ကမ္ဘာကျော်ပန်းချီကားတွေထဲမှာ သိုဝှက်ထားတဲ့ လျို့ဝှက်သင်္ကေတများ

ပန်းချီပညာရှင်တွေဟာ ဦးနှောက်ကြီးကြသူတွေပါ။ အရင်တုန်းက ပန်းချီပညာရှင်ကြီးတွေဟာဆိုရင် ကားတစ်ကားကို ဒီတိုင်းဖန်တီးရေးဆွဲရုံနဲ့ မပြီးပဲ ကားချပ်ထဲမှာ သင်္ကေတလေးတွေကို နှစ်မြှုပ်ထားလေ့ရှိပါတယ်။ အောက်ဘက်မှာတော့ ထင်ရှားတဲ့ ကမ္ဘာကျော်ပန်းချီကားတွေထဲက ပညာရှင်ကြီးတွေ သိုဝှက်ထားခဲ့တဲ့ လျို့ဝှက်ချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

The Last Supper ထဲက သံစဉ်

© Da Vinci / Wikimedia Commons

လီယိုနာဒိုဒါဗင်ချီကို သင်္ကေတတွေ ၀ှက်သားရာမှာ ကျွမ်းကျင်သူဆိုလို့ သိကြပါတယ်။ အီတလီက ကွန်ပြူတာပညာရှင်တစ်ယောက်ကတော့ သူဟာ The Last Supper ဆိုတဲ့ ပန်းချီကားထဲမှာ ဓမ္မတေးသံစဉ်တွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ကားချပ်ထဲမှာ ပါတဲ့ ပေါင်မုန့်လုံးတွေနေရာမှာ ဂီတနုတ်တွေကို နေရာလိုက်ချကြည့်ခဲ့တာ ဖြစ်ပါတယ်။ ပိုပြီးထူးဆန်းဖို့ကောင်းတာက  ဒီနုတ်တွေကို တီးကြည့်တဲ့အခါမှာလည်း ဂီတသံစဉ်တွေဟာ ပြည့်ဝစွာ ဟာမိုနီဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

မိုက်ကယ်အိန်ဂျလိုရဲ့ ခန္ဓာဗေဒ

© Michelangelo / Wikimedia Commons © depositphotos.com

မိုက်ကယ်အိန်ဂျလိုဟာ အထူးချွန်ဆုံး အနုပညာရှင်တစ်ယောက်တင် မဟုတ်ပါဘူး။ ခန္ဓာဗေဒပိုင်းဆိုင်ရာမှာလည်း ဂျီးနီးယပ်စ်တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ “The Creation of Adam” ထဲမှာဆိုရင် သူဆွဲထားတဲ့ ရုပ်ပုံကားဟာ လူ့ဦးနှောက်နဲ့ ဆင်တူနေတာကို တွေ့ရပါတယ်။

READ
ဓာတ်ပုံတွေကပြောတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်များ

ကိုယ့်ပုံတူကို ပန်းချီကားထဲ ပြန်ထည့်ထားတဲ့ ပညာရှင်

© Caravaggio / Wikimedia Commons

အနုပညာရှင်တွေအတွက် ကိုယ့်ပုံကို ကိုယ့်ပန်းချီကားထဲ ပြန်ထည့်ဆွဲတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အပြုအမူမဟုတ်ပါဘူး။ ဒါပေမယ့် ခုတွေ့မြင်ရတဲ့ နာမည်ကျော် ပန်းချီကားထဲမှာတော့ Caravaggio ရဲ့ ရုပ်ပုံတူဟာ ၀ိုင်ခွက်ထဲမှာ ရှိနေတာကို မြင်တွေ့ရမှာပါ။ ပန်းချီဆရာကိုယ်တိုင်ဟာ ၀ိုင်ခွက်ထဲမှာ ထိုင်နေပြီး ပန်းချီရေးနေတယ်လို့ နားလည်သူတွေက သုံးသပ်ကြပါတယ်။

ပန်းချီကားနောက်ကွယ်က ဂရိဒဏ္ဏာရီ

© Wood / Wikimedia Commons

ဒီပုံကို သာမန်ကြည့်လိုက်ရင်တော့ လယ်သမားဇနီးမောင်နှံကို တွေ့မြင်ရမှာပါ။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ ရုပ်ပုံထဲမှာ မြှုပ်ထားတာတွေ ရှိပါတယ်။ အမျိုးသမီးရဲ့ ရင်ထိုးကို ကြည့်ပါ။ သူမ ရင်ထိုးမှာ ဂရိဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ Persephone ရဲ့ ရုပ်ပုံကို ရေးဆွဲထားပါတယ်။ Persephone ကို မြေအောက်ကမ္ဘာရဲ့ဘုရင်ဖြစ်တဲ့ Hades က ပြန်ပေးဆွဲခဲ့ပါတယ်။ ပိုပြီးထူးခြားတာက ရုပ်ပုံထဲက အမျိုးသားဟာ Hades ကိုင်လေ့ရှိတဲ့ သုံးခွခရင်းကို ကိုင်ထားတာ ဖြစ်ပါတယ်။

READ
ဂင်းနစ်စံချိန်အကြောင်း သင်မသိသေးတဲ့ စိတ်ဝင်စားဖွယ်အချက် ၇ ချက်

တံငါသည်အိုကြီးရဲ့ မျက်နှာနှစ်ခု

© Csontváry Kosztka / Wikimedia Commons

ပန်းချီကားတွေထဲမှာ ထောင့်တစ်ဖက်ဆီကနေ ကြည့်ရင် မတူညီပဲ လူရဲ့ အမြင်အာရုံကို လှည့်စားစေတဲ့ ကားချပ်တွေ အများကြီး ရှိပါတယ်။ အပေါ်က တွေ့ရတဲ့ Csontváry Kosztka ရဲ့ လက်ရာဖြစ်တဲ့ တံငါသည်အို ပန်းချီကားထဲမှာတော့ နှစ်ခြမ်းကွဲနေတဲ့ လူမျက်နှာနှစ်ခုကို တွေ့ရပါတယ်။ တစ်ဖက်ခြမ်းကတော့ ဆုတောင်းနေတဲ့ သူတော်ကောင်းတစ်ဦးဖြစ်ပြီး အခြားတစ်ဖက်ကတော့ မုန်တိုင်းထန်နေတဲ့ ပင်လယ်ထဲမှာ ရွက်လွှင့်နေတဲ့ နတ်ဆိုးတစ်ကောင်ကို တွေ့ရမှာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: Brightside

SHARE