လူတွေမှာ screens အကြည့်လွန်ရောဂါဖြစ်နေတယ်လို့ စိတ်ကုဆရာဝန်တွေပြော

suriyachan/Shutterstock

လူတွေမှာ screens အကြည့်လွန်ရောဂါတွေဖြစ်နေကြပါတယ်။ ဒါဟာ ဒီနေ့ရဲ့ကမ္ဘာကြီးအတွက် စိတ်မကောင်းစရာအချက်တစ်ချက်ဖြစ်နေပါတယ်။လူတွေဟာ အားလပ်ချိန်တော်တော်များများမှာ ဖုန်းတွေ ကွန်ပျူတာတွေကို သုံးပြီးအချိန်တွေကို ကုန်မှန်းမသိဖြတ်သန်းနေကြပါတယ်။ဒါဟာ မကောင်းတဲ့ဘက်ကိုသက်ရောက်နေပါတယ်။

Screen ကြည့်ချိန်များလာတာဟာ သင့်ကလေးရဲ့ဖွံ့ဖြိုးမှုတွေကို ဆိုးဝါးစွာသက်ရောက်မှုတွေရှိပါတယ်။သင် အေးအေးဆေးဆေးကော်ဖီသောက်ပြီး အချိန်ကုန်နိုင်ဖို့အတွက် ကလေးတွေကို tablet တွေ စမတ်ဖုန်းတွေသုံးခိုင်း တာဟာ အရမ်းကိုဆိုးဝါးတဲ့အကျင့်ပဲဖြစ်ပါတယ်။

Antonio Guillem/Shutterstock

ဒါဟာ screen နဲ့ ကလေးတွေကြားက အကျင့်စာရိတ္တပြဿနာရဲ့ဆက်နွယ်မှုလို့ ကျွမ်းကျင်သူတွေက အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

သင့်ကလေးရဲ့ဦးနှောက် ကြီးထွားဖွံ့ဖြိုးချိန်မှာ ဒီလိုတွေ screen ကိုကြည့်နေမယ်ဆိုရင် ဆိုးကျိုးတွေပဲဖြစ်လာမှာပါ။ဒီ screen အကြည့်လွန်မှုကြောင့် သူတို့ရဲ့အပြုအမူတွေဟာ လုံးဝမှားယွင်းတဲ့လမ်းကြောင်းကိုရောက်သွားနိုင်ပါတယ်။

ဒီ screen ကိုအကြည့်လွန်သူတွေရဲ့စွဲလမ်းမှုဆိုတာဟာ ဘာလဲဆိုတာကို စိတ်ပညာရှင် ဒေါက်တာ Aric Sigman ကစစ်တမ်းကောက်ယူခဲ့ပါတယ်။သူ့ရဲ့ရလဒ်တွေကိုလည်း International Child Neurology Association ဂျာနယ်မှာ အများပြည်သူတွေသိနိုင်ဖို့ဖော်ပြခဲ့ပါတယ်။

goodmoments/Shutterstock

ကလေးတွေဟာ screen ကြည့်ချိန်များလာလေ ထိခိုက်မှုတွေပိုရှိလာလေဖြစ်မယ်လို့ ဒေါက်တာ Aric Sigman ကထပ်လောင်းဖော်ပြခဲ့ပါတယ်။

(၂၀၁၅)ခုနှစ်မှာ လေ့လာမှုတွေအရ လူငယ်အမေရိကန်နိုင်ငံက ဂိမ်းကစားသူ(၁၂)ရာခိုင်နှုန်းလောက်ဟာ ဂိမ်းမဆော့ရမနေနိုင်ကြတဲ့သူတွေဖြစ်တယ်လို့ အမူအကျင့်ဆိုင်ရာသိပ္ပံက ဖော်ပြခဲ့ပါတယ်။

ရောက်ရှိလာတဲ့လူနာ(၈၀)ရာခိုင်နှုန်းဟာ ဂိမ်းကြောင့်၊ အွန်လိုင်းဗီဒီယိုကြောင့်နဲ့ ဆိုရှယ်မီဒီယာတွေအသုံးလွန်မှု တွေကြောင့်တွေပဲဖြစ်တယ်လို့ စိတ်ရောဂါကုဆရာဝန် ဒေါက်တာ George Lynn ကပြောပါတယ်။

suriyachan/Shutterstock

ကလေးတွေဟာ screen အကြည့်လွန်တာကြောင့် ညဘက်မှာနှစ်ခြိုက်စွာမအိပ်ကြတဲ့အတွက် သူတို့ရဲ့လှုမှုပတ်ဝန်းကျင်ဆက်ဆံရေးတွေမှာ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ အဆိုးဆုံးကတော့ ဒီလိုရောဂါပြဿနာတွေကို မသိတဲ့ဆရာဝန်တော်တော်များများရှိပါတယ်။

screen အကြည့်လွန်တာကြောင့် ကိုယ်အလေးချိန်တက်တာရှိသလို၊ ကျတာလည်းရှိပါတယ်။ဒါ့အပြင် အထီးကျန်စိတ်ဖြစ်တာ၊ မေ့တတ်တာ၊ ခေါင်းကိုက်မှုတွေနဲ့ အာရုံကြောနဲ့ဆိုင်တဲ့ရောဂါတွေဟာ သင့်ရဲ့ကလေးတွေမှာဖြစ်ပွားတတ်ပါတယ်။

ဒါတွေကြောင့် ရေရှည်မှာ ဦးနှောက်အရှေ့ပိုင်းတွေကျုံ့သွားပြီး ဦးနှောက်ပျက်စီးမှုတွေဖြစ်နိုင်ပါတယ်။

အဲတာကြောင့် ဖြစ်နိုင်မယ်ဆိုရင် အတတ်နိုင်ဆုံး screen ကြည့်မှုတွေကိုလျှော့ချပြီး မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ အားလပ်တဲ့အချိန်တွေမှာဖြတ်သန်းနိုင်ဖို့ကြိုးစားပါ။ဒါမှ သင်ရော၊ သင့်မိသားစုမှာပါ ဒီရောဂါတွေကနေကာကွယ်ပြီးသလိုဖြစ်နိုင်ပါလိမ့်မယ်။

Thae

SHARE