လေယာဉ်ငယ်တွေကို လိုက်ဖမ်းရင်း အမဲလိုက်လေ့ကျင့်နေတဲ့ ပင်လယ်လင်းယုန်များ

ဝမ်းဗိုက်ဖြူအမျိုး ပင်လယ်လင်းယုန်တွေဟာ အကောင်ကြီးလင်းယုန် အမျိုးအစားထဲမှာ ပါဝင်ကြပြီး တောင်ပံကိုဖြန့်ကားလိုက်မယ်ဆိုပါက (၆)ပေအထိ အကျယ်ရှိတယ်လို့ ဆိုပါတယ်။ လေဟုန်စီးကာ သားကောင်ရှိရာကို ထောက်လှမ်းလေ့ရှိတဲ့ ပင်လယ်လင်းယုန်တွေဟာ ငါးနဲ့ ယုန်အစရှိတဲ့ တိရစ္ဆာန်တွေကို ဖမ်းဆီးစားသောက်ကြပါတယ်။

COVER IMAGES
COVER IMAGES

အခုလည်း သြစတေးလျနိုင်ငံ၊ မစ်ဒယ်လ်တန်ကမ်းခြေမှာ ပင်လယ်ပျော် လင်းယုန်ငှက်ကြီးတစ်ကောင်ဟာ Toy Glider နှစ်စီးကို အနောက်ကနေ လိုက်ပြီး အပြိုင်အဆိုင်ပျံသန်းနေပုံများကို ဓာတ်ပုံဆရာ Keith Lightbody က အမိအရ မှတ်တမ်းတင်လိုက်နိုင်ပါတယ်။

COVER IMAGES
COVER IMAGES

ဓာတ်ပုံတော်တော်များများကတော့ အလွန်လှပတဲ့ လှုပ်ရှားမှုတွေကြောင့် အသက်ဝင်နေသလို ဖြစ်နေပါလိမ့်မယ်။ ကလေးကစားစရာ လေယာဉ်တွေ၊ သို့မဟုတ် ပုံစံငယ်ထုတ်ပြီး စမ်းသပ်ပျံသန်းတဲ့ လေယာဉ်တွေဟာ မစ်ဒယ်လ်တန် ကမ်းခြေမှာ လာရောက်စမ်းသပ်ပျံသန်းကြလေ့ရှိပြီး၊ အဝေးထိန်းစနစ်နဲ့ မောင်းနှင်ရတာပါ။

COVER IMAGES
COVER IMAGES

ဒါကို လင်းယုန်တစ်ကောင်က သူ့ရဲ့ အမဲလိုက်စွမ်းရည်ကို လေ့ကျင့်ရင်း လေယာဉ်ငယ်လေးတွေကို လိုက်လံနှောက်ယှက်လိုက်၊ ချဉ်းကပ်လိုက်၊ ပွတ်ကာသီကာ ပျံသန်းလိုက် လုပ်နေကြပါတယ်။ လေ့ကျင့်ရေးဆင်းနေတဲ့ လင်းယုန်ကတော့ တစ်ကာင်ဖြစ်ပြီး လေယာဉ်ငယ်လေးကတော့ နှစ်စီးဖြစ်ပါတယ်။ သူဟာ လေယာဉ်လေးတွေနောက်ကို စိတ်ကြိုက် လိုက်နေခဲ့ပါတယ်။

READ
(၂၁၀၀)ခုနှစ်တွင် ဂေဟစနစ်အပြောင်းအလဲကြောင့် ကင်းပင်ဂွင်းတွေ မျိုးသုဉ်းမည်ဟုဆို
COVER IMAGES
COVER IMAGES

လင်းယုန်ကြီးဟာ လေယာဉ်ငယ်လေးကို သူရဲ့လက်သည်းတွေနဲ့ ကုတ်မိလုမတတ် လှမ်းဖမ်းလိုက်တာကိုတောင် Keith က အမိအရ မှတ်တမ်းတင်နိုင်ခဲ့တာပါ။

COVER IMAGES
COVER IMAGES

ညီလင်းထက် (Shwemom)

source : thesun.co.uk

SHARE