Taylor နဲ့ သူမရဲ့ မိသားစု အကြောင်းပြောရင်း မျက်ရည်ကျခဲ့တဲ့ Selena Gomez

Image:IG/Selena

အဆိုတော် Selena Gomez ကတော့ နယူးဇီလန် ရေဒီယို DJ တစ်ဦးဖြစ်တဲ့ Zane Lowe နဲ့ အတူ အင်တာဗျူးလုပ်ခဲ့ပါတယ်။အဲ့ဒီအင်တာဗျူးမှာတော့  သူမရဲ့ အယ်ဘမ်သစ်အကြောင်း၊ရောဂါကုထုံးခံယူခဲ့တဲ့ အကြောင်း၊ Taylor Swift နဲ့ သူမရဲ့ Friendship အကြောင်းကို ပြောသွားခဲ့ပါတယ်။သူမရဲ့ အယ်ဘမ် သစ်နဲ့ ပတ်သက်ပြီး ပြောရာမှာတော့…အယ်ဘမ်သစ်ထွက်ဖို့ လေးနှစ်လောက် ပြင်ဆင်လာခဲ့တာပါ။ထုတ်ပြောဖို့ အချိန် ကောင်း မဟုတ်သေးဘူးလို့ ခံစားရလို့ ဘာကိုမှတော့ ကျမ ထုတ်မပြောချင်သေးဘူး။နောက်ဆုံး ထွက်ခဲ့တဲ့ အယ်ဘမ်ကနေ ကျမ အများကြီး လေ့လာသင်ယူခဲ့ရတာတွေရှိတယ်။

Image:IG/Selena
Image:IG/Selena

ကျမ သင်ယူခဲ့ရတာတွေကို ပိုကောင်းတဲ့ အရာ တွေ အဖြစ် ပြောင်းလဲ တယ်။လုပ်နိုင်ခဲ့လို့လဲ ကျမ ၀မ်းသာပါတယ်။ဘာလို့ လဲဆိုတော့ ဒီနှစ်မှာ အရာ တိုင်းက ကျမအတွက် လွတ်လပ် ပေါ့ပါးသွားလို့ပဲ။ အရင်တုန်းက ရှင်းရှင်းလင်းလင်း ထုတ်မပြောနိုင်ခဲ့တဲ့ အရာတွေကို ကျမ စပြီး ထုတ်ပြော လာနိုင်တယ်။ဒါ တကယ်ပဲ ဖြစ်သင့်နေတဲ့ အရာပါ။အရင်က ပြောခဲ့ဖူးသလိုပဲ  လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျမတို့ ဗီဒီယိုတွေ ရိုက်တယ်။

 

View this post on Instagram

 

Some of my favorite moments on set ❤️

A post shared by Selena Gomez (@selenagomez) on

သူမ ရောဂါကုထုံး ခံယူတာနဲ့ ပတ်သက်ပြီး မေးတဲ့ အခါမှာတော့..” ရောဂါကုထုံး ကုသမှု ခံယူတာ နှစ်အတော်ကြာပါပြီ။ ကျမရဲ့ အတွေးတွေ၊ခံစားချက်တွေနဲ့ ကျမရဲ့ ပျော်ရွှင်မှုတွေကို ပြန်ပြီး အမှတ်ရဖို့ အတွက် အလုပ်တွေ ခဏ နားတယ်။ဒါပေမယ့် ဒါနဲ့ ပတ်သက်ပြီးကျမဘက်က အမြဲ တမ်း ပွင့်ပွင့်လင်းလင်းရှိတယ်။ကျမ ဘယ်လိုလုပ်မလဲ ကျမ ရွေးချယ်တယ်။

READ
ဇူလိုင်လ ဒုတိယအပတ်အတွင်းထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းများ
Image:IG/Taylor
Image:IG/Selena

Taylor Swift နဲ့ သူမရဲ့ ကြားက မိတ်ဆွေ ဆက်ဆံ ရေး အကြောင်း မေးတဲ့ အခါမှာတော့…”Taylor က အရမ်းခင်စရာ ကောင်းတယ်။တကယ့်ကို ကောင်းတဲ့ သူငယ်ချင်းပါ။ကျမအဆင်မပြေ စိတ်ညစ်နေရင် သူ လဲ လိုက်စိတ်ညစ်ပေးတယ်။ ကျမ ၀မ်းနည်းရင် သူလိုက်ဝမ်းနည်းပေးတယ်။ကျမရဲ့ သူငယ်ချင်းတွေ က ကျမရဲ့ ဘေးမှာ ရပ်တည်ပေးကြတယ်။အရမ်းနာကျင်ခံစားနေရတဲ့ ကျမပုံကို သူတို့မြင်နေရလို့ လို့ ကျမထင်တယ်။ကျ မဒီလို ဖြစ်တာ သူတို့ မလိုလားဘူး။ဒါပေမယ့် သူတို့…. Sorry..သူတို့ကျမကို ဆက်ချစ်နေေ ပးခဲ့တယ်။

ကျမ ဒီသီချင်းကို သူမကိုဖွင့်ပြတယ်။သူမရဲ့ မေမေ၊ဖေဖေ တို့ကိုလည်း ဖွင့်ပြတယ်။သူမကို ကျမ ဗီဒီယိုကို လည်းပြတယ်။ Taylor ရဲ့ မေမေ နဲ့ ဖေဖေက ငို ကြတယ်။သီချင်းက အရမ်းကို ခံစားနေရလို့ မဟုတ်ဘူးနော်။ သူတို့ကျမကို ပထမဆုံး ပြောလိုက်တဲ့ စကားက  ကျမကို အခုလို တွေ့ရတော့ သူတို့အရမ်း ပျော်တယ်ဆိုပြီး ပြောခဲ့တယ်။ကြည်နူးစရာ အခိုက်အတန့် လေးပါပဲ။ဒါက ကျမ အတွက်တော့ ကြီးမားတဲ့ အရာပဲ …” ဆိုပြီး ဖွင့်ဟသွားခဲ့ပါတယ်။

READ
သက်ဆိုင်သူနဲ့အတူ “ရင်ဘတ်ထဲကဓား” ကို သွားရောက်အားပေးမယ့် ပိုင်ဖြိုးသု

Source: applemusic

SHARE