Ed Sheeran ပွဲမတိုင်ခင်မှာ ဘောင်းဘီစိုခဲ့ရတယ်လို့ ဖွင့်ဟလိုက်တဲ့ Selena Gomez

Image:IG/Ed Sheeran & Selena

Selena Gomez ကတော့ Ed Sheeran ရဲ့ ဖျော်ဖြေပွဲနဲ့ ပတ်သက်တဲ့ သူမရဲ့ အ တွေ့ အကြုံ ကို U.K ရဲ့ KISS FM နဲ့ အင်တာဗျူးမှာ ရင်ဖွင့်ခဲ့ပါတယ်။ဒီ အင်တာဗျူးမှာတော့ သူမရဲ့ ဘ၀မှာ ကြုံခဲ့ရဖူးတဲ့ ရယ်စရာ ဖြစ်ရပ် တစ်ခု အကြောင်းကို ရင်ဖွင့် ခဲ့ပါတယ်။အဲ့ဒီမှာပဲ Sheeran ရဲ့ ဖျော်ဖြေပွဲကို သွားတုန်းက သူမကြုံခဲ့ရတဲ့ ဖြစ်ရပ် အကြောင်းကို ရင်ဖွင့်ခဲ့ပါတယ်။ရယ်စရာလည်း ကောင်းပြီး ဘယ်သူမှ မသိကြတဲ့ ဖြစ်ရပ်ပါ။

Image:IG/Selena
Image:IG/Ed Sheeran

“ကျ မနဲ့ ကျမ သူငယ်ချင်းတွေ က ဖျော်ဖြေ ပွဲတွေ သွားရတာကြိုက်တယ်လေ။ Ed Sheeran က Hollywood Bowl  မှာ ဖျော်ဖြေပွဲ လုပ်တုန်းက ဆိုရင် အဲ့ဒီတုန်းက ယာဉ် ကြော တွေက လုံးဝကို ပိတ်နေခဲ့တာပါ။ကားတွေ အရမ်းကြပ် လမ်းတွေ အရမ်းပိတ် ဆိုတော့ ကျမ မှာ နေရ ထိုင်ရတာ တော်တော်လေး သက်သောင့် သက်သာမရှိခဲ့ ဘူး။ဒီမှာ မို့ ကျမ ပြောတာနော် ..(သူမရဲ့ ခါးအောက် နေရာကို အမူအရာနဲ့ ပြပြီး.) ဒီအကြောင်းကို ဒီမှာ ကျမ ပထမဆုံးပြောတာ။ကျမရဲ့ ဘောင်းဘီ တောင် စိုရွှဲ ကုန်တယ်..ကျမ အရမ်းစိတ်လှုပ်ရှားခဲ့တယ်။ထွက်လဲ ထက်မသွားချင်ဘူး။ဒီ့တော့ ဆွယ်တာကို အောက်နည်းနည်း ဆွဲချ လိုက်တယ်။ပွဲကို အဲ့ပုံနဲ့သွားလိုက်တယ်..”

READ
ရိပ်သာမှာ ကုသိုလ်ယူခဲ့တဲ့ ခင်ဝင့်ဝါ
Image:IG/Selena
Image:IG/Ed Sheeran

ဒီလိုဖြစ်ရပ်ဟာ ကားထဲမှာ ဘေးမှာလည်း သူငယ်ချင်းတွေနဲ့ ရှိနေတဲ့ အချိန် မှာ ဖြစ်သွားခဲ့တာလို့ဆိုပါတယ်။”ရှင်တို့သိတဲ့ အတိုင်းပဲ။ကျမ ဒီအ ကြောင်းကို ကျမ ဘယ်တုန်းကမှ ထုတ်  မပြောဖူးသေးဘူး..။ဒါက သတင်းခေါင်းကြီး ပိုင်းအဖြစ်  ထွက်လာမှာကို အမြန်ဆုံး မြင် ချင်နေပါပြီ.. ဆိုပြီးလည်း ပြောခဲ့ပါတယ်။မီဒီယာ တွေ ကတော့ ဒီအကြောင်းကို သတင်းလုပ် ရေးတော့မယ်လို့ သူမက ဆိုလို ချင်တာပါ။

Source:people

READ
ရုံးခန်းငှားခ မပေးလို့ သတိပေးစာ အကပ်ခံထားရတဲ့ Kendall နဲ့ Kylie Jenner

 

SHARE