ဆိုရှယ်မီဒီယာက ကြောက်စရာကောင်းတယ်ဆိုတဲ့ Selena Gomez

Selena Gomez ကတော့ ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီး သူမရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြော ခဲ့ပါတယ်။ လူငယ်တွေ အတွက် ဆိုရှယ်မီဒီယာဟာ ကြောက်စရာကောင်းတယ်ဆိုပြီး ပြောလိုက်တာပါ။Gomez ကတော့ လက် ရှိမှာဆိုရင် Follower သန်း (၁၅၀) ကျော်ပိုင်ဆိုင်ထားတဲ့ ဆယ်လီတစ်ယောက်ပါ။သူမရဲ့ Instagram အကောင့် ကတော့ Cristiano Ronaldo နဲ့ Ariana Grande တို့ပြီးရင် တတိယမြောက် Follower အများဆုံး ပါ။အဲ့ဒီလို လူ တစ်ယောက်က ကိန်းစ်ရုပ်ရှင်ပွဲတော်ရဲ့ သတင်းစာရှင်းလင်းပွဲ မှာ ဆိုရှယ်မီဒီယာဟာ ကြောက်စရာ ကောင်းတယ် လို့ ပြောခဲ့တာပါ။ဆိုရှယ်မီဒီယာ Platform မှာရှိနေတဲ့ လူငယ်မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေကို ကြည့်လိုက် တဲ့ အခါမှာတော့ သူမအနေနဲ့ ကြောက်ရွံ့ မိတယ်လို့ ပြောခဲ့ပါတယ်။သူမဟာ Jim Jarmusch ရဲ့ “The Dead Don’t Die,” ဆိုတဲ့ ဇာတ်ကား သစ်ကို Promote လုပ်တဲ့ အနေနဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့တာပါ။ ဒီဇာတ် ကားမှာတော့ Bill Murray, Adam Driver နဲ့  Tilda Swinton တို့ ပါဝင်ထားပါတယ်။

READ
ငယ်ဘဝ ပုံရိပ်လေးတွေကို ထုတ်ပြလိုက်တဲ့ မထက်
dailymail
dailymail

“သူတို့တွေဟာ  သတင်း နဲ့ တခြားဖြစ်ပျက်နေတဲ့ အရာတွေကို စိတ်မ၀င်စား သတိမထား မိကြတော့ဘူး။ဒါက အရမ်း ကို တစ်ကိုယ်ကောင်းဆန် (selfish) ဖြစ်လွန်းတယ်။တစ်ကိုယ်ကောင်းဆန်တယ်လို့ တော့ မပြောချင်ဘူး။ဘာလို့ လဲ ဆိုတော့ ဒါက ရိုင်းတယ်။ဒါပေမယ့် ဒါက အရမ်းကို အန္တရာယ်ရှိတယ်ဆိုတာကတော့ အသေအချာပဲ။ကျမတို့ ကမ္ဘာကြီး မှာ ဖြစ်ပျက်နေတာတွေ အများကြီးပဲ။ဒါပေမယ့် အထူးသဖြင့် ကျမတို့ generation မှာက ဆိုရှယ်မီဒီယာဆိုတာကြီး က အရမ်းကို ကြောက်စရာကောင်းတယ်…” လို့ သူမက ပြောခဲ့ပါတယ်။social media environment ကို တိုး တက်လာဖို့ ၊Safe ဖြစ်အောင် လုပ်နိုင်လားဆိုတဲ့ မေးခွန်းကိုတော့…Gomez က ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ပွင့်ပွင့်လ င်းလင်း ပြန်ဖြေခဲ့ပါတယ်။ထပ်ပြီးတော့လည်း သူမရဲ့ Fan တွေ အတွက် ဖိအားဖြစ်စေမယ့် မလိုအပ်တဲ့ အရာတွေ ကို Instagram ပေါ်မှာ မတင်ဖို့ ကိုလည်း သူမဘက်က ကြိုးစားနေပါတယ်လို့ ပြောခဲ့ပါတယ်။
dailymail
dailymail

“မိန်းကလေးငယ်လေးတွေဟာဆိုရင် ဆိုရှယ်မီဒီယာပေါ်မှာ bullying လုပ်ခံနေရတာတွေကို ကျမမြင်နေရတယ်။သူ တို့ မှာ သူတိုရဲ့ ကိုယ်ပိုင်စကားသံ၊ရင်ဖွင့်သံတွေကို ထုတ်ပြောလို့ မရနိုင်ကြဘူး..” လို့ ပြောခဲ့ပတယ်။social media ကနေ ခဏလေး အနားယူဖို့ (အသုံးပြုတာ ခဏရပ်ဖို့)ကိုလည်း ပြောခဲ့ပါတယ်။သူမကိုယ်တိုင်လည်း ဆိုရှယ်မီဒယာ ပေါ်က အလှအပတွေနဲ့ တအံ့တသြဖြစ်စရာ .လူမျိုးတွေကို မြင်လိုက်တိုင်း စိတ်ဓါတ်ကျခဲ့ ရကြောင်း…

selena ‘s IG
selena ‘s IG

ဒါကြောင့် ဆိုရှယ် မီဒီယာ သုံးတာကို ခဏလောက်လေး Break လုပ်ဖို့ က အရေးကြီးကြောင်း၊ဆိုရှယ်မီဒီယာပေါ်က အများစု ဟာ တကယ့် အစစ်အမှန်မဟုတ်ကြောင်း၊ဒီလို ရိုင်းရိုင်းပြောဖို့ တော့ မရည်ရွယ်ပေမယ့် ဒါဟာ လုံးဝကို လက်တွေ့ မကျ  ဘူး လို့ ပြောခဲ့ပါတယ်။မနှစ်တုန်းက သူမကိုယ်တိုင်လည်း ဆိုရှယ်မီဒီယာပေါ်မှာ bullying  လုပ် ခံခဲ့ရပါတယ်။ဘီကီနီ နဲ့ ပုံကို IG မှာ တင်ခဲ့ပြီး အဲ့ဒီပုံကို Troller တွေ ၀ိုင်းပြီး body shamming လုပ်တာကို ခံခဲ့ရတာပါ။

READ
Reality Show အစီအစဉ်တစ်ခုမှာ ပင်တိုင်အနေနဲ့ ပါဝင်လာတော့မယ့် Brad Pitt
dailymail
selena ‘s IG
Source cnn
SHARE