်နိုင်လို့ ဒုက္ခရောက် ကြရတဲ့အဖြစ် တွေ ကို ဆန့်ကျင်တိုက်ဖျက်တဲ့ စကော့တလန် အစိုးရ ရဲ့ အောင်ပွဲ တစ်ခုပါ။ စကော့တစ် ပါလီမန် က တော့ မဲပေးဆုံးဖြတ်မှု အပြီးမှာ လစဉ်သုံး ပစ္စည်းနဲ့ ပတ်သက်တဲ့ ဥပေဒေ မူကြမ်းကို နိုဝင်ဘာ ၂၄ ရက်နေ့က အတည်ပြု ပေးလိုက်ပါတယ်။အရင်တည်းက ဥပေဒေပြု အမတ်တွေက ဒါကို ထောက်ခံ အားပေးခဲ့ ကြတာပါ။ဒီအကြောင်းကိုတော့ CNN မှာ ဖော်ပြထားတာပါ။

Image:freepik.com/atlascompany

စကော့တလန် နိုင်ငံတစ်ဝန်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေ၊တက္ကသိုလ် တွေ အပါအ၀င် အများပြည်သူ ပိုင်နေရာ တွေ မှာ အမျိုးသမီး လစဉ် သုံး ပစ္စည်းတွေကို အခမဲ့ ရရှိနိုင်တော့မှာပါ။ဥပဒေသစ် အရ ဒေ သခံအားဏာ ပိုင်တွေနဲ့ ပညာရေးဘက်ကလူတွေ ပူး ပေါင်း ပြီး အခမဲ့ ရရှိနိုင် ရေး အတွက် စီစဉ် ဆောင်ရွက် ကြမှာပါ။စကော့တလန် ၀န်ကြီးချုပ် Nicola Sturgeon က တော့ ဒီအောင်မြင်မှု အတွက် သူ့ရဲ့ တွစ်တာ မှာ နိုဝင်ဘာ ၂၄ ရက်နေ့က Post တစ်ခု တင်ထားပါတယ်။”ဒီဥပဒေမူကြမ်းမှာ မဲ ပေးခွင့်ရလို့ ဂုဏ်ယူတယ်၊ဒါက အမျိုးသမီးတွေ နဲ့ မိန်းကလေး ငယ် တွေ အတွက် အရေးကြီး တဲ့ မူဝါဒ တစ်ခုပဲ..:” လို့ ပြောခဲ့ပါတယ်။

ဒီဥပဒေမူကြမ်းကိုတော့ Monica Lennon ဆိုတဲ့ အမျိုးသမီး ဥပဒေပြု အမတ် က မနှစ်တုန်းက စတင် မိတ်ဆက်ပေးခဲ့တာပါ။မဲပေးမှု မတိုင်ခင်တည်းက “စကော့တလန်က Period Poverty သမိုင်းမှတ်တိုင်စိုက်ထူမယ့် နောက်ဆုံးနိုင် ငံ ဖြစ်လာမှာ မဟုတ်ဘူး.” လို့ ပြောခဲ့ပါတယ်။အမျိုးသမီးတွေ လစဉ်သုံး ပစ္စည်းတွေ အခမဲ့ ရရှိနိုင်ရေး Campaign ကိုတော့ ကုန်သွယ်မှု အဖွဲ့၊အမျိုးသမီးရေးရာဆိုင်ရာ အဖွဲ့ အစည်းတွေနဲ့ လူမှုရေး အဖွဲ့ အစည်းတွေက နေ ပံ့ပိုး ပေးတာပါ။မဲပေးမှု အပြီးမှာတော့ Lennon က ဒါဟာ လစဉ်သုံး ပစ္စည်းတွေကို ကမ္ဘာတစ်ဝန်းမှာ အခမဲ့ရရှိနိုင်ဖို့ အတွက် အချက်ပေးလိုက်တာပဲ လို့ ပြောခဲ့ပါတယ်။

လစဉ်သုံးပစ္စည်းအခမဲ့ရရှိရေး အတွက် ဘဏ္ဍာ ရေးအတွက် က တော့ အမျိုးသမီး ဘယ်နှစ်ယောက် ပါဝင် မလဲ ဆိုတဲ့ အပေါ် မှာ မူတည်ပြီး ၂၀၂၂ မှာ ပေါင် ၈.၇ သန်းလောက် ကုန်ကျ နိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။အ မျိုးသမီး အခွင့်အရေး အဖွဲ့ တွေ ကပါ ဒီဥ ပဒေ ကို ထောက်ခံ အားပေးခဲ့ကြပါတယ်။Plan International UK ရဲ့ စာရင်းကောက်ယူချက် အရ ဆိုရင် ဗြိတိန်မှာရှိတဲ့ အမျိုးသမီး ၁၀ ယောက်မှာ တစ်ယောက်က လစဉ်သုံးပစ္စည်း ၀ယ်ဖို့ မတက်နိုင်တဲ့ အနေ အထားနဲ့ ရင်ဆိုင်နေရတယ်လို့ ဖော်ပြ ထားပါတယ်။အဲ့ဒီ စာရင်း အရ အသက် ၁၄ – ၂၁ နှစ်ကြားမှာ ရှိတဲ့ အမျိုးသမီးထက် ၀က် နီးပါးဟာ ရာသီလာတာကို ရှက်နေ ပြီး အဲ့လို နေ့တွေ ဆိုရင် ကျောင်း မတက် ကြဘူး လို့ လည်း ဖော်ပြ  ထားပါတယ်။

#SHWEMOM

SHARE