အချစ်ကိုထုတ်ဖော်မပြတတ်တဲ့ သူတွေရဲ့ ရင်တွင်းခံစားချက်များ

ဒီလောကမှာ လူတစ်ချို့ဟာ သူတို့ရင်ထဲမှာအချစ်ကို ထုတ်ဖော်ပြသပြီး ပိုင်ဆိုင်နိုင်စွမ်းရှိပေမယ့် လူတစ်ချို့ကတော့ သူတို့အချစ်တွေကို ရင်ထဲမှာ သိမ်းထားပြီး အဝေးတစ်နေရာကကြည့်ပြီး ခံစားတတ်ကြပါတယ်။ အချစ်ကိုသည်းသည်းလှုပ်ထုတ်မပြတတ်တဲ့သူတွေရဲ့ ရင်တွင်းခံစားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်….

(1) မ၀ံမရဲဖြစ်နေတတ်တယ်။

ချစ်သူကို ကိုယ့်ဘက်က ချစ်တယ်ဆိုတဲ့အကြောင်းသူသိအောင် လုပ်ရမှာကို မ၀ံမရဲဖြစ်နေတတ်တာဟာ သူတို့ရဲ့ အားနည်းချက်တစ်ခုပဲဖြစ်ပါတယ်။ ဒီအားနည်းချက်ကြောင့် ချစ်သူနဲ့ ဆက်ဆံရေး အဆင်မပြေတာတွေ၊ အားငယ်ရတဲ့ အချိန်တွေ၊ သူများနောက်ပါသွားတတ်တာတွေ၊ ကိုယ်ဘက်က အချစ်တွေကို သူသိအောင်လုပ်လိုက်ရင် စိတ်ညစ်သွားမှာ၊ ပျင်းစရာကောင်းတယ်လို့ထင်သွားမှာစိုးတဲ့ ခံစားချက်တွေရှိတတ်ပါတယ်။

(2) တစ်ယောက်တည်း ကြိတ်ခံစားတတ်တယ်။

ချစ်နေရတဲ့သူကို သည်းသည်းလှုပ်ချစ်ပြရတာ၊ အထာတွေပေးရတာ၊ မူယာမာယာတွေသုံးရတာဟာ သူတို့အတွက် အခက်ခဲဆုံးအရာဖြစ်နေပါတယ်။ ဒီလိုကိုယ့်အချစ်ကို ထုတ်ဖော်မပြတတ်လို့ ချစ်ရသူက တခြားသူတွေကြောင့်အဆင်ပြေပြေစကားပြောဆိုရယ်မောနေတာကို ကြည့်ပြီး ကိုယ်က အခြားသူတွေလောက် ချစ်သူကို ရယ်မောပျော်ရွှင်အောင် မလုပ်ပေးနိုင်တာတွေ တွေးပြီး နာကျင်နေတဲ့သူတွေပါ။

(3) ယုံကြည်မှုပျောက်နေတတ်တယ်။

READ
ဂရုစိုက်ခြင်းတွေနဲ့ သင့်ကောင်မလေးကို ပျော်အောင် ချစ်နည်း

သူတို့ရဲ့ရှေ့မှာ တခြားချစ်သူစုံတွဲတွေ သည်းသည်းလှုပ်ချစ်ပြနေတာ၊ ရွှန်းရွှန်းဝေအောင်ပြောနေတာတွေ မြင်ရင်  သူတို့ကျချစ်သူနဲ့ အဆင်ပြေအောင်နေနိုင်ပြီး ငါကျတော့ ဘာလို့အဆင်မပြေတာလဲဆိုပြီး မိမိကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးသွားတတ်ကြပါတယ်။

(4) အသည်းကွဲမှာ ကြောက်တယ်။

ချစ်သူကို မိမိအချစ်တွေထုတ်မပြတတ်ဘူးဆိုတာက ပင်ကိုယ်ဗီဇကိုက ပလီပလာမပြောတတ်၊ ကြွေအောင်လည်း မပြောတတ်၊ အထာကလည်း မပေးတတ် ဘာမှမလုပ်တတ် မပြောတတ်တာမျိုးဖြစ်နိုင်သလို သူတို့ရဲ့အချစ်ကို ဖော်ပြချင်ပေမယ့်လည်း ဘယ်လိုဖော်ပြရမှန်းလည်းမသိ၊ အခြေအနေတွေပေးနေတာတောင် မဝံ့မရဲတွေဖြစ် ငါသာဖွင့်ပြောလိုက်ရင် သူငါ့ကို မုန်းသွားပြီး အသည်းကွဲမယ့်အရေးကိုတွေးပြီး ကြောက်ရွံနေတတ်လို့ပဲဖြစ်ပါတယ်။

SHARE