Selena ရဲ့Comment တစ်ကြောင်းကြောင့် Post ပါ ဖျက်ပစ်လိုက်တဲ့ Bella Hadid

Image:twitter/@GomezIsland & Bella 's IG

Selena Gomez နဲ့ Bella Hadid တို့ ကြားက ရန်စ မီးပွားလေးတစ်ခုကတော့ မကြာသေးခင်က လူသိရှင် ကြား ထွက်ပေါ်ခဲ့ပါတယ်။Selena ကတော့ ဂီတဘက်မှာ အရမ်းကို အောင်မြင်နေတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပြီ့း Bella Hadid  ကလည်း သူမရဲ့ မော်ဒယ်လိုင်းဘက်မှာ အရမ်းကို အောင်မြင်နေတဲ့ သူတစ်ယောက်ပါ။သွားတဲ့ လမ်းကြောင်းလည်း မတူတဲ့ သူမတို့နှစ်ယောက်ကြားမှာ အဓိကဆက်နွယ်နေတဲ့ တစ်ခုတည်းသော အရာကတော့ The Weeknd ပါ။ The Weeknd ကတော့ Selena နဲ့ရော Bella နဲ့ပါ  တွဲခဲ့ဖူးပါတယ်။Bella Hadid  နဲ့ တွဲပြီးနောက် Selena နဲ့ တွဲခဲ့ပါတယ်။Selena နဲ့ ပြတ်ပြီးနောက် Bella နဲ့ ပြန်တွဲ ခဲ့တာပါ။

Image:IG/Bella Hadid
Image:IG/Selena

လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က Selena Gomez က ဘယ်သူမှ ထင်မထားတဲ့  အရာတစ်ခုကို လုပ် ခဲ့ပါတယ်။Bella Hadid ရဲ့ IG ကို Follow လုပ်ခဲ့တာပါ။ဘာကြောင့် ရုတ်တရက်ကြီး Follow လုပ်ခဲ့လဲ ဆိုတာ ကိုတော့ မသိပေမယ့် Bella ကတော့ Selena ကို ပြန် Follow မလုပ်ခဲ့ပါဘူး။Selena ကတော့ Bella Hadid နဲ့ မိတ် ဆွေ သူငယ်ချင်းဖြစ်ချင်လို့ လမ်းစ ခင်းခဲ့တာလား ဒါမှမဟုတ် တခြား အကြောင်းအရင်း ကြောင့် ခုလို လုပ်သလား ဆိုတာကတော့ ပရိသတ်ကြားမှာ အငြင်းပွားစရာ တစ်ခု ဖြစ်ခဲ့ပါတယ်။Follow လုပ်ရုံတင် မဟုတ်ပဲ နောက်ဆုံးမှာတော့ ..

READ
ရှိတ်စပီးယားရဲ့လင်္ကာတွေကို တွစ်တာပေါ်မှာ ဖတ်ပြနေတဲ့ Patrick Stewart
Image:IG/Selena
Image:IG/Bella Hadid

Bella ရဲ့ Instagram Post တစ်ခု အောက်မှာ ၀င်ပြီး Comment ရေးခဲ့ပါတယ်။”Stunning .” လို့ Comment ၀င်ရေးခဲ့တာပါ။ဒါပေမယ့် သူမကို လာ Follow တာတောင်မှ ပြန် မ Follow ပဲ ဒီအတိုင်း  နေနေတဲ့ Bella Hadid ကတော့ Selena ကို ဘယ်လောက်ထိ မကြိုဆိုလဲဆိုတာကို အလုပ်နဲ့ သက်သေ ပြလိုက်ပါတယ်။Selena ၀င် Comment ရေးတဲ့ Post တစ်ခုလုံးကိုပါ လုံးဝ Delete လုပ်ပစ်ခဲ့ပါတယ်။

Image:IG/Selena
Image:IG/Bella Hadid

Selena  ကတော့ Bella ရဲ့ ချစ်သူ The Weeknd  နဲ့ (2017) ဇန်န၀ါရီ ကနေ (၂၀၁၇) အောက်တိုဘာ အထိ တွဲ ခဲ့ ဖူးပါတယ်။Bella နဲ့ The Weeknd တို့ကတော့ (၂၀၁၅)တည်းက ဇာတ်လမ်းစခဲ့တာပါ။(၂၀၁၆)Met Gala ပွဲကိုလည်း နှစ်ကိုယ်တူ ယှဉ်တွဲ ပြီး တက်ရောက်ခဲ့ဖူးပါတယ်။နိုဝင်ဘာ (၂၀၁၆)မှာတော့ လမ်းခွဲ သတင်းထွက်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Selena နဲ့ The Weeknd  တို့ တွဲခဲ့ပါတယ်။

READ
ပရိသတ်တွေကို ရင်အေးစေမယ့် ဘေဘီမောင်ရဲ့ အလှ
Image:IG/Bella Hadid
Image:IG/selena’s fan

(၂၀၁၇) အောက်တိုဘာမှာ Selena နဲ့ လမ်းခွဲ လိုက်ပြီးနောက် နိုဝင်ဘာမှာတော့ Hadid ရဲ့ တိုက်ခန်းထဲကနေ The Weeknd တစ်ယောက် ထွက်လာတဲ့ ပုံတွေ တက်လာခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ နှစ်ယောက်သား တပူးပူးတတွဲတွဲ သွားလာနေပုံတွေ၊နမ်းနေပုံတွေ တက်လာခဲ့ပြီး ပြန်တွဲခဲ့ကြတာပါ။

 

View this post on Instagram

 

HAPPY BIRTHDAY BABY

A post shared by (@bellahadid) on

Source:harpersbazaar

SHARE