တစ်ဦးတည်းကမ္ဘာပတ်ဖို့ စဉ်းစားခဲ့ပေမယ့် မထင်မှတ်ပဲ အဖော်ရသွားတဲ့ အမျိုးသား

စက်တင်ဘာ(၂၀၁၈) တုန်းက ဒင်းနီကိုဆန်ဆိုသူ အမျိုးသားဟာ စိတ်ကူးတစ်ခုရခဲ့ပါတယ်။ သူက တစ်ကမ္ဘာလုံးကို စက်ဘီးပတ်စီးချင်တာပါ။ သူဟာ သူ့ဇာတိမြို့ဖြစ်တဲ့ စကော့တလန် ဒန်ဘာကနေ စတင်ပြီး ခရီးရှည်ထွက်လာခဲ့ပါတယ်။ နီကိုဆန်ဟာ ဂဟေဆော်တဲ့ အလုပ်လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး အခုအခါမှာတော့ ကမ္ဘာကို စက်ဘီးနဲ့ လှည့်ပတ်ကြည့်ချင်တဲ့ ဆန္ဒက ပြင်းပြလာတာကြောင့် တစ်ကိုယ်တည်း ခရီးထွက်လာခဲ့တာပါ။

Image credits: Dean Nicholson
Image credits: Dean Nicholson

သူဟာ စက်ဘီးနဲ့ နိုင်ငံပေါင်း (၈) နိုင်ငံကို ဖြတ်သန်းခဲ့ပြီး သူ့ရဲ့ တောတွင်းအတွေ့အကြုံတွေကို အွန်လိုင်းမှာ မျှဝေခဲ့ပါတယ်။ ဒါပေမယ့် ဘော့စနီးယားနယ်စပ်ကို ဖြတ်သန်းပြီး မွန်တီနီဂရိုထဲ ၀င်မယ့်အချိန်မှာတော့ အစီအစဉ်အနည်းငယ် ပြောင်းသွားခဲ့ပါတယ်။ သူဟာ တောင်ကုန်းလေးတစ်ခုပေါ် တက်ရင်း သီချင်းအကျယ်ကြီးဖွင့်ပြီး အနားယူနေတုန်းမှာ ကြောင်အော်သံတစ်ခုကို ကြားလိုက်ရပါတယ်။

Image credits: Dean Nicholson
Image credits: Dean Nicholson

နီကိုဆန်ဟာ ကြောင်ပေါက်ကလေးတစ်ကောင်ကို သတိထားမိလိုက်ပြီး ကြောင်လေးကို ပွတ်သပ်ကာ ရှေ့ကို ခရီးဆက်သွားဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် ကြောင်မလေးက နီကိုဆန်ရဲ့ အနားကနေ မခွာပဲ သူ့နောက်ကို တောက်လျှောက်လိုက်လာပါတယ်။ အစပိုင်းမှာတော့ သူက ကြောင်လေးကို ခေါ်သွားဖို့ အစီအစဉ်မရှိပါဘူး။ နောက်ပိုင်းတော့ လမ်းဘေးကြောင်လေးဖြစ်နေတာရယ်၊ သူတို့ခင်တွယ်နေတာရယ်ကြောင့် နီကိုဆန်ဟာ ကြောင်လေးကို ခရီးမှာ ခေါ်သွားဖို့ စဉ်းစားခဲ့ပါတယ်။

READ
အချစ်ကြောင့် တော်ဝင်မိသားစုကို ကျောခိုင်းတော့မယ့် ဂျပန်တော်ဝင်မင်းသမီးလေးMako
Image credits: Dean Nicholson
Image credits: Dean Nicholson

နီကိုဆန်ဟာ ကြောင်မလေးကို နာလာလို့ အမည်ပေးခဲ့ပါတယ်။ သူမကို စက်ဘီးရှေ့ကနေ ထားပြီး ခေါ်သွားဖို့ သူက အကြံရပါတယ်။ သူ့အိတ်ထဲမှာရှိတဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေ ထည့်ထားတဲ့ အိတ်ကို ရှင်းလင်းပြီး ကြောင်မလေးကို အိတ်ထဲ ထည့်ခေါ်လာပါတယ်။ ဒီလိုနဲ့ ကြောင်မလေးဟာ နီကိုဆန်ရဲ့ စက်ဘီးရှေ့မှာ ထိုင်ပြီး နီကိုဆန်နဲ့အတူ တစ်လမ်းလုံး တောက်လျှောက်ပါလာခဲ့တာ ဖြစ်ပါတယ်။

Image credits: Dean Nicholson
Image credits: Dean Nicholson

နာလာကလည်း သခင်ဖြစ်သူနဲ့အတူ ခရီးထွက်ရတာကို ကြိုက်တဲ့ ကြောင်မလေးတစ်ကောင်ပါပဲ။ ဒီလောက် ခရီးရှည်ကြီးတွေ သွားနေရတာတောင်မှ အေးအေးဆေးဆေး ရှိနေတဲ့အပြင် စိတ်မသက်မသာဖြစ်တဲ့ပုံလည်း မတွေ့ရပါဘူး။ တစ်ခါတစ်လေမှာတော့ နာလာက အိတ်ထဲကနေ ခုန်ထွက်ပြီး နီကိုဆန်ရဲ့ ပုခုံးပေါ်မှာ တက်နေတတ်ပါတယ်။ မြို့အနှံ့သွားပြီး နေရာမျိုးစုံကို အတူတူသွားခဲ့ကြတာကြောင့် နာလာနဲ့ နီကိုဆန်ရဲ့ သံယောဇဉ်ကတော့ တစ်နေ့တစ်ခြားတိုးတိုးလို့သာ လာနေပါတော့တယ်။

Image credits: Dean Nicholson

လင်းလင်း (ShweMom)

Ref: boredpanda

SHARE