ပရိသတ်ကို ရင်သပ်ရှုမောဖြစ်စေခဲ့တဲ့ Selena Gomez ရဲ့ AMAs ပွဲတက်ဖက်ရှင်

Image:IG/Selena Gomez News

American Music Awards 2019 ပွဲကိုတော့ နိုဝင်ဘာ (၂၄)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာတော့ အနုပညာရှင်တွေက သူ့ထက်ငါ အပြိုင်လန်းတဲ့ ဖက်ရှင်တွေကို ၀တ်ဆင်ပြီး တက်ရောက်ခဲ့ကြပါတယ်။ Selena Gomez, Taylor Swift နဲ့ Carrie Underwood တို့ရဲ့ ၀တ်စုံတွေ ကတော့ အကောင်းဆုံးအမိုက်စား ၀တ်စုံစာရင်း မှာ ဦးေ ဆာင် နေကြပါတယ်။

Image:IG/Selena Gomez
Image:IG/Selena Gomez
Image:IG/Selena Gomez

Selena ရဲ့ ဖက်ရှင် အလှကိုတော့ အားလုံးရဲ့ မျက်စိတွေ လုံးဝ မခွာ နိုင်ဖြစ်ခဲ့ရပါတယ်။ အသက် (၂၇)နှစ် အရွယ် Selena ကတော့ LA’s Microsoft theater ရဲ့ ကောဇောနီ ထက်ကို နီယွန်စိမ်း Versace dress ကို ၀တ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။

Image:IG/Selena Gomez
Image:IG/Selena Gomez

မကြာသေးခင်ကမှ Lose You To Love Me  သီချင်း ထွက်ရှိထားတဲ့ Selena ကတော့ အစိမ်းနု ရောင်နဲ့ လုံးဝ သူမရဲ့ ကောက်ကြောင်းအလှကို ပေါ် လွင်စေတဲ့ ၀တ်စုံကို ရွေးချယ် ၀တ်ဆင် တတ်ရောက်ခဲ့တာပါ။ ရင်ခံပုံစံ ၀တ်စုံကတော့ အပေါ်ပိုင်းမှာရှိတဲ့ သူမရဲ့ ရင်ဘတ်ကို လုံးဝ ပင့်တင်ထားပါတယ်။ ဖိနပ်နဲ့ အကျီင်္ကိုပါ ဆင်တူ ရွေးချယ် ၀တ်ဆင် ထားတာကို တွေ့ရပြီး သူမရဲ့ ၀တ်စုံနဲ့ သူမက တော့ လုံးဝ လိုက်ဖက်ပြီး Sexy ကျ နေခဲ့ပါတယ်။

Image:IG/Selena Gomez News

Selena ကလည်း ပွဲက ပုံလေးတွေကို သူမရဲ့ အကောင့်မှာ ပြန်တင်ထားပါတယ်။ သူမဘက်ကနေ ရပ်တည် ပေးကြတဲ့ သူမရဲ့Team နဲ့  Fan တွေကို ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။ ပွဲမှာတော့ သီချင်းနှစ်ပုဒ်နဲ့ ဖျော်ဖြေ ခဲ့ပါတယ်။Selena ဟာ TV Live တင်ဆက်မှု မလုပ်တာ နှစ်နှစ်လောက်ရှိပါပြီ။

“Lose You to Love Me”  ၊”Look at Her Now”  ဆိုတဲ့ သီချင်းတွေ နဲ့ ဖျော်ဖြေ တင်ဆက်ခဲ့တာပါ။ ဖျော်ဖြေ တင်ဆက်မှု မလုပ်ခင်မှာ Panic Attack ရခဲ့ပါသေးတယ်။ သီချင်းသီဆိုမှုနဲ့ ပတ်သက်ပြီး ကီးကြောင် တာတွေ ရှိတယ်လို့ ဝေဖန်ပြောဆိုမှုတွေ လည်းရှိခဲ့ပါတယ်။

Source: Daily Mail

SHARE