ခရီးအတူသွားပေးဖို့ Personal Assistant ရှာနေတဲ့ ၂၆ နှစ်အရွယ် မီလီလျံနာသူဌေးလေး

Sydney က ကိုယ့်ထူးကိုယ်ချွန် မီလီလျံနာသူဌေးလေးကတော့ သူနဲ့အတူ ခရီးထွက်ပေးဖို့အတွက် တပ်မက်စရာလခနဲ့ Personal Assistant တစ်ယောက် လိုက်ရှာနေတယ်လို့ သတင်းရထားပါတယ်။

Instagram

Matthew Lepre ဟာ သူကိုင်တွယ်ထားတဲ့ e-commerce လုပ်ငန်းတွေ၊ စီးပွားရေးဟောပြောပွဲတွေကို ကမ္ဘာအရပ်ရပ်မှာရှိတဲ့နေရာတွေဆီ တိုးချဲ့တော့မှာမို့ သူ့အတွက် အားကိုးအားထား ပြုလို့ရစေမယ့် ကိုယ်ရေးလက်ထောက်တစ်ဦး အလိုရှိနေပါတယ်။

အသက် ၂၆ နှစ်သာရှိသေးပေမယ့် Matthew Lepre ဟာ ကမ္ဘာမှ အသိအမှတ်ပြုခံထားရတဲ့ မီလီလျံနာလူငယ်လုပ်ငန်းရှင်တစ်ဦးပါ။ တက္ကသိုလ်တက်နေစဉ် အိမ်အခြေအနေကြောင့် အလုပ်တွေလုပ်ရင်းနဲ့မှ ဘွဲ့လည်းမလို၊ အလုပ်အချိန်အတိအကျရယ်လို့မရှိ ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာမဆို အလုပ်လုပ်နိုင်မယ့် အလုပ်မျိုးကို ကျောင်းထွက်ကာ စတင်တည်ထောင်လုပ်ကိုင်ခဲ့ရင်း အောင်မြင်လာခဲ့တာပါ။

Instagram

Matthew Lepre ရဲ့ Personal Assistant ဖြစ်ဖို့အတွက်ဆိုရင်တော့ အချိန်ခဏလေးလုပ်ပြီး ထွက်သွားမယ့်လူမျိုးတွေနဲ့ သိပ်မကိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အလုပ်ခေါ်စာမှာတင် “job of a lifetime” တစ်သက်လုံးလုပ်နိုင်မယ့်လူမျိုးကို ရှာဖွေနေတာကြောင့်ပါ။ လစာအနေနဲ့ကတော့ တစ်နှစ်ကို အနည်းဆုံး အခြေခံလစာအနေနဲ့တောင်မှ ဒေါ်လာ ၅၂,၀၀၀ ပေးဦးမှာဆိုတော့ တစ်လကို ပျမ်းမျှအနေနဲ့ ဒေါ်လာ ၄,၃၀၀ လောက်ရှိပါတယ်။

READ
ဆေးကြောင်ပြီး မျက်လုံးနှစ်လုံးကို ဖောက်ထုတ်ခဲ့တဲ့ သမီးအကြောင်း ဖွင့်ဟခဲ့တဲ့မိခင်
Instagram

ဒီအပြင် အသက်အာမခံတွေ၊ ကျန်းမာရေးအာမခံလိုမျိုးတွေစတဲ့ အာမခံပေါင်းများစွာ ထားရှိပေးဦးမှာဖြစ်ပါပြီး၊ နေစရိတ်စားစရိတ်လည်း အငြိမ်းဖြစ်ပါတယ်။ ဒီအပြင် Matthew Lepre ထွက်သမျှ အလုပ်ခရီးဆိုလည်း အလုပ်ခရီး၊ အပန်းဖြေခရီးဆိုရင်လည်း အပန်းဖြေခရီးအလျောက် အဖော်လို မိတ်ဆွေလို လိုက်ပေးရမှာပါ။

Instagram

လိုချင်တဲ့ပုံစံကတော့ အရာရာကိုစီစဉ်နိုင်ပြီး စီမံခန့်ခွဲမှုအားကောင်းရမယ်၊ ခရီးစဉ်လမ်းကြောင်းဆွဲတတ်ရမယ်၊ လူမှုကွန်ယက်အကြောင်း ကောင်းကောင်းကြီး နားလည်သဘောပေါက်ရမယ်၊ အလုပ်တစ်ခုတည်းမဟုတ်ဘဲ ၂ ခု ၃ ခုလောက်ကို အာရုံစိုက်နိုင်ရပြီး ကွန်ပြူတာကျွမ်းကျွမ်းကျင်ကျင်အသုံးပြုတတ်ရပါမယ်တဲ့။ နောက်ပြီး ကြိုးစားသင်ယူလိုစိတ်ရှိရမှာဖြစ်ပြီး နိုင်ငံကူးလက်မှတ်ကို အနည်းဆုံး ၁၂ လအထိ သက်တမ်းရှိရဦးမှာပါ။

Instagram

အသက်ကန့်သတ်ချက်နေနဲ့ကတော့ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း လျှောက်လို့ရနိုင်မှာဖြစ်ပြီး သူလိုချင်တဲ့ အရည်အချင်းတွေကိုပဲကြည့်မှာဖြစ်တဲ့အတွက် ဘာဘွဲ့ညာဘွဲ့တွေလည်း ကြည့်မှာမဟုတတ်ပါဘူးတဲ့။ Matthew Lepre ဟာ လူတစ်ယောက်ကို သူ့လိုမျိုးကမ္ဘာကြီးရဲ့နေရာအနှံ့ကို ထိတွေ့ခွင့်ပေးချင်တဲ့စိတ်ကြောင့်လည်း အခုလို PA ကို ခေါ်တာဖြစ်တယ်လို့ဆိုပါတယ်။

READ
တံတားနဲ့မလွတ်တဲ့ နှစ်ထပ်ဘက်စ်ကား၊ အမိုးတစ်ခုလုံး ကွာကျပြီး လူ(၈)ဦး ဒဏ်ရာရခဲ့
Instagram

အလုပ်လျှောက်ကြည့်ချင်တယ်ဆိုရင်တော့ https://ecomwarrioracademy.com/we-are-hiring/ ဒီ link မှာ သွားရောက်လျှောက်ထားနိုင်ပါတယ်။

Source: News.AU

Penny

 

SHARE