ပင်ကိုသဘာဝအတိုင်း လှပနေစေမယ့် လျှို့ဝှက်ချက်များ

အမျိုးသမီးတစ်ယောက်ရဲ့ လှပမှုဆိုတာဟာ မိတ်ကပ်အဖွေးသားနဲ့ ပြင်ဆင်ခြယ်သထားမှ မဟုတ်ပါဘူး။ ပြင်ဆင်ခြယ်သ မှုတွေ အထူးအထွေ မလိုအပ်ဘဲနဲ့ ပင်ကိုသဘာဝအတိုင်းလေးက ဆွဲဆောင်မှုရှိပြီး လှပနေတာမျိုးလေးဖြစ်အောင် ကြိုးစားလို့ ရပါတယ်။ ပင်ကိုသဘာဝအတိုင်း လှပမှုဟာ မိန်းကလေးတစ်ယောက်ကို ပိုမိုယုံကြည်မှုရှိစေပြီး မိန်းမသား ပိုဆန်စေပါတယ်။ မွှေးပျံ့ ပြီး ချောမွေ့ တဲ့ အသားအရေဟာလည်း မိန်းမသားတစ်ယောက်ရဲ့ လှပမှုကို ပိုမိုတင့်တယ်စေ မယ်ဆိုလည်း မမှားပါဘူး။ လွယ်ကူလျင်မြန်တဲ့ ရေချိုးဆပ်ပြာ (ဥပမာ LUX လိုမျိုး အသားအရေကို လှပစေပြီး မွှေးပျံ့စေ တဲ့ ဆပ်ပြာမျိုး)ကစလို့  အပေါ်ယံပြင်ဆင်ခြယ်သမှုတွေ မလုပ်ဘဲ သဘာဝအတိုင်း လှပနေချင်တဲ့ ပျိုမေတို့အတွက် ဝေမျှပေးချင်တဲ့ အလှအပ လျှို့ဝှက်ချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာတဲ့ အစားအသောက်နဲ့ ရေဓာတ်လုံလောက်မှု

သဘာဝအတိုင်း လှပနေဖို့ဆိုရင် ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓ္ဓာကိုယ်ပိုင်ဆိုင်ဖို့ လိုအပ်ပါတယ်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့အတိုင်း ကျန်းမာသန်စွမ်းနေသူတစ်ယောက်ရဲ့ တက်ကြွရွှင်လန်းမှုဟာ ပင်ကိုလှပမှုအတွက် အထောက်အပံ့ ဖြစ်စေပါတယ်။ ဒီလိုကျန်းမာနေဖို့ နေ့စဉ်စားသောက်တဲ့ အစားအသောက်တွေကို အထူးဂရုပြုဖို့ လိုအပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် ရေဓာတ် အလုံအလောက် ရရှိဖို့ ရေများများသောက်ပေးဖို့လည်း လိုအပ်ပါတယ်။ နေ့စဉ်စားသောက်တဲ့ အစားအစာနဲ့ ရေဓာတ် ရရှိမှုဟာ ခန္ဓ္ဓာကိုယ်အတွက် အာဟာရဖြစ်စေရုံသာမကဘဲ အသားအရေ ကြည်လင်လှပမှုအတွက်လည်း အထောက် အကူပေးပါသေးတယ်။

တစ်ကိုယ်ရည်သန့်ရှင်းမှု

မိန်းကလေးတစ်ယောက်အတွက် တစ်ကိုယ်ရည် သန့်ရှင်းမှုဟာ များစွာအရေးကြီးပါတယ်။ ဘယ်လောက်ပဲ အပေါ်ယံ ပြင်ဆင်ခြယ်သမှုတွေ ပြုလုပ်ထားစေကာမူ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတဲ့ မိန်းကလေးဟာ ဘယ်လိုမှ လှပနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် နေ့စဉ်ရေချိုးပေးဖို့ လိုအပ်ပါတယ်။ ရေချိုးဆပ်ပြာကောင်း ကောင်းနဲ့ နေ့စဉ်ပုံမှန် ရေချိုးသန့်စင်ပေးခြင်းအားဖြင့် ကိုယ်သင်းနံ့ မွှေးပျံ့စေပြီး ချောမွေ့လှပတဲ့ အသားအရေကို ရရှိစေ နိုင်ပါတယ်။ အကြိုက်တွေ့မိလို့ ပြောပြချင်တဲ့ ရေချိုးဆပ်ပြာကတော့ ပန်းပေါင်းစုံအဆီအနှစ်တို့နဲ့ ထုတ်လုပ်ထားတဲ့ LUX Soft Touch ပဲ ဖြစ်ပါတယ်။ LUX Soft Touch ပန်းရောင်ဟာဆိုရင် ပန်းအစစ်တွေထက် ၂ဆပိုမိုသင်းပျံ့ တဲ့ ကိုယ်သင်းရနံ့ကို ပိုင်ဆိုင်ပြီး နူးညံ့ချောမွေ့လှပတဲ့ အသားအရေကို ယူဆောင်လာပေးမှာပါ။ လှပတဲ့အသားအရေကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးဟာ မိမိကိုယ်ကို ယုံကြည်မှု ပိုရှိတဲ့အတွက် ပင်ကိုသဘာဝပုံစံလေးကိုက လှပနေမှာ ဖြစ်ပါတယ်။

READ
လျှာလည်သွားလောက်အောင်ကောင်းတဲ့ ငါးနှပ်ကြာရိုးဟင်းခါးချက်နည်း

မိမိကိုယ်ကို ချစ်ခင်တန်ဖိုးထားပြီး ယုံကြည်မှုရှိပါ။

လှပပြီး ယုံကြည်မှုရှိတဲ့ အမျိုးသမီးဟာ အများအလယ်မှာ ထင်ပေါ်နေတတ်ပါတယ်။ မိမိကိုယ်ကို တန်ဖိုးထားချစ်ခင်မှု ဟာ ဘေးပရောဂကြောင့် အလွယ်တကူ ပျက်စီးမသွားနိုင်ဘဲ အမျိုးသမီးတစ်ယောက်ရဲ့ စွမ်းဆောင်ရည်နဲ့ ယုံကြည်မှုကို ပိုမိုတိုးတက်စေပါတယ်။ မိမိကိုယ်ကို တန်ဖိုးထားရာမှာ ဂုဏ်သိက္ခာနဲ့ ကိုယ်ရည်ကိုယ်သွေးကအစချီပြီး အသားအရေ လှပမှုအထိ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ပျိုမေတို့အတွက် လက်တို့ပေးချင်တဲ့ လျှို့ဝှက်ချက်တစ်ခုကတော့ သစ်ခွနက်တို့နဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ LUX Magical Spell (ခရမ်းရောင်)ပဲ ဖြစ်ပါတယ်။ ၈နာရီတိုင်အောင် အသားအရေကို မွှေးပျံ့ စေမှုက အမျိုးသမီးတစ်ယောက်အတွက် အလှအပကို နှစ်ဆတိုးစေတဲ့ အချက်လို့တောင် ပြောလို့ရပါတယ်။ တစ်နည်းအားဖြင့် မိန်းကလေး တစ်ယောက်အနေနဲ့ မိမိရဲ့အသားအရေ လှပနေအောင် ဂရုစိုက် ထိန်းသိမ်းခြင်းဟာလည်း မိမိကိုယ်ကို တန်ဖိုးထားခြင်းမှာ ပါဝင်ပါတယ်။

မိမိရဲ့ကိုယ်ပိုင်ပုံရိပ် အစစ်အမှန်ကို ရှာဖွေပါ။

အများဆန္ဒအရ လိုက်လျောညီထွေအောင် ပြုမူနေထိုင်မှုတွေဟာ သင့်ရဲ့ ပုံရိပ်၊ သင်ဘယ်လိုလူလဲဆိုတာကို ကွယ်ပျောက်သွားစေနိုင်ပါတယ်။ အမျိုးသမီးတိုင်းဟာ မတူညီတဲ့ စိတ်ခံစားချက်၊ ယူဆချက်၊ အမြင်တွေ ရှိတတ်တာမို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ကိုယ်ပြောချင်တာကို အများအလယ်မှာ ထုတ်ဖော်ပြောပြနိုင်ဖို့က အရေးကြီးလှ ပါတယ်။ ယုံကြည်မှုရှိဖို့အတွက်ဆိုရင် အမျိုးသမီးတိုင်းအတွက် အရာရာက သက်ရောက်မှု ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ် မွှေးရနံ့ကအစ၊ အသားအရေလည်း တစ်ခုအပါအ၀င်လို့ ပြောလို့ရပါတယ်။ လူတစ်ယောက်အတွက် မွှေးရနံ့ဟာ ယုံကြည်မှုတွေကို ဖြစ်ထွန်းစေနိုင်သလို ပတ်ဝန်းကျင်မှာလည်း စွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ဦးအဖြစ် ထင်ဟပ်ပေါ်လွင်စေနိုင်ပါတယ်။ ထူးခြားတဲ့ အများနဲ့ မတူညီတဲ့ မွှေးရနံ့တွေကနေတစ်ဆင့် ကိုယ့်ရဲ့ပုံရိပ်တွေကို ဖန်တီး၊ ပုံဖော်လို့ ရပါတယ်။

READ
နေ့တိုင်း ကော်ဖီသောက်သင့်တဲ့ အကြောင်းရင်းများ

အသားအရေနဲ့ ကိုယ်သင်းရနံ့ဟာ အလွန်အရေးပါပါတယ်။

အမျိုးသမီးတစ်ယောက်ရဲ့ ပင်ကိုအလှမှာ ကျန်းမာလှပတဲ့ အသားအရေနဲ့ မွှေးရနံ့သင်းပျံ့တဲ့ ရင်ခုန်ချင်စရာ ကိုယ်သင်း ရနံ့ပိုင်ဆိုင်ခြင်းတို့ ပါဝင်ပါတယ်။ ဘယ်လိုအားထုတ်မှုတွေနဲ့ ခြယ်သပြင်ဆင်စေကာမူ မူလအသားအရေက မလှပတဲ့ အခါ အချည်းနှီးသက်သက်သာ ဖြစ်စေပါတယ်။ အလားတူပဲ အဝေးကကြည့်တဲ့အခါ လှပနေပေမယ့် အနီးကပ်တဲ့အခါ ဆိုးဝါးတဲ့ ကိုယ်သင်းရနံ့ကို ပိုင်ဆိုင်ထားရင်လည်း ယုံကြည်မှုရှိရှိနဲ့ လှပနေနိုင်မှာ မဟုတ်ပါဘူး။ နူးညံ့လှပပြီး ချောမွေ့တဲ့ အသားအရေနဲ့ မွှေးပျံ့သင်းကြိုင်တဲ့ ကိုယ်သင်းရနံ့ပိုင်ဆိုင်နိုင်ဖို့ အရည်အသွေးကောင်းတဲ့ ရေချိုးဆပ်ပြာကို နေ့စဉ်ပုံမှန် သုံးစွဲပေးသင့်ပါတယ်။ ပျိုမေတို့ရဲ့ ကျန်းမာလှပတဲ့ အသားအရေအတွက် ဥပမာပေးချင်တာကတော့ ပန်းအစစ်တွေထက် ၂ဆပိုမိုမွှေးပျံ့ မှုတွေ ယူဆောင်လာပေးမယ့် ပန်းပေါင်းစုံ အဆီအနှစ်တို့နဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ LUX Soft Touch နဲ့ ၈နာရီတိုင်အောင် အသားအရေကို မွှေးပျံ့ စေမယ့် သစ်ခွနက်တို့ကနေ ဖော်စပ်ထုတ်လုပ်ထားတဲ့ LUX Magical Spell တို့ပဲ ဖြစ်ပါတယ်။ ချောမွေ့လှပတဲ့ အသားအရေနဲ့ စွဲမက်ဖွယ် ကိုယ်သင်းရနံ့ကို ပိုင်ဆိုင်ထားခြင်းအားဖြင့် မြင်သူတိုင်း စွဲမက်စရာကောင်းတဲ့အလှကို ပိုင်ဆိုင်ထားမှာပဲ ဖြစ်ပါတယ်။ ပျိုမေတို့အားလုံးပဲ မိမိရဲ့ပင်ကိုအလှနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ တင့်တယ်စွာ လှပနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Sponsored by LUX

SHARE