Hailey Bieber ကို လိုက်တိုက်ခိုက်နေတဲ့ Fan တွေကို Selena နားချ

Image:Ig/Selena & Hailey Bieber

Selena Gomez ၊ Hailey Bieber  နဲ့ Justin Bieber တို့ ကြားက သုံးပွင့်ဆိုင် ကိစ္စ တွေ ကတော့ အခုထိ ကို မပြီးဆုံးနိုင်သေးပါဘူး။နောက်ဆုံး JB နဲ့ Hailey တို့ လက်ထပ်ပြီးတဲ့ အချိန်ထိတောင်မှ  ဘေးစကားတွေနဲ့ တိုက်ခိုက် မှုတွေ က အခုထိရှိနေတုန်းပါ။ဒီပြဿနာတွေ ထပ်ပြီး တစ်ဖန်အစပြုခဲ့ရတာကတော့ Selena အသစ်ထွက် လိုက် တဲ့ သီချင်းကြောင့်ပါ။အရင်ချစ်သူဟောင်း JB ကို ရည်ညွန်းတဲ့ ပုံစံမျိုး သက်ရောက်တဲ့ အဓိပ္ပါယ်စာသားတွေ အများကြီးပါတဲ့ Selena ရဲ့သီချင်းတစ်ပုဒ်ထွက်ရှိလာခဲ့ပါတယ်။သီချင်းရဲ့ နာမည်ကတော့ “Lose You to Love Me” ပါ။

 

View this post on Instagram

 

1 hour.

A post shared by Selena Gomez (@selenagomez) on

Selena သီချင်းထွက်ရှိပြီး သိပ်မကြာခင်မှာပဲ Hailey Bieber  က သူမရဲ့ IG Story မှာ Post တစ်ခု တင်ခဲ့ ပါတယ်။I’ll Kill You ဆိုတဲ့ သီချင်းကို တင်လိုက်တာပါ။အဲ့ဒီလို တင်လိုက်တဲ့ Post နဲ့ ပတ်သက်ပြီး Selena Fan တွေ က ဒါဟာ Selena ကို ရည်ရွယ်ပြီး တင်တာလို့ မှတ်ယူခဲ့ပါတယ်။”I’ll Kill You” ဆိုတဲ့ သီချင်းကိုတော့ Summer Walker   က သီဆိုထားတာပါ။Selena  ကို ရည်ရွယ်တိုက်ခိုက်တာလို့ စွပ်စွဲမှုတွေ အပေါ်  Hailey Bieber ကတော့ ငြင်းဆန်ခဲ့ပါတယ်။ဒါပေမယ့်လည်း သူမဘယ်လိုပဲ ငြင်းငြင်း Selena Fan တွေ က လက်မခံ ပဲ  Hailey Bieber ကို တိုက်ခိုက်ခဲ့ကြပါတယ်။ဒါကြောင့် Fan တွေ ကို နားချတဲ့ အနေနဲ့ Selena က သူမရဲ့ အ ကောင့်မှာ ဗီဒီယိုဖိုင်တင်ခဲ့ပါတယ်။

READ
ဒီဇိုင်းဆန်းတဲ့ မြန်မာချိတ်ဝတ်စုံလေးနဲ့ ပွဲတက်ခဲ့တဲ့ ခေးကြီးလု
Image:IG/ Hailey Bieber
Image:IG/ Hailey Bieber

“ကျမရဲ့ သီချင်းကို ပရိသတ်တွေ ကြိုက်ကြလို့ ၀မ်းသာပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေက အမျိုးသမီးတွေ ကို ပြန်ပြီး ဒုက္ခ ရောက်အောင် လုပ်တောမျိုးတွေကိုတော့ ကျမအားမပေးဘူး။ ကျမလည်း အဲ့လို မျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ကျေးဇူးပြုပြီး လူတိုင်းကို ကြင်နာပါ။ အခြေအနေက ဘာပဲ ဖြစ်ဖြစ်၊ကျမရဲ့ Fan တွေ ဆိုရင် တခြား သူတွေ အပေါ်မှာ မရိုင်းကြပါနဲ့။ လက်ရှိခံစားနေရတာတွေကို လွှတ်ချ ထုတ်ပြောတာမျိုးတွေ မလုပ်ကြပါနဲ့။ကျေးဇူး ပြု ပြီး  ကျ မ အတွက်မ လုပ်ပါနဲ့…” ဆိုပြီး Hailey Bieber  ကို မုန်းတီးတိုက်ခိုက်တာတွေ မလုပ်ကြဖို့ Fan တွေ ကို နားချခဲ့ပါတယ်။

Image:Ig/Selena & Hailey Bieber

 

“Lose You to Love Me” မှာပါတဲ့ စာသားတော်တော်များများကတော့ JB နဲ့ သူမရဲ့ ပတ်သက်မှုကို ရည်ညွှန်းထားတဲ့ စသားတွေပါ။(၂၀၀၉)ကစပြီး တွဲလိုက်ဆက်လိုက်ဖြစ်နေတဲ့ JB နဲ့ Selena ရဲ့ ဆက်ဆံ ရေးဟာ (၂၀၁၈) မတ်မှာတော့ လုံးဝပြီးဆုံးသွားခဲ့ပါတယ်။အဲ့ဒီနှစ် တစ်နှစ်တည်းမှာပဲ JB နဲ့ Hailey  စေ့စပ်ခဲ့တာပါ။အောက်တိုဘာ (၂၄)မှာလည်း Selena ရဲ့ “Look at Her Now”. ဆိုတဲ့ သီချင်းထထွက်ရှိခဲ့ပါတယ်။

READ
Plastic Surgery မလုပ်ပဲ ပင်ကိုယ်လှတဲ့ ကိုရီးယားမင်းသမီး​လေး​များ

Source: selena-gomez instagram ၊ twitter

SHARE