JB ကို Selena ပြန်လက်ခံရတဲ့ အကြောင်းအရင်း

Miley Cyrus နဲ့ Liam Hemsworth တို့လို အချစ်ဟောင်းနဲ့ပြန်ပေါင်းထုပ်တဲ့ နောက်ထပ်စုံတွဲတစ်တွဲ ထပ်ပြီးပေါ်လာခဲ့ပါတယ်။ သူတို့ကတော့ ပရိသတ်တွေကလည်း ပြန်ပေါင်းထုပ်စေချင်နေတဲ့ JB နဲ့ Selena Gomez ပါ။ သူတို့ စုံတွဲဟာ ဟိုးအရင်တည်းက အချိန်အတော်ကြာလက်တွဲလာခဲ့ပြီး JELENA ဆိုပြီး လူသိများတဲ့ စုံတွဲပါ။

အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲ၊ အပြန်အလှန်မုန်းတီးခဲ့ကြတာတွေရှိပေမယ့် နောက်ဆုံးမှာတော့ ပြန်အဆင်ပြေခဲ့ပါပြီ။ The Weeknd နဲ့ လက်တွဲဖြုတ်ပြီး JB ဆီကိုပြန်လာဖို့ Selena ဘာကြောင့်ရွေးချယ်ခဲ့သလဲ၊ JB ကို ဘာကြောင့် အခွင့်အရေးထပ်ပေးခဲ့ရသလဲဆိုတော့….

Selena ရဲ့အတွင်းလူတွေဆီကနေ ပြန်ကြားရတဲ့စကားကို People က ပြန်ပြောပြခဲ့တာပါ။ Justin ဟာ Selena ရဲ့ ပထမဆုံးအချစ်ဖြစ်သလို၊ Selena နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ JB က အမြဲတမ်းနေရာယူထားပါတယ်။သူမရဲ့ စိတ်ထဲမှာ တစ်နေ့ကျရင် အခြေအနေတွေက လူမှန်နေရာမှန်ဖြစ်လာဖို့ အမြဲတမ်းမျှော်လင့်နေခဲ့တယ်လို့ အတွင်းလူတွေက ဆိုပါတယ်။ ဒါ့အပြင် Selena အတွက်ကတော့ JB ဟာ အမြဲတမ်းအကောင်းဆုံးလို့ လက်ခံထားခဲ့ကြောင်း အတွင်းစကားတွေအရ သိရပါတယ်။

READ
Gravity အပြင်ဘက်ခုန်ထွက်ပြီး အပြုံးလေးနဲ့ ဖမ်းစားလိုက်တဲ့ လုလုအောင်

တစ်ဖက်က JB ကလည်း စိတ်ပိုင်းဆိုင်ရာ၊ နှလုံးသားပိုင်းမှာပါ ရင့်ကျက်နေပြီး Selena နဲ့ဆုံဖို့ အသင့်ဖြစ်နေတဲ့အနေအထားပါ။ နှစ်ယောက်သား အတူရှိနေတဲ့ အချိန်တွေဟာ သူတို့နှစ်ဦးလုံးအတွက် ပျော်ရွှင်ရတဲ့ အချိန်လေးတွေပါ။ JB အတွက်ကလည်း Selena က ပြိုင်ဖက်မရှိဖြစ်ပြီး၊ သူမဟာ သူ့အတွက်တော့ စူပါစပရှယ်တစ်ယောက်လို့ လက်ခံထားတယ်လို့ အတွင်းလူတွေရဲ့ စကားတွေအရ သိရပါတယ်။

source people

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE