(၂)နှစ်ကြာ ဆိုရှယ်မီဒီယာကနေ ပျောက်ကွယ်သွားတဲ့အကြောင်း ဖွင့်ဟခဲ့တဲ့ Selena Gomez

YouTube/SelenaGomez

အားလုံးသိတဲ့အတိုင်းပဲ အချိန်အတော်ကြာအနားယူခဲ့တဲ့ ဆယ်လီနာဂိုးမက်(Selena Gomez)ဟာအခု သီချင်းအယ်ဘမ်လ်အသစ်နဲ့ ပရိတ်သတ်တွေရှေ့အအောင်မြင်ဆုံး ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အခုလို အကောင်းဆုံးပြန်လည်ရပ်တည်နိုင်ဖို့အတွက်လည်းသူမအနေနဲ့ အခက်အခဲမျိုးစုံကို ရင်ဆိုင်လာခဲ့ရတာပါ။

လူမှုကွန်ယက်တွေပေါ်မှာ လူတွေက သူ့အကြောင်းတွေနဲ့ပတ်သက်ပြီး သူမရဲ့နေထိုင်မှုပုံစံ၊သူမရဲ့ဘ၀ရှင်သန်ပုံတွေ၊ ပြီးတော့ သူမရဲ့အသံစွမ်းရည် နဲ့ နောက်ဆုံးသူမရဲ့ခန္ဓာကိုယ် ကိုပါ သူတို့စိတ်ထဲရှိသလို ထင်မြင်ယူဆဝေဖန်မှုတွေကို မခံနိုင်တော့တဲ့အဆုံးဆယ်လီနာဟာ (၂၀၁၈)ခုနှစ်မှာ စပြီး အင်စတာဂရမ်နဲ့တွစ်တာကနေ (၂)နှစ်ကြာအနားယူ လိုက်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဆယ်လီနာက Apple Music’s Beats 1ရဲ့ New Music Daily အင်တာဗျူးမှာအခုလိုပြောခဲ့တာပါ။ ကျွန်မ(၂)နှစ်ကြာ ဆိုရှယ်မီဒီယာကနေရှောင်ထွက်ခဲ့တယ်။ ဝေဖန်တိုက်ခိုက်မှုတွေ၊စိတ်ဖိစီးမှုတွေက ခံနိုင်ရည်မရှိတော့လောက်အောင်အထိ အရမ်းကိုပြင်းထန်တယ်။အရမ်းလည်းခံစားခဲ့ရတယ်။ မျက်ရည်ကျခဲ့ရတဲ့အထိပါပဲ။ အဲ့ဒီနောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုအများကြီးဝေဖန်သုံးသပ်ခဲ့တယ်။ ငါက ဒီလိုလူတွေကိုပဲ ကြည့်နေမှာလား သူတို့စကားတွေနဲ့ခံစားနေမှာလား။ ငါ့ကိုချစ်ခင်အားပေးနေတဲ့သူတွေအတွက်ရော သူတို့ဘယ်လိုလုပ်မလဲ၊ လူတိုင်းရဲ့ဘ၀တွေက အံ့သြစရာကောင်းပါတယ်။ အဲ့ထဲမှာ ငါလည်းပါတယ်လို့ သုံးသပ်ခဲ့တယ်။

 

 

View this post on Instagram

 

So my rare video is out! So I’m posting a few pics from that day

A post shared by Selena Gomez (@selenagomez) on

ဆိုရှယ်မီဒီယာကနေအနားယူလိုက်တဲ့အချိန်က အတော်လေးတော့ စိတ်သက်သာရခဲ့ပါတယ်။ အခုလို အကောင်းဆုံးပြန်လာနိုင်ဖို့ အတွက် တကယ့်ကိုအကူအညီကောင်းဖြစ်ခဲ့တယ်။ အရင်ကပုံစံဟောင်းကြီးကို ထားခဲ့ပြီး၊ ဘ၀ကို အကောင်းဆုံးကြိုးစားဖြတ်သန်းသွားမယ်လို့ ဆယ်လီနာက ဆိုပါတယ်။

အသက်(၂၇)နှစ်အရွယ် ပေါ့ပ်အဆိုတော်မလေးဆယ်လီနာဟာ သူမရဲ့ အယ်လ်ဘမ်သစ် Rareအတွက် သီချင်းတွေ ရေးသားပြီးနောက်ပိုင်း မကောင်းတဲ့မှတ်ချက်တွေကို မျက်ကွယ်ပြုတတ်လာပြီး ဆိုရှယ်မီဒီယာပေါ် အကောင်းဆုံးပြန်လည်ခြေချလာခဲ့တာလည်းဖြစ်ပါတယ်။

ဆယ်လီနာက သူမရဲ့အယ်လ်ဘမ်အသစ်နဲ့ စတင်ပြီး သစ်လွင်မှုတွေနဲ ပြန်ရောက်လာပါပြီ။ ဆက်လက်ပြီး လုပ်နိုင်သလောက်အရာရာတိုင်းကို အကောင်းဆုံး ဆက်လုပ်သွားမှာပါလို့ သူမရဲ့ပရိတ်သတ်တွေကို ပြောကြားခဲ့ပါတယ်။

ဆယ်လီနာ ပြန်လည်စတင်လာခဲ့တဲ့ သီချင်းသစ် lose you to love me သီချင်းဟာ music chart တွေမှာ အောင်မြင်မှုများစွာရရှိခဲ့ပြီး၊ အသစ်ထွက်ရှိလာတဲ့ Rare အယ်ဘယ်လမ်ဟာလည်း ရောင်းအားအကောင်းဆုံး best selling digital အဖြစ်ရပ်တည်နေသလို၊ အင်စတာဂရမ်မှာလည်း follower တစ်သန်းတိုးထပ်တိုးကာ ဆက်တိုက်အောင်မြင်မှုတွေရရှိနေတာဖြစ်ပါတယ်။

Khaing Sandar

SHARE