မှန်ကန်စွာ လက်ဆေးနည်း သရုပ်ပြတဲ့ SafeHands Challenge မှာ Selena ပါဝင်

Image:IG/Selena

ကမ္ဘာ့ နိုင်ငံ တော်တော်များများမှာတော့ COVID-19  ကပ်ရောဂါ ဆိုး နဲ့ရင်ဆိုင်နေကြရပါတယ်။ပျောက်ကင်းအောင် ကုသဖို့ နဲ့ ကြိုတင်ကာကွယ်နိုင်တဲ့ ဆေးဝါးမရှိတဲ့ ကပ်ရောဂါ ဆိုးမို့ သေဆုံးမှုနဲ့ ကူးစက်မှု နှုန်းက တစ်နေ့ တခြား မြင့်တက်လျက်ရှိပါတယ်။အခုလို အချိန်မှာ လုပ်နိုင်တဲ့ အကောင်းဆုံး နည်းကတော့ လူထူထပ်တဲ့ နေရာတွေ ကို ရှောင်ပြီးကိုယ့်အိမ်မှာ ကိုယ်နေတာ၊အပြင်ကပဲ ပြန်လာလာ၊ပစ္စည်းတစ်ခုခုကို ကိုင်ပြီး တိုင်း လက်ကို သေချာ စင် ကြယ်အောင် ဆေးကြော ပေးရမှာပါ။ပြည်သူတွေကို ပညာပေးတဲ့ SafeHands Challenge ကတော့  ဆိုရှယ်မီဒီ ယာ မှာ နာမည်ကြီးနေပါတယ်။အခုဆိုရင်တော့ ဒီChallenge မှာ Selena ပါဝင် ခဲ့ပါတယ်။

Image:IG/Selena
Image:IG/Selena

လက်ကို မှန်ကန်တဲ့ နည်းနဲ့ သေချာ စင်ကြယ်အောင် ဆေးကြောသန့်ရှင်း ကြဖို့   Selena က သရုပ်ပြ လက် ဆေး ခဲ့ပါတယ်။SafeHands Challenge မှာ တခြားသူတွေ ပါဝင် ကြဖို့ကိုလည်း ဖိတ် ခေါ် ခဲ့ပါတယ်။ဗီဒီယိုဖိုင်ကိုတော့ အပိုင်း (၂)ပိုင်းနဲ့ မတ်လ (၂၁) ရက်နေ့က သူမရဲ့ အိမ်မှာ ရိုက်ပြီး တင်လိုက်တာပါ။ဒီဗီဒီယိုဖိုင်ကို ရဖို့ အကြိမ် ကြိမ် ပြန်ရိုက်ခဲ့ရတယ်လို့ လည်း ပြောခဲ့ပါတယ်။

Selena ကလက်သည်းရှည်တဲ့  မိန်းကလေးတွေ အတွက် နည်းတစ်ချို့ ကိုပါ ဝေမျှ ခဲ့ပါတယ်။လက်သည်း အတွင်း ပိုင်း အထိ ပါ သန့်ရှင်းနိုင်ဖို့ အတွက် ဆပ်ပြာ ရှိနေတဲ့ လက်ဖ၀ါး ကို လက်သည်းတွေနဲ့ ကုတ်ခြစ် ပေးပါ လို့ပြောခဲ့ပါတ ယ်။လက်ချောင်းကြားတွေ ကိုပါ သေချာ ပွတ်တိုက် ဆေးကြော ကြပါလို့လည်း တိုက်တွန်းခဲ့ပါတယ်။ဒီ challenge မှာ ပါဝင် ဖို့ Gigi Hadid, Olivia Wilde ၊Cardi တို့ ကိုပါ ဖိတ် ခေါ်ခဲ့ပါတယ်။Olivia Wilde ကတော့ Challenge ကို ချက်ချင်းလက်ခံ ခဲ့ပါတယ်။ #SafeHands challenge  ကတော့ Nicole Scherzinger,  Billy Porter — Gordon Ramsay  တို့ ကလည်း လိုက်လုပ်ခဲ့ပါတယ်။

Source:Selena’s IG /hollywoodlife

SHARE