ပျောက်ဆုံးလုနီးနေပြီဖြစ်တဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး ပင်ဂွင်းအသိုက်အမြုံကြီး

တချိန်တခါတုန်းက အင်ပါယာပင်ဂွင်းတွေ အများဆုံးနေထိုင်ရာ ကမ္ဘာ့ဒုတိယအကြီးဆုံး ပင်ဂွင်းနယ်မြေကြီးဟာ ပျောက်ကွယ်လုနီးနီးဖြစ်နေခဲ့တာ (၃)နှစ်တိုင် ရှိနေပြီဖြစ်ပါတယ်။ ဆိုလိုတာက အဲဒီနေရာမှာ ပင်ဂွင်းသားပေါက်လေးတွေကို လုံးဝမတွေ့ရတော့သလောက် ဖြစ်နေတာပါ။ သုတေသနပညာရှင်တွေကတော့ ဒီဖြစ်ရပ်ကို သဘာဝဘေးအန္တရာယ်ကြောင့် ပင်ဂွင်းသားပေါက်မှုပျက်စီးရတာလို့ သုံးသပ်ထားပါတယ်။

usatoday

အန္တာတိကတိုက် Weddell Sea ရဲ့ Halley Bay ကိုလိုနီမှာ နှစ်စဉ်နှစ်တိုင်း ပင်ဂွင်းကောင်ရေ (၁၄,၃၀၀) ကနေ (၂၃,၀၀၀) ကို တွေ့မြင်ရလေ့ ရှိပါတယ်။ ဒီပင်ဂွင်းကောင်ရေဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အင်ပါယာပင်ဂွင်းကောင်ရေရဲ့ (၈.၅) ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်က တွေ့ရတဲ့ ဂြိုလ်တုဓာတ်ပုံတွေအရဆိုရင်တော့ ပင်ဂွင်းကောင်ရေဟာ စိုးရိမ်စရာကောင်းတဲ့ အနေအထားကို ရောက်ရှိနေပြီး (၂၀၁၆) ၊ (၂၀၁၇) နဲ့ (၂၀၁၈) ခုနှစ်တွေမှာ ပင်ဂွင်းတွေ အောင်အောင်မြင်မြင်နဲ့ သားပေါက်တာကို မတွေ့ရတော့ပါဘူး။

READ
လူသားမျိုးနွယ်တစ်ခုလုံးကို ပျောက်ဆုံးသွားစေနိုင်တဲ့ အဓိကအကြောင်းရင်းကြီးများ
usatoday

ပင်ဂွင်းတွေအကြောင်း လေ့လာနေတဲ့ သုတေသနသမားတွေကတော့ အခုလိုဖြစ်ရပ်ကို တစ်ခါမှ မကြုံဖူးကြောင်း ဆိုပါတယ်။ အရင်တုန်းကလည်း ပင်ဂွင်းတွေ သားပေါက်တာ မအောင်မြင်တာမျိုးတွေ ဖြစ်ဖူးပါတယ်။ ဒါပေမယ့် အခုလိုမျိုး (၃) နှစ်ဆက်တိုက်ကြီး သားပေါက်မအောင်မြင်တာမဟုတ်ပဲ ရံဖန်ရံခါမှ ဖြစ်တာပါလို့ သုတေသီတွေက ဆိုပါတယ်။

usatoday

ပင်ဂွင်းတွေ သားပေါက်နှုန်းကျဆင်းလာရတာဟာ ပင်လယ်ရေခဲတွေရဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။ ပုံမှန်ဆို ရေခဲတွေဟာ ပင်ဂွင်းပေါက်လေးတွေ သန်သန်မာမာနဲ့ ကြီးပြင်းဖို့ ၊ အတောင်အလက်စုံလင်ဖို့ ဒီဇင်ဘာအထိကို အေးခဲနေဖို့လိုပါတယ်။ ဒါပေမယ့်လည်း (၂၀၁၆) ခုနှစ်ကနေစပြီး ပင်လယ်ရေခဲတွေဟာ အစောကြီး ပြိုကွဲလာတာကြောင့် ပင်ဂွင်းတွေသားပေါက်မှုမှာ မအောင်မြင်ပဲ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။

usatoday

(၂၀၁၈) ခုနှစ်မှာတော့ အရင်နှစ်တွေရဲ့ ပင်ဂွင်းကောင်ရေ (၂) ရာခိုင်နှုန်းအောက်လောက်သာ သားပေါက်ရာနေရာမှာ ရှိနေတော့ကြောင်း စိတ်မကောင်းဖွယ် သိရပါတယ်။ အင်ပါယာပင်ဂွင်းတွေဟာ အကြီးဆုံးပင်ဂွင်းအမျိုးအစားတွေဖြစ်ပြီး (၄၅) လက်မ အရပ်ရှိကာ (၈၈) ပေါင်အထိ အလေးချိန်ထိရှိပါတယ်။ အခုဆိုရင်တော့ ၄င်းပင်ဂွင်းတွေဟာ မျိုးတုန်းလုနီးနေပြီမို့ စောင့်ကြည့်ရမယ့် ရှားပါးသတ္တ၀ါမျိုးစိတ်ထဲ ပါဝင်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

READ
အရှေ့တောင်အာရှမှာရှိတဲ့ သရဲအခြောက်ဆုံးနေရာ (၅)ခု အကြောင်း
usatoday

လင်းလင်း (ShweMom)

Ref: usatoday, independent

SHARE