JB အပေါ် Selena Gomez တစ်ဖက်လှည့်နဲ့ တုံ့ပြန်လိုက်ပြီလား..?

လက်တလောမှာတော့ Justin Bieber နဲ့ သူ့ချစ်သူ မော်ဒယ်မလေး Hailey Baldwin တို့ရဲ့ စေ့စပ်သတင်းဟာ အတော်လေးကို လူပြောများနေပါတယ်။ JB နဲ့ Hailey Baldwin တို့ရဲ့ အခြေအနေကို မီဒီယာတွေရော၊ ပရိသတ်တွေကပါ စောင့်ကြည့်နေသလို တစ်ဖက်မှာလည်း JB နဲ့ပတ်သက်ပြီး အချစ်ဟောင်း Selena Gomez  ဘက်ကနေ ဘာတွေ ဘယ်လိုတုံ့ပြန်လာမလဲ ဆိုတာကို အားလုံးက စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။ Ex ရဲ့ စေ့ စပ် သတင်းတွေ အွန်လိုင်းပေါ်မှာ ပလူပျံနေချိန်မှာတော့ Selena တစ်ယောက်ကတော့ အပျော်စီး သင်္ဘောပေါ်မှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ကြီး အနားယူနေခဲ့ပါတယ်။ အခုဆိုရင်တော့ Selena Gomez နယူးယော့ခ်စီးတီးမှာ ၀တ်ဆင်ခဲ့တဲ့ တီရှပ်က အတော်လေးလူပြောများနေပါတယ်။ အားလုံးကတော့ ဒါဟာ အချစ်ဟောင်းစေ့စပ်လိုက်တဲ့ အပေါ် သူမရဲ့ တုံ့ပြန်မှုလို့ တစ်ထစ်ချ ယုံကြည်နေပါတယ်။

metro

Selena Gomez က နယူးယော့ခ်စီးတီးမှာ အနက်ရောင်တီရှပ်ကို ၀တ်ဆင်ပြီး ထွက်ပေါ်လာခဲ့ပါတယ်။ တီရှပ်ကတော့ ပုံမှန် ပဲ ဆိုပေမယ့် တီရှပ်ပေါ်မှာတော့ ‘only the strong survive’ ဆိုတဲ့ စာတန်းပါဝင် နေပါတယ်။ ဒါဟာ သူမရဲ့ လက်တလောခံစားချက်ကို တစ်ဖက်လှည့်နဲ့ ဖွင့်ဟလိုက်တာလို့ အားလုံးက ထင်နေကြတာပါ။ Selena နဲ့  JB တို့ဟာ (2010) လောက်တည်းတ တွဲနေကြပြီဆိုပြီး သတင်းထွက်ခဲ့တာပါ။ပရိသတ်တွေကလဲ သူတို့စုံတွဲကို အရမ်း လိုက် ဖက်တယ်ဆိုပြီး Jelena လို့တောင် ခေါ်ခဲ့ကြတာပါ။ (၂၀၁၀)တည်းက တွဲနေပြီလို့ သတင်းထွက်ခဲ့ပေမယ့် (၂၀၁၁) ဇန်န၀ါရီမှာတော့ နှစ်ယောက်သားပတ်သက်မှုကို အတည်ပြုခဲ့တာပါ။ (၂၀၁၂)နိုဝင်ဘာမှာတော့  ပြတ်စဲ ခဲ့ကြပါတယ်။ (၂၀၁၃) ဇန်န၀ါရီမှာတော့ ပြန်တွဲနေပြီဆိုပြီး သတင်းထွက်ပေါ်ခဲ့ကာ (၂၀၁၄) ဒီဇင်ဘာမှာတော့ JB က Hailey Baldwin နဲ့တွဲနေပြီလို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ဒါပေမယ့် JB က ဒီသတင်းကို ငြင်းခဲ့ပါတယ်။ ဒါပေမယ့် (၂၀၁၆) မှာတော့ သူတို့နှစ်ယောက် အတူသွားလာနေကြတဲ့ ပုံတွေ ထွက်ပေါ်ခဲ့ပါတယ်။

READ
ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်သွားမယ့် ကမ္ဘာကျော်တွေရဲ့ အိမ်များ
enews
metro

(၂၀၁၆)နိုဝင်ဘာမှာတော့ JB က Selena ဆီကို ၀င်ထွက်သွားလာနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ပါ တယ်။ (၂၀၁၇) ဇန်န၀ါရီမှာတော့ Selena ကThe Weeknd နဲ့တွဲခဲ့ပါတယ်။(၂၀၁၇) အောက်တိုဘာမှာတော့ JB နဲ့ Selena တို့ အတူသွားလာနေခဲ့ကြတဲ့ ပုံတွေ ထွက်ပေါ်ခဲ့ပြီး နိုဝင်ဘာမှာတော့ သူတို့နှစ်ယောက် နမ်း နေတဲ့ ပုံတွေ ပါထွက်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲ တောက်လျှောက်တွဲလာတဲ့ သူတို့ဟာ (၂၀၁၈) မတ်လမှာတော့ ထပ်ပြီး လမ်းခွဲ ခဲ့ပါ တယ်။(၂၀၁၈) ဇွန်မှာတော့ Hailey Baldwin နဲ့ JB တို့ အတူသွားလာနေတဲ့ ပုံတွေ ထွက်ပေါ် ခဲ့ပြီး နောက်ဆုံး မှာတော့ စေ့စပ်ခဲ့ကြတာပါ။

READ
Body အလှကို ထုတ်ပြလိုက်တဲ့ Gigi နဲ့ Bella တို့ရဲ့ ၀မ်းကွဲညီမလေး
metro

အခုလောက်မြန်မြန်ကြီး စေ့စပ်သွားတဲ့ အတွက် Selena က အံ့အားသင့်ခဲ့ပေမယ့် JB က ဒီလိုမျိုး အံ့အားသင့်ရမယ့် လုပ်ရပ်မျိုးကို လုပ်တတ်သူဆိုတာကို သိထားပြီး ဖြစ်တဲ့ အတွက် တစ်ဖက်မှာလည်း အရမ်း တော့ အံ့အားမသင့်ခဲ့ပါဘူး။သူမနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကတော့ JB စေ့စပ် လိုက်တဲ့ အပေါ် Selena က ဂရုမစိုက်ကြောင်း၊JB အပေါ် တကယ်ပဲ စိတ်ပြတ်သွားပြီဖြစ်ကြောင်း၊ပေါင်းဖက်ဖို့နောက်ဆုံးအကြိမ် ထပ်ကြိုးစား ခဲ့ပေ မယ့် ဘာမှမဖြစ်လာခဲ့ကြောင်းနဲ့ အခုဆိုရင်တော့ တကယ်ပဲ JB အပေါ် စိတ်ပြတ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ လက်တေ လာမှာတော့ သူငယ်ချင်းတွေနဲ့ အတူ အချိန်တွေ ကုန်ဆုံး၊ဘုရားကျောင်းသွားတာတွေကိုပဲ လုပ်နေ တယ်လို့ သိရပါတယ်။

Source metro, fashionmagazine

SHARE