တည်းခိုရင်း ခရီးပါသွားနိုင်မယ့် အနာဂတ်ရဲ့ မောင်းသူမဲ့ ဟိုတယ်ကားအကြောင်း

နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ရွေ့လျားနေတဲ့ ဟိုတယ်ခန်းမျိုးရော ပေါ်ပေါက်လာမယ်လို့ စိတ်ကူးဖူးကြပါသလား။ အခုဆို မဝေးတော့တဲ့ အနာဂတ်မှာ မောင်းသူမဲ့ ရွေ့လျားဟိုတယ်ခန်းမျိုး တကယ်ရှိလာပါတော့မယ်။ ဒီသယ်ယူပို့ဆောင်ရေး စနစ်သစ်က သင် ခရီးထွက်ချင်တဲ့ နေရာဆီကို ဟိုတယ်တစ်လုံးရော ကားတစ်စီးလိုပါ ဝန်ဆောင်မှု ပေးမှာပါ။

APRILLI.COM

ယခုအိုင်ဒီယာကိုတော့ ကနေဒါနိုင်ငံရှိ Aprilli ဒီဇိုင်း စတူဒီယိုမှ ဒီဇိုင်းပညာရှင် Steve Lee က ဖန်တီးခဲ့တာပါ။ ရွေ့လျားတည်းခိုနိုင်မယ့် ဟိုတယ်ကားကိုတော့ Autonomous Travel Suite လို့ အမည်ပေးထားပါတယ်။ ကားထဲမှာ ဟိုတယ်ခန်း တည်ဆောက်ထားတဲ့ သဘောမျိုးဖြစ်ပြီး မောင်းသူမဲ့ ယာဉ်ကြီးထဲမှာ အိပ်ခန်း၊ သန့်စင်ခန်း၊ ဖျော်ဖြေရေးအခန်းနဲ့ မီးဖိုချောင်ငယ်တစ်ခု ပါဝင်မှာ ဖြစ်ပြီး လူ ၅ ယောက် တည်းခိုနိုင်ပါတယ်။

APRILLI.COM

“အထဲမှာ သင်လိုသမျှ ရနိုင်တဲ့ ဟိုတယ်ခန်းတစ်ခုလိုပါပဲ။ ၆ နာရီပဲဖြစ်ဖြစ် ၁၀ နာရီဖြစ်ဖြစ် ကားခန်းထဲမှာ သက်တောင့်သက်သာ နေနိုင်မှာပါ” လို့ Steve Lee က သူ့ဒီဇိုင်းကို ရှင်းပြထားပါတယ်။ ဒီ Autonomous Travel Suite ကတော့ ၂၀၁၈ ရဲ့ တီထွင်ဆန်းသစ်မှုဆု Radical Innovation Award မှာလည်း ဆုဆွတ်ခူးထားနိုင်ပါတယ်။

READ
နိုဝင်ဘာ ၁၆ရက်နေ့မှာ ထွက်ရှိလာတော့မယ့် OnePlus 5T
APRILLI.COM

ဒါဟာ မောင်းသူမဲ့ ယာဉ်အမျိုးအစားထဲမှာ ပထမဆုံးတော့ မဟုတ်ပါဘူး။ ယူကေနဲ့ အမေရိကန်နိုင်ငံတွေမှာလည်း မောင်းသူမဲ့ ယာဉ်တွေကို စမ်းသပ်မောင်းနှင်နေပြီဖြစ်ပြီး Tesla ကုမ္ပဏီရဲ့ စီအီးအို Elon Musk ကလည်း ၂၀၁၉ ကစလို့ မောင်းသူမဲ့ယာဉ်တွေ တီထွင်တော့မယ်လို့ ကြေညာထားပါတယ်။

APRILLI.COM

Autonomous Travel Suite ယာဉ်ကိုတော့ ၂၀၃၀ ခုနှစ်မှာ စတင်အသုံးပြုနိုင်အောင် စီစဉ်လျက်ရှိပါတယ်။ ဘက်ထရီနဲ့ မောင်းနှင်ရတဲ့ ယာဉ်ကို ၁၀ နာရီအထိ အသုံးပြု ခရီးသွားနိုင်ပါတယ်။ ပြည်တွင်းလေယာဉ်တွေနဲ့ ရထား ခရီးစဉ်တွေကို အစားထိုးအသုံးပြုလာနိုင်ကြပြီး Autonomous Travel Suite ကို ငှားရမ်းခဟာ ဟိုတယ်စရိတ်နဲ့ သယ်ယူပို့ဆောင်ရေး စရိတ် ပေါင်းထားထက် ပိုသက်သာမှာ ဖြစ်တဲ့အတွက် ခရီးသည်တွေအတွက် အဆင်ပြေသက်သာမှုကို ဖန်တီးပေးမယ့် ယာဉ်တစ်မျိုးလည်း ဖြစ်လာမယ်လို့ သုံးသပ်ထားကြပါတယ်။

Ref: USA Today

SHARE