ပိုးကြာဖြူခင်ကို စိန်လက်စွပ် မွေးနေ့ လက်ဆောင် ပေးခဲ့တဲ့ စိန်လင်း(Aroma)


ပိုးကြာဖြူခင်ကတော့ MRTV 4 ကနေ ပြသနေတဲ့ ဇာတ်ကားတွေနဲ့ နာမည်ကြီးအောင်မြင်ခဲ့သူပါ။ဇာတ်လမ်း တွဲ တွေ တိုင်းမှာ ကျရာဇာတ်ရုပ်ကနေ ပီပြင်စွာ သရုပ်ဆောင်တတ်တဲ့ တ်သူလေးပါ။ “မိုးကောင်းကင် အိပ်မက်”  ဆိုတဲ့ ဇာတ်ကား ကတော့ သူမကို အရမ်းအောင် မြင်စေခဲ့တဲ့ ဇာတ်ကားပါ။သူမဟာ အဲ့ဒီဇာတ်ကားထဲက ဆိုင်းမိုင်  ဆိုတဲ့ ဇာတ်ကောင်နဲ့  ပရိသတ်ကြားမှာ အရမ်းကို ရေပန်းစားခဲ့ပါတယ်။တစ်ချို့ ပရိသတ်တွေ ကဆိုရင် သူမကို အခု ထိ ဆိုင်းမိုင် လို့ပဲ ခေါ်နေကြတုန်းပါ။

Image:fb/Poe Kyar Phyu Khin
Image:fb/Poe Kyar Phyu Khin

ဒီဇင်ဘာ (၂)ရက်နေ့က တော့ သူမရဲ့ မွေးနေ့ အကြိုအနေနဲ့ သန်လျင်နယ်လှည့်စတုဒီသာ နတ်စင်တစ်ရာ ကျောင်းတိုက်မှာ မွေးနေ့ အလှူလုပ်ခဲ့ပါတယ်။မွေးနေ့ အလှူ အဖြစ်  ကြာဇံ ချက်နဲ့ ဧည့်ခံခဲ့ပါတယ်။သူမကို မွေးနေ့ လက်ဆောင် အဖြစ်နဲ့ စိန်လင်း(Aroma) က မွေးနေ့ လက်ဆောင်တွေ ပေးခဲ့ပါတယ်။ပေးတဲ့ လက်ဆောင်တွေ ကတော့ အရမ်းလှတဲ့ ပွဲတက် ၀တ်စုံ လေးတွေ နဲ့ စိန်လက်စွပ်ကိုပါ လက်ဆောင် အဖြစ် ပေးခဲ့တာပါ။ပိုးကြာဖြူခင်ကလည်း သူမရဲ့ အကောင့်မှာ..

READ
အနုပညာလှုပ်ရှားမှုတွေ မနားတမ်းလုပ်သွားမယ့် Rain
Image:fb/Poe Kyar Phyu Khin
Image:fb/Poe Kyar Phyu Khin

“ဒီနှစ်မွေးနေ့လေးမှာ စိန်လက်စွပ်ကြီးနဲ့ အတူ အရမ်းလှတဲ့ ပွဲတက်ဝတ်စုံလေးတွေပါ မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ Aroma မှ အဆိုတော် ကိုစိန်လင်းကို ကျေးဇူးအများကြီးတင်ပါတယ် အကို့အနုပညာလမ်းကျောင်းမှာ ဒီထပ်မက ပိုပိုအောင်မြင်ပါစေ 🙏🏻💕🎁🎈🎂…..” ဆုိၿပီး တင္ထားပါတယ္။

ညီမလေး ပိုးကြာဖြူခင် မွေးနေ့အကြိုကို စိန်လက်စွပ်ပေးပြီး suprise လုပ်ပေးခဲ့ပါတယ် ပျော်ရွှင်ပါစေ ညီမလေးရေ။

Posted by Sein Linn aroma on Monday, December 2, 2019

Image:fb/Sein Linn aroma

သူတို့နှစ်ယောက် တွဲပြီး အနုပညာလက်ရာတွေ အများကြီး ဖန်တီးထားကြပါတယ်။ပိုးကြာဖြူခင်နဲ့ စိန်လင်းတို့ ကတော့ ” You Are My Life ” ဆိုတဲ့ စုံတွဲ သီချင်းတစ်ပုဒ် ထွက်ရှိခဲ့ဖူးပါတယ်။သီချင်းလေးကိုတော့ ထက်မွန်က ရေးဖွဲ့ ပေးထားတာပါ။Aroma ရဲ့ ပွဲလေးမှာလည်း အဲ့ဒီသီချင်းလေးကို အတူ သီဆိုခဲ့ဖူးပါတယ်။စိန်လင်းသီဆိုတာကလည်း  ယောက်ျားအားအင် သီချင်းမှာလည်း ပိုးကြာဖြူခင် ပါဝင် သရုပ်ဆောင်ထားပါတယ်။

စိန်လင်း ( aroma ) နဲ့ ပိုးကြာဖြူခင် တို့ရဲ့ အရမ်း​ကောင်းတဲ့" You Are My Life " စုံတွဲအချစ်​သီချင်းအသစ်​စက်​စက်​​လေးကို တင်​​ပေးလိုက်​ပါတယ်​ . . . . . . .Tiktok မှာလဲသီချင်းလေးတက်နေပြီနော်…..👯👇👇👇http://vt.tiktok.com/J9kRPy/Vocalist – Sein Lin (aroma),Poe Kyar Phyu KhinComposer & Music – Htet MonMixing- Banyar(String)သီချင်းလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် First Comment မှာ Link လေးတွေပေးထားတယ်နော်#MMN #Melo #Sein_Lin (aroma) #Poe_Kyar_Phyu_Khin #You_Are_My_Life

Posted by Sein Linn aroma on Tuesday, 13 August 2019

Source:ပိုးကြာဖြူခင်၊စိန်လင်း

SHARE