အတွင်းခံဘောင်းဘီခိုးမှုနဲ့ အဖမ်းခံခဲ့ရတဲ့ ထိပ်တန်းတက္ကသိုလ်က ပရော်ဖက်ဆာ

unsplash/Fahad Waseem

Keio University ဟာ ဂျပန်နိုင်ငံမှာ သက်တမ်းအကြာဆုံး ထိပ်တန်းတက္ကသိုလ်တွေထဲက တစ်ခု ဖြစ်ပါတယ်။ ၄င်းတက္ကသိုလ်ကနေ စီအီးအိုတွေ၊ ၀န်ကြီးချုပ်တွေ၊ နိုဘယ်ဆုရှင်တွေနဲ့ အာကာသသိပ္ပံပညာရှင်တွေ အများကြီးထွက်တာကြောင့် Keio University ဟာ အမေရိကန်မှာတော့ ဟားဗက်တက္ကသိုလ်၊ အင်္ဂလန်မှာတော့ အောက်စ်ဖို့ဒ်လိုမျိုး ဂျပန်မှာ ထင်ရှားတဲ့ တက္ကသိုလ်ကြီး ဖြစ်ပါတယ်။

အခုအခါမှာတော့ ၄င်းတက္ကသိုလ်မှာ သင်ကြားပြသနေတဲ့ ပရော်ဖက်ဆာတစ်ယောက်ဟာ အမျိုးသမီးအတွင်းခံဘောင်းဘီခိုးမှုနဲ့ အဖမ်းခံရကြောင်း ကြားရပြီး တက္ကသိုလ်အတွက် ရှက်ဖွယ်အတိဖြစ်ခဲ့ကြောင်း soranews24 အရ သိရပါတယ်။

unsplash/Seimei Shiratori

အောက်တိုဘာ(၁၇) ရက်နေ့ နေ့လည်(၂) နာရီအချိန်မှာ Keio University အသုံးချသိပ္ပံဌာနက ပရော်ဖက်ဆာ ဆယ်မဲရှီလာတိုရီဟာ အီချီကာဝါမြို့ရဲ့ လမ်းမတွေပေါ်မှာ လမ်းလျှောက်နေခဲ့ပါတယ်။ ထိုအချိန်မှာပဲ ရှီလာတိုရီဟာ အသက်(၃၀) ၀န်းကျင်အရွယ် အမျိုးသမီးပိုင်ဆိုင်တဲ့ ဘရာနဲ့ အတွင်းခံဘောင်းဘီဆီကို မျက်စိရောက်သွားခဲ့ပါတယ်။ အတွင်းခံအ၀တ်တွေကိုတော့ ပိုင်ရှင်အမျိုးသမီးဟာ အိမ်ရှေ့ ၀ရန်တာမှာ ထုတ်လှန်းထားတာပါ။ အ၀တ်တွေကတော့ စုစုပေါင်း ယန်း၄၀၀ (ဒေါ်လာ ၃.၆၈) တန်ဖိုးရှိတယ်လို့ သိရပါတယ်။

READ
မြွေတစ်ကောင်ကိုမြင်ရုံနဲ့ အဆိပ်ရှိ၊မရှိ အမြန်ခွဲခြားနည်း

ရှီလာတိုရီဟာ ၄င်းအမျိုးသမီးရဲ့အတွင်းခံတွေကို ကိုင်ပြီး ခိုးယူဖို့ ကြိုးစားတဲ့အချိန်မှာပဲ အမျိုးသမီးရဲ့ယောက်ျားဖြစ်သူက လက်ပူးလက်ကြပ်ဖမ်းမိခဲ့တာပါ။ ထိုသူက သူခိုးလို့ အော်ဟစ်ခဲ့တဲ့အတွက် လမ်းထောင့်မှာ ရှိနေကြတဲ့ ရဲတွေကလည်း ချက်ခြင်းပြေးလာပြီး အသက်(၅၆) နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရှီလာတိုရီကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ရှီိလာတိုရီကိုယ်တိုင်ကလည်း သူအတွင်းခံခိုးတာ မေးခွန်းထုတ်စရာမလိုပါဘူးဆိုပြီး ခိုးမှုကို ၀န်ခံခဲ့တယ်လို့ သိရပါတယ်။

unsplash/Michał Parzuchowski

နာရီအနည်းငယ်အကြာမှာတော့ တက္ကသိုလ်ဟာ ၄င်းတို့ကျောင်းက ပါမောက္ခက အတွင်းခံခိုးမှုနဲ့ ရဲအဖမ်းခံရတယ်လို့ သိပြီးပြီးခြင်းမှာ အခုလို ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ “ကျောင်းက ဆရာတစ်ဦး အခုလို အဖမ်းခံရတာကို အလွန်ပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ အခုတော့ ကျောင်းအနေနဲ့ ဖြစ်စဉ်မှန်၊ မှန်မမှန်ကို သေချာစုံစမ်းနေပါတယ်….” ပရော်ဖက်ဆာ ရှီလာတိုရီရဲ့ သိမ်ဖျင်းတဲ့လုပ်ရပ်ကြောင့် Keio University နဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာတော့ အမျိုးမျိုး ဝေဖန်မှုတွေရှိနေကြောင်းလည်း သိရပါတယ်။

READ
ကြက်သားပေါင်းထဲမှာ ပါလာတဲ့ပိုးကောင်ကြောင့် အော်ဂလီဆန်ခဲ့ရကြောင်း ကာယကံရှင်ဖွင့်ဟ

လင်းလင်း (ShweMom)

SHARE