တခြားလူရဲ့ဖုန်းကို ခွင့်ပြုချက်မရှိပဲယူကြည့်ရင် ထောင်ဒဏ်တစ်နှစ်ချမယ့်ဆော်ဒီ

FabrikaSimf/Shutterstock

အာရပ်နိုင်ငံတွေရဲ့ ဥပဒေတွေကတော့ ထုံးစံအတိုင်း လိုက်လို့မီတယ်ပဲ မရှိပါဘူး။ တခြားနိုင်ငံတွေနဲ့ ကွဲပြားတဲ့ ဥပဒေသတ်မှတ်ချက်တွေ သူတို့ဆီမှာ အများကြီးရှိကြသလို အခုလည်း ဥပဒေအသစ်တစ်ခုကို အတည်ပြုဖို့ စီစဉ်နေကြပြန်ပါပြီ။

ကိုယ့်ရဲ့မိတ်ဆွေ၊ ဒါမှမဟုတ် သူစိမ်းတစ်ယောက်၊ ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်၊ ဒါမှမဟုတ် ကိုယ့်ရဲ့ချစ်သူ ဘယ်သူပဲဖြစ်ဖြစ် သူတို့ရဲ့လက်ကိုင်ဖုန်းတွေကို ခွင့်ပြုချက်မရှိပဲ ယူကြည့်မယ်ဆိုရင် ဆော်ဒီငွေကြေးဖြစ်တဲ့ ရီယာ(၅)သိန်း၊ ဒါမှမဟုတ် ထောင်ဒဏ်တစ်နှစ်ကျခံရမယ့် ဥပဒေကို ရက်ပိုင်းအတွင်းအတည်ပြုတော့မှာပါ။

VK Studio/Shutterstock

Arab News ရဲ့ဖော်ပြချက်အရ ဒီဥပဒေဟာ လတ်တလောဖြစ်ပျက်နေတဲ့ ဆိုင်ဘာလုံခြုံရေးကျိုးပေါက်မှုတွေကို ကာကွယ်ဖို့နဲ့ ကိုယ့်ရဲ့အချက်အလက်တွေကို လွယ်လွယ်လေးမပေါက်ကြားစေဖို့  ချမှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

VK Studio/Shutterstock

ဆော်ဒီနိုင်ငံတွင်းက ရှေ့နေတစ်ယောက်လည်းဖြစ်၊ ဥပဒေအကြံပေးတစ်ယောက်လည်းဖြစ်တဲ့ အက်ဘ်ဒူ အဇစ် ကတော့ ကွန်ပြူတာတွေ၊ ဖုန်းတွေ ကိုအသုံးပြုပြီး ကျူးလွန်တဲ့ အမှုတွေ တစ်စထက်တစ်စ များပြားလာတာကြောင့် ဒီဥပဒေကို အတည်ပြုဖို့ ကြိုးစားနေကြခြင်းဖြစ်ကြောင်းနဲ့ ချစ်သူအချင်းချင်းတောင် ခွင့်ပြုချက်မယူပဲကြည့်တာကို လက်ပူးလက်ကျပ်မိခဲ့ရင် ဒီဥပဒေက သက်ရောက်မှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

READ
ထူးဆန်းတဲ့ လေပူဖောင်းဘောင်းဘီကြီးကို တီထွင်ခဲ့တဲ့ အိန္ဒိယဒီဇိုင်နာ
FabrikaSimf/Shutterstock

Linn

SHARE