ဖိလစ်ပိုင်ရဲ့ စိတ်ပျက်စရာဆီးဂိမ်းပြင်ဆင်မှုတွေ ဝေဖန်မှုများစွာနဲ့ရင်ဆိုင်နေရ

Foxsports

ဒီနှစ်ရဲ့ ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့တဲ့ ဖိလစ်ပိုင်မှာတော့ ပြိုင်ပွဲဝင် ကစားသမားတွေဟာ အဆင်မပြေမှုတွေ ဆက်တိုက်ဖြစ်နေပြီး နိုင်ငံတကာကလည်း သိလာနေတဲ့အတွက် သတင်းစာရှင်းလင်းပွဲ လုပ်ရတဲ့ အဆင့်အထိ ရောက်ရှိသွားပါတော့တယ်။

ဆီးဂိမ်းပြိုင်ပွဲရဲ့ ဖွင့်ပွဲအခမ်းအနားကို လာမယ့်စနေနေ့မှာ ကျင်းပမှာဖြစ်ပေမယ့် သယ်ယူပို့ဆောင်ရေးပိုင်းတွေ အဆင်မပြေဖြစ်နေတာ၊ ကစားသမားတွေကို သယ်ပို့ဖို့ စီစဉ်ပေးတဲ့ကားတွေ စုတ်ပြတ်နေတာ၊ သတင်းစာရှင်းလင်းပွဲခန်းမတွေကို ဖြစ်သလို လုပ်ထားတာ၊ ဘောလုံးသမားတွေက လမ်းမတွေအပေါ်မှာ လေ့ကျင့်နေရတာနဲ့ သန့်စင်ခန်းအကန့်ငယ်တစ်ခုထဲမှာ အိမ်သာ ကမုတ်နှစ်ခု ထားရှိတာတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူသိအများဆုံး ဖြစ်ရပ်တွေ ဖြစ်လာခဲ့ပါတယ်။

အင်စတာဂရမ်နဲ့ တွစ်တာပေါ်မှာတော့ #SEAgamesfail ဆိုတဲ့ စာသားကို ရိုက်ပြီး ရှာလိုက်မယ်ဆိုရင် အားကစားရုံတစ်ဝိုက်မှာ ဆောက်လုပ်နေဆဲဖြစ်တဲ့နေရာတွေ၊ မပြီးသေးပဲ လက်စသတ်ဖို့ ကျန်နေတာတွေနဲ့ ဖြစ်သလို စီမံထားတာတွေ အားလုံးကို ကွက်ကွက်ကွင်းကွင်းတွေ့နိုင်မှာပါ။

READ
အကောင်းဆုံးဇိမ်ခံဟိုတယ်တွေမှာအိပ်ဖို့ ကမ္ဘာပတ်ခဲ့တဲ့ထိပ်တန်း အအိပ် blogger တစ်ဦး

ဒီရက်ပိုင်းမှာတော့ အမျိုးသမီးသန့်စင်ခန်းတစ်ခုအတွင်းက အကန့်ငယ်လေးတစ်ခုမှာ အိမ်သာကမုတ်နှစ်ခု ထားပြီး ဖြစ်သလို လုပ်ခဲ့တဲ့ ဓာတ်ပုံက လူပြောအများဆုံး ဖြစ်သွားခဲ့ပါတယ်။ သန့်စင်ခန်း အခန်းငယ်လေးတစ်ခုအတွင်းမှာ လူနှစ်ယောက် တစ်ချိန်တည်းသုံးလို့ရအောင်များ လုပ်ပေးထားသလားရယ် လို့ အားလုံးက မှတ်ချက်ပေးနေကြတာပါ။

နောက်ဆုံးမှာတော့ ဖိလစ်ပိုင် ဆီးဂိမ်းကျင်းပရေးကော်မတီ ကိုယ်တိုင်က အသေးစားသတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ရပြီး ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ သတင်းတွေဟာ အစစ်အမှန်တွေမဟုတ်ကြောင်းနဲ့ အားလုံးကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးနေကြောင်း အသိပေးခဲ့ပါတယ်။

ထိုင်းအမျိုးသားဘောလုံးအသင်းရဲ့ နည်းပြ ကတော့ ကစားသမားတွေဟာ သူတို့တည်းခိုနေတဲ့ ဟိုတယ်အနီးက လမ်းတွေမှာ လေ့ကျင့်နေရတယ်လို့ ဘန်ကောက်ပို့စ်ကို သတင်းပေးလိုက်ပါတယ်။

ကလော့ခ် ၊ မနီလာနဲ့ ဆူဘစ်မြို့တွေမှာ အားကစားနည်း (၅၆)မျိုးကို ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မနီလာမြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုက ကစားသမားတွေကို ပြိုင်ပွဲဆီမရောက်အောင် အနှောင့်အယှက်ပေးသလို ဖြစ်လိမ့်မယ်လို့ သတင်းစာတွေမှာ သုံးသပ်ရေးသားနေကြပါတယ်။

READ
မွေးခါစကလေးကို အများသုံးအိမ်သာမှာ စွန့်ပစ်ခဲ့တဲ့ ရက်စက်တဲ့မိခင်

Linn

SHARE