ရုံးတည်ခဲ့တဲ့နေရာကို သမိုင်းတစ်လျှောက် ပထမဆုံးထုတ်ဖော်လိုက်တဲ့ စပိုင်အေဂျင်စီ

လန်ဒန်အခြေစိုက် ယူကေ လျှို့ဝှက်ထောက်လှမ်းရေး အေဂျင်စီတစ်ခုဖြစ်တဲ့ GCHQ ဟာ သမိုင်းတစ်လျှောက် ပထမဆုံးအနေနဲ့ သူတို့ရဲ့ ရုံးတည်ဖူးခဲ့တဲ့ နေရာကို ထုတ်ဖော် ပြသခဲ့ပါတယ်။

PA

မှတ်မိရန်မလွယ်တဲ့ မွဲခြောက်ခြောက် အဆောက်အဦးကြီးတစ်ခုဖြစ်ပြီး Starbucks ကောင်ဖီဆိုင်တစ်ဆိုင်နဲ့ ဘီယာဆိုင်တစ်ဆိုင်ကြားမှာ ရှိတယ်။ အဲ့ဒီလိုနေရာမှာ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားတဲ့ အရာရှိတွေဟာ နှစ်ပေါင်း ၆၅ နှစ်လောက်ကြာအောင် နိုင်ငံ့ လုံခြုံရေးကို ကာကွယ်ဖို့ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။

အခု ၀က်စ်မင်စတာမြို့က St James’ Park Tube ဘူတာရဲ့ မျက်နှာချင်းမှာရှိတဲ့ Palmar လမ်းမှာရှိတဲ့ ရုံးကို အေဂျင်စီက ထုတ်ဖော်ပြီး အများပြည်သူကို သိစေခဲ့ပါတယ်။

PA

အခြေစိုက်ရုံးကို တစ်ခြားနေရာသို့ ရွေ့ပြီးမှ အခုလို အရင် ရုံးနေရာကို အတည်ပြုဖော်ပြခဲ့တာဖြစ်ပြီး၊ အခုမှာသာ ဒီလို လုပ်ခဲ့တာဖြစ်ကြောင်းလည်း သိရတယ်။

GCHQ ကို Admiralty’s Room 40 နဲ့ War Office’s MI1 (b) မှာ အဖွဲ့ဝင်တွေစုပေါင်းပြီး ၁၉၁၉ ခု နိုဝင်ဘာလ ၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းမှာလည်း ဂျာမန်တွေရဲ့ သတင်းအချက် အလက်ပေးဖို့မှုတွေကို ဖြတ်ယူဖော်ထုတ်ဖို့ Bletchley Park ကို တိတ်တဆိတ် ရွှေ့ပြောင်းခဲ့ကြတယ်။

READ
တရုတ်နိုင်ငံက တောင်တန်းပေါ်မှာ ဖြတ်ပျံသွားတဲ့နဂါးတစ်ကောင်
PA

၁၉၅၀ ပြည့်နှစ်အစောပိုင်းမှာလည်း လန်ဒန်မြို့ ဆင်ခြေဖုံးရပ်ကွက် Eastcote က ရုံးချုပ်ကို ချယ်လ်တန်ဟမ်ကို ပြောင်းရွှေ့ခဲ့ပြန်တယ်။ လျှို့ဝှက် စာရွက်စာတမ်းတွေကို ထိန်းချုပ်ဖို့ သင့်တော်တဲ့ နေရာတစ်နေရာလိုအပ်တဲ့အတွက် မြို့လယ်ရဲ့ အလယ်တစ်နေရာကို လိုအပ်ပြီး၊ ဒါရိုက်တာအတွက် ပုံသေအခြေပြုနေရာတစ်ခု အဖြစ် သတ်သတ်မှတ်မှတ်ရှိဖို့အတွက် အခုလို ပြောင်းရွှေ့ခဲ့ကြကြောင်းသိရတယ်။

နောက်ဆုံး ရုံးကိုတော့ Palmar လမ်းမှာရှိတဲ့ အဆောက်အဦး အသစ်စက်စက်ကြီးကို ပြောင်းရွှေ့ခဲ့ပြီး အဲ့ဒါက အလုပ်သမား ၀န်ကြီး ဌာနက ထောက်ပံ့ခဲ့တာလို့ သိရတယ်။ ၁၉၅၃ ခုနှစ် နွေဦးမှာ လန်ဒန်အခြေစိုက် လျှို့ဝှက်ရုံးဆီ အပြီးပြောင်းရွှေ့ခဲ့ပြီး ဆယ်စုနှစ်ပေါင်းများ တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

PA

Palmar လမ်းက ရုံးက အရေးကြီး တာဝန်ပေါင်းများစွာကို ထမ်းရွက်ခဲ့ပြီး (၂၀၁၂) လန်ဒန် အိုလံပစ် ကိုလည်း MI6, MI5 နဲ့ Metropolitan Police တို့နဲ့ ပူးပေါင်းပြီး အကြမ်းဖက် လှုပ်ရှားမှုတွေ၊ ပြင်းထန်ပြီး ကြံစည်းထားတဲ့ မှုခင်းတွေကို မဖြစ်ပွားရအောင် ထိန်းသိမ်းကာကွယ်နိုင်ခဲ့တယ်လို့ အေဂျင်စီက ပြောပြပါတယ်။

READ
ကျယ်လောင်လွန်းတဲ့ချစ်တင်းနှောသံကြောင့် ဟိုတယ်ထဲကမောင်းထုတ်ခံရတဲ့စုံတွဲ

ဒီ အဆောက်အဦးရဲ့ နောင်တစ်ချိန် အစီအစဉ်ကတော့ မသိရသေးပေမယ့် သိုသိုသိပ်သိပ်ရောင်းချလိုက်ပြီိးပြီလို့တော့ သိရတယ်။ Palmar လမ်းမှာ ရုံးမရှိတော့ပေမယ့် လန်ဒန်မှာတော့ ဆက်လက်တည်ရှိနေတုန်းပါပဲ။

PA

ချယ်လ်တန်ဟမ်၊ ကွန်ဝဲလ်၊ စကားဘိုရို၊ လင်ကွန်ရှိုင်းယားနဲ့ ဟာရိုဂိတ် မြို့နယ်တွေမှာလည်း ရုံးခွဲတွေရှိပါသေးတယ်။ ဒီနှစ်ပြီးရင် မန်ချက်စတာမြို့မှာ ရုံးခွဲအသစ် တည်ဖို့ ရှိကြောင်းလည်းသိရတယ်။ GCHQ ဟာ MI5, MI6, ဥပဒေ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ယူကေအပေါ်ကျရောက်လာမယ့် ဆိုက်ဘာ တိုက်ခံမှုတွေ၊ အကြမ်းဖက်မှုတွေကို ကာကွယ်လျက်ရှိနေပါတယ်။

Ref: Mirror

Matthew (ShweMOM)
SHARE