တကျော့ပြန် ရေပန်းစားလာတဲ့ အာခေါင် တက်တူး

Image:IG/indyvoet

တက်တူးကို တော့ အခုနောက်ပိုင်းမှာ နေရာ ပေါင်းစုံမှာ ထိုးလာကြပါတယ်။လူမြင်တဲ့ နေရာ မှာ ရော မမြင်တဲ့ နေရာ တွေမှာပါ ထိုးလာ ကြတာပါ။လက်ချောင်းတွေ၊နားရွက် နောက်၊ခြေထောက်၊ပေါင်၊ မျိုးပွား အင်္ဂါ နားတွေ၊ရင်သားနေရာ တွေ၊ကျော တွေ၊ခါးတွေ…အစရှိတဲ့ နေရာ စုံ မှာ ထိုးလာကြ တာပါ။ဒါပေမယ့် ဘယ်လ်ဂျီယံက တက်တူး Artist က တော့ သူများနဲ့ မတူ တဲ့ အာခေါင်မှာ တက်တူး  လိုက် ထိုး ပေးတာပါ။

ထူးထူးဆန်းဆန်း အာခေါင်မှာ တက်တူး လိုက် ထိုး ပေးနေတဲ့  Artist ရဲ့ နာမည် ကတော့ Indy Voet  ပါ။သူ က တော့ ဘယ်လ်ဂျီယံကပါ။ Voet က တော့ အာ ခေါင်မှာ တက်တူး ထိုးတဲ့ အလုပ်ကို လုပ်လာတာ လွန်ခဲ့တဲ့ ငါးနှ စ် တည်းကပါ။သူ့ရဲ့ တက်တူး ထိုးတဲ့ ပညာကို ကြိုးစားမြှင့်တင်ရင်းနဲ့ပဲ ပုံမှန် မဟုတ်တဲ့ အာ ခေါင်မှာ ထိုးဖို့ စိတ်ကူး ရခဲ့တာပါ။အရင်က ပါးစပ်၊နား၊နှာ ခေါင်းတို့ မှာ အ ပေါက်  ဖောက် အလှဆင်တဲ့ အလုပ်ကိုလည်း လုပ်ဖူးတာမို့ အဲ့ဒီက အ တွေ့ အကြုံ တွေနဲ့ပါ ပေါင်း စပ်ပြီး အခုလို ဖန်တီးဖို့ စိတ်ကူး ရခဲ့တာပါ။ထိုးတဲ့ နေရာ ကလည်း အာ ခေါင် မို့  ပုံမှန် ပါးစပ်ဟပြ ရုံလောက် နဲ့ တောင် မြင်ရဖို့ သိပ် မလွယ်တဲ့ နေရာ မျိုး ပါ။

“အပ်၊ကျ တော့်လက်နဲ့ ကျတော့်ဆီလာတဲ့ ဖောက်သည်ရဲ့ ယုံကြည်မှု တို့ ကို ပေါင်းစပ်ပြီး ကျ တော် ဖန်တီးတာ..” လို့ Indy Voet က ပြောခဲ့ပါတယ်။အရမ်းခက် နေတယ် ထိုးရတာ အဆင် မပြေရင် တော့ အပ် အပြင် တက်တူး စက်ကိုပါ သုံးတယ်လို့ ပြောခဲ့ပါတယ်။ ဒီလို တက်တူးကို မြင်လိုက်တာနဲ့ အရမ်းနာ မှာပဲ ဆိုတဲ့ အ တွေး မျိုးကို တွေးမိ ကောင်း တွေးမိ ကြမှာ ဆိုပေမယ့် …

(၉၀) ရာခိုင်နှုန်းက မနာဘူး၊နည်းနည်းပဲ နာတယ်လို့ ပြောကြပြီး (၁၀)ရာခိုင်နှုန်း က တော့ ပါစပ် အကြာကြီး ဟ ပြီး ထိုးရတာမို့ မေးရိုး ကြွက်သားတွေ က ကိုက်ခဲ တယ်လို့ ပြောခဲ့ပါတယ်။ထိုးပြီးရင် အနာကျက်ဖို့ ဘယ် လောက် ကြာလဲ၊ဘာတွေ ကို ရှောင်ရလဲ လို့ မေးတဲ့ အခါမှာတော့ Indy Voet က .” စပ်တဲ့ အစား အစာတွေ၊အရက် သေစာ တွေကို ရက်  အတော်ကြာ ရှောင်ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။

#SHWEMOM

SHARE