လူနာကိုကယ်တင်ဖို့ သေခါနီး ဖခင်ကို နောက်ဆုံးတွေ့မြင့်ခွင့် လက်လွတ်ခံခဲ့တဲ့ ဆရာဝန်

ဆရာဝန်အလုပ်ဟာ ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံး အလုပ်တွေထဲက တစ်ခု ဖြစ်ပါတယ်။ ကိုယ်နဲ့ ရင်းနှီးချစ်ခင်ရသူတစ်ယောက်ကို ဆုံးရှုံးရတော့မယ့် ဆဲဆဲမှာ သွေးလည်းမတော် သားလည်းမစပ်တဲ့ လူနာကို ကယ်တင်နိုင်တဲ့ ခွန်အားတွေဟာ ကိုယ်ကျိုးမဖက်တဲ့ ဆရာဝန်ကောင်းတွေမှာပဲ ရှိနိုင်တာပါ။ Oriental Daily သတင်းစာမျက်နှာမှာတော့ လူနာကိုကယ်ဖို့အရေး ဖခင်ရဲ့ နောက်ဆုံးအချိန်လေးကိုတောင် မတွေ့မြင်နိုင်တော့တဲ့ ဆရာဝန်တစ်ယောက်အကြောင်းကို အခုလို သိရပါတယ်။

TVBS

အသက်(၅၅) နှစ်အရွယ် ကျန်းရှင်ဇီဆိုသူ အမျိုးသားဟာ တရုတ်နိုင်ငံ အန်ဟွေးပြည်နယ်က ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကျန်းရှင်ဇီရဲ့ ဖခင်ကြီးကျန်းမာရေးဟာ အရေးပေါ်အခြေအနေမှာ ရောက်နေခဲ့ပါတယ်။ ကျန်းရှင်ဇီဟာ ခွဲစိတ်ကုသမှုမလုပ်ခင်မှာ ဖခင်ဆီကို ခဏသွားခဲ့ပါသေးတယ်။ ဖခင်ကြီးဆီ သတင်းမေးမြန်းအပြီး မကြာခင် သူခွဲစိတ်ခန်းဝင်ရတော့မှာ ဖြစ်တာကြောင့် သွားခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဖခင်ကြီးကလည်း ပြုံးပြီး ခေါင်းညိတ်ပြခဲ့တာကြောင့် ဆရာဝန်ကြီး ကျန်းရှင်ဇီဟာ ခွဲစိတ်ခန်းဝင်ဖို့ ထွက်လာခဲ့ပါတယ်။

READ
အိန္ဒိယနိုင်ငံအတွက် မှတ်ကျောက်တင်နိုင်ခဲ့သူ ခြေချောင်း(၁၂)ချောင်းပိုင်ရှင် Swapna Barman
TVBS

ဒါပေမယ့် ခွဲစိတ်ခန်းဝင်ဖို့ ပြင်ဆင်နေတုန်းမှာ မမျှော်လင့်ပဲ ဖခင်သေဆုံးသွားတဲ့သတင်းကို သိရှိလိုက်ရပါတယ်။ ဒါပေမယ့်လည်း ဆရာဝန်ကြီးဟာ စိတ်ဓာတ်ခိုင်မာစွာနဲ့ အလုပ်ကိုအရင်ဦးစားပေးဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဆရာဝန်ကြီးဟာ စီးကျလာတဲ့ မျက်ရည်တွေကို သုတ်ရင်း သူတာဝန်ယူထားရတဲ့ လူနာရဲ့ အသက်ကို ကယ်တင်ဖို့သာ စိတ်အားတင်းထားခဲ့ပါတယ်။ (၂) နာရီအကြာမှာတော့ ကျန်းရှင်ဇီဟာ အောင်မြင်စွာနဲ့ လူနာကို ခွဲစိတ်ကုသပြီး ထွက်လာနိုင်ခဲ့ပါပြီ။ ဒီအခါမှာတော့ ခွဲစိတ်ခန်းထဲ တင်းထားခဲ့တဲ့စိတ်တွေကို ကျန်းရှင်ဇီဟာ လျော့ချလိုက်ပြီး ငိုကြွေးပါတော့တယ်။

TVBS

ဒီအခါမှ လုပ်ဖော်ကိုင်ဖက်တွေကလည်း ကျန်းရှင်ဇီရဲ့ ဖခင်ကြီးသေဆုံးကြောင်းကို သိသွားကြပြီး ဆရာဝန်ကြီးရဲ့ ချုပ်တီးနိုင်စွမ်းအပေါ်မှာ ချီးမွမ်းလျက်ရှိပါတယ်။ ကျန်းရှင်ဇီဟာ လူသိများထင်ရှားတဲ့ ဆရာဝန်ကြီးတစ်ယောက်ဖြစ်ပြီး ဆရာဝန်သက်တမ်း(၃၃) နှစ်ရှိနေပြီ ဖြစ်ပါတယ်။ သူ့အကြောင်းကို ကြားသိကြတဲ့ အွန်လိုင်းပေါ်က လူတွေကတော့ ဆရာဝန်ကြီးရဲ့ ကိုယ်ကျိုးမဖက် မြင့်မြတ်တဲ့စိတ်ထားနဲ့ ပတ်သက်လို့ ချီးမွမ်းနေကြပါတယ်။ ကျန်းရှင်ဇီက “ကျွန်တော့်အဖေကို နောက်ဆုံးအကြိမ်လေးတောင် မြင်ခွင့်မရခဲ့တာ နောင်တရပါတယ်။ ဒါပေမယ့် အဖေကတော့ နားလည်မယ်လို့ မျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ သူ့သားဖြစ်ရုံတင်မဟုတ်ပဲ ဆရာဝန်ကြီးတစ်ယောက်လည်း ဖြစ်နေတာကိုး..” လို့ ပြန်လည်ပြောပြခဲ့ပါတယ်။

READ
သင်စိတ်ဓာတ်ကျတဲ့အခါ ဘာလုပ်ရမလဲ
TVBS

လင်းလင်း (ShweMom)

Ref: worldofbuzz

SHARE