အာရှသူတွေရဲ့ အသားအရေ ထိန်းသိမ်းစောင့်ရှောက်နည်းများ

အသားအရေ နုပျိုလှပလို သူတိုင်း ကြိုးစားကြည့်သင့်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ရှိရင်းစွဲ အသက် ထက် ပိုပြီး နုပျိုလှပနေချင်သူအနေနဲ့ အသားအရေကို ဘယ်လို လှပအောင် ထိန်းသိမ်း စောင့်ရှောက် ရမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။အဲ့ဒီနည်းလမ်းတွေကတော့….

(၁)”4-2-4″ နည်းလမ်းနဲ့မျက်နှာသစ်

အာရှမိန်းကလေး တွေ သုံးတဲ့ နည်းပါ။ “4-2-4″ method ပါ။လေးမိနစ်က ဆေးဖက်ဝင် သဘာဝ သစ်ဥ၊သစ်ဖုတို့နဲ့ ဖန်တီးထားတဲ့ မျက်နှာသန့်စင်ပေးတဲ့ ( hydrophilic oil )ကို အရင်သန့်စင်၊နှစ် မိနစ်က မျက်နှာသစ်ဆေး၊ကျန် လေးမိနစ်ကတော့ မျက်နှာကို ရေနဲ့ စင်အောင်သေချာ ဆေးတာပါ။ ဒီနည်းကိုတော့ မျက်နှာကို အဆင့်နှစ် ဆင့်နဲ့ သန့်ရှင်းပေးတာပါ။

(၂)ရေမြှုပ်သုံး

မျက်နှာကို သန့်ရှင်းတဲ့ အခါ ရေမြှုပ်ကို သုံးပေးပါ။အသင့်တော်ဆုံး ရေမြှုပ်ကတော့ konjac sponge ပါ။အလှကုန်ပစ္စည်းရောင်းတဲ့ ဆိုင်တွေနဲ့ အွန်လိုင်းပေါ်မှာ အလွယ် တကူ ၀ယ်လို့ ရပါတယ်။အရင်ဆုံး မျက်နှာမသန့်စင်ခင် ရေမြှုပ်ကို ရေနွေးနွေးလေးထဲမှာ မိနစ် အနည်း ငယ်ကြာ စိမ်ပေးပါ။ဒါမှရေမြှုပ်က ပိုနူးညံ့သွားမှာပါ။ပြီးရင်တော့ ရေညှစ်ပြီး၊ မျက်နှာပေါ်မှာ စက်ဝိုင်း ပုံစံ မျိုးနဲ့ ပွတ်ပေးပြီး နဖူးက စ လို့ မေးစေ့အထိ သန့်ရှင်းပေးပါ။

(၃)တစ်ပတ်မှာ တစ်ကြိမ်လောက်တော့ မျက်နှာကို သန့်ရှင်း၊ပေါင်းတင်

အာရှမှာရှိတဲ့ အမျိုးသမီးတွေဟာ တစ်ပတ်မှာ တစ်ကြိမ်လောက်တော့ မျက်နှာကို သေချာ ဆေးကြော၊သန့်ရှင်းပေါင်းတင်တာတွေ လုပ်တတ်ကြပါတယ်။

(၄)နေရောင်ခြည်ကနေ ကာကွယ်(SPF creams သုံး)

နေရောင်ကြောင့် အသားအရေ ထိခိုက် ပျက်စီးတာတွေ မဖြစ်အောင် ကာကွယ် တတ်ကြပါတယ်။ နေပူထဲသွားရင် ထီး၊ဦးထုပ်ဆောင်းပါ။နောက်တစ်ခုကတော့ နေလောင်ဒဏ်ကာကွယ် နိုင်တဲ့ ခရင်ေ တွကို လိမ်းတာ၊နောက်ဆုံး မိတ်ကပ် လိမ်းမယ်ဆိုရင် SPF များများကာကွယ်ပေးနိုင်တာ မျိုးကို ရွေးပါ။

READ
ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ အမြန်ဆုံး ပျောက်တဲ့နည်း

(၅)ဆန်ဆေးရေ

ဟိုး ရာစုနှစ်များစွတည်းက အာရှမိန်းကလေးတွေဟာ ဆန်ဆေးရေကို အလှအပအတွက် သုံး လာကြတာပါ။ဆံပင်နဲ့ အသားအရေ အတွက် ကောင်းပါတယ်။ဆန်ဆေးရေ နဲ့ ပုံမှန် မျက်နှာ သစ်ပေးရင် မျက်နှာကို နူးညံ့ပြီး အသားအရေစိုပြေတောက်ပစေပါတယ်။သန့်ရှင်းတဲ့ ဆန်ဆေးရေ ဖြစ်ဖို့တော့ လိုပါတယ်။ဆံပင်ကိုလည်း ဆန်ဆေးရေနဲ့ လျှော်ပေးရင် ဆံပင်ကို ကျန်းမာ သန်စွမ်းကာ ပိုမို နူးညံ့တောက်ပ စေပါတယ်။

(၆)ပူဒီနာနဲ့ green tea(လက်ဖက်စိမ်း)

အာရှမိန်းမလှလေးတွေရဲ့ လက်စွဲပါ။ဒါကြောင့်လည်း မျက်နှာ Masks ၊ခရင်၊အဆီ တွေမှာ ဆိုရင် လက်ဖက်စိမ်းနဲ့ပူဒီနာတို့ကို အသုံးပြု ဖန်တီးကြတာပါ။ဒါကြောင့် ပူဒီနာ၊လက် ဖက်စိမ်းတို့နဲ့ ပြုလုပ် ထားတဲ့ အလှအပဆိုင်ရာ ပစ္စည်းတွေကို သုံးပေးရင် အသားအရေကို ပိုပြီး ကျန်းမာ၊စိုပြေ တောက်ပစေပါတယ်။

READ
လှချင်ရင် ဒီအစားအစာ(၅)မျိုးကိုစားပါ

(၇)အမြှုပ်အဖြစ် ပြောင်းပြီးမှ အသားအရေနဲ့ထိတွေ့စေ

မျက်နှာသစ်ဆေးနဲ့ တခြား မျက်နှာသန့်ရှင်းတဲ့ ပစ္စည်းတွေကို သုံးမယ်ဆိုရင် ဒီအတိုင်း တိုက်ရိုက် ထိ တွေ့တာမျိုး မလုပ်ကြပါဘူး။မျက်နှာသစ်ဆေးဆိုရင်လည်း အမြှုပ်အဖြစ် အသွင် ပြောင်း ပြီးမှ တိုက်ရိုက် ထိတွေ့တတ်ကြပါတယ်။ဒီနည်းဟာ မျက်နှာ သန့်စင်ပေး တဲ့ ပစ္စည်း တွေကြောင့် အသားအရေ ထိခိုက်ပျက်စီးတာတွေကို သက်သာစေပါတယ်။အဲ့ဒီရည်ရွယ်ချက်နဲ့ပဲ ထုတ်ထားတဲ့ ပိုက်လေးတွေ(Net Bags) တွေ ကို ထုတ်ထားတာပါ။မျက်နှာသစ်ဆေးကို အမြှုပ်ဖြစ်အောင် လုပ်ပြီး မှ အဲ့ဒီအမြှုပ်ကို မျက်နှာပေါ်တင်ပြီး အသုံးပြုတာပါ။ခေါင်းလျှော်ရည်၊ရေချိုးဆပ်ပြာရည် တို့ကိုလည်း အမြှုပ်အဖြစ်အသွင်ပြောင်းပြီးမှ အသုံးပြုတတ်ကြပါတယ်။

(၈)ချေးချွတ်(scrub  လုပ်တာ)

scrub လုပ်တဲ့ ပစ္စည်းတွေကလည်း အသင့်ရှိနေလို့ ဆိုင်သွားစရာ မလိုပဲ အိမ်မှာလည်း ချေး ချွတ်လို့ ရပါတယ်။ scrub လုပ်မယ်ဆိုရင်တော့ အကောင်းဆုံးက whitening mask ကို သုံးပါ။သဘာဝပစ္စည်းတွေ သုံးပြီးလည်း ချေးချွတ်လို့ရပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Ref;brightside

SHARE