ပိုင်ရှင်မဲ့ကြောင်လေးတွေကို အစားကျွေးနိုင်ဖို့ ပိုက်ဆံရှာနေတဲ့ အိမ်ရဲ့မဲ့အမျိုးသား

Warunya Wattanasupachoke _Facebook

ထိုင်းနိုင်ငံက အိမ်ရာမဲ့အမျိုးသားကြီးတစ်ယောက်ဟာ သူကိုယ်တိုင်က နေစရာအိမ်မရှိပေမယ့်၊ ပိုင်ရှင်မဲ့ကြောင်ကလေးတွေကို စာနာထောက်ထားပြီး၊ သူတို့ရဲ့အစာအတွက် သံပုရာသီးရောင်းပြီး ဝင်ငွေရှာနေပါသတဲ့။ သူကိုယ်တိုင်က စားရဖို့ အနိုင်နိုင်မှာတောင် သူဟာ ကြောင်ကလေးတွေအတွက် ကြောင့်ကျစိုက်နေရှာပါတယ်။

Warunya Wattanasupachoke _Facebook
Warunya Wattanasupachoke _Facebook
Warunya Wattanasupachoke _Facebook

ဒါပေမယ့် သူက သူ့အစာအတွက်တော့ ကြောင့်ကျမစိုက်ပါဘူးတဲ့။ ထိုင်းလိုနိုင်ငံမျိုးမှာ လူတစ်ယောက်အတွက် အစားအစာ မခက်ခဲဘူးလို့ ဆိုပေမယ့် ထမင်းနပ်မှန်ဖို့ သူ့အတွက်က မလွယ်ပါဘူး။  ဒါပေမယ့် ပိုင်ရှင်မဲ့ကြောင်လေးတွေ၊ လေလွင့်ကြောင်လေးတွေ၊ နေအိမ်တွေကနေ ထွက်ပြေးလာခဲ့တဲ့ကြောင်လေးတွေကိုတော့ ဘယ်သူမှ ကျွေးမယ့်သူမရှိဘူးလို့ သူက ပြောပါတယ်။

အိမ်ရာမဲ့ကြီးရဲ့နာမည်ကတော့ Loong Dum ဖြစ်ပြီး လမ်းပျော်ကြီးပါ။ နေစရာအိပ်စရာကလည်း ဂုံးကျော်တံတားတွေရဲ့ အောက်ခြေဖြစ်ပြီး၊ အစားအသောက်ကတော့ သူ့လိုလူအတွက် ဘယ်လိုနပ်မှန်ပါ့မလဲလေ။ ဒါပေမယ့် သူ့ကို မှီခိုနေတဲ့ ကြောင်လေးတွေကိုတော့ အစားအစာ ပုံမှန်ကျွေးပါတယ်တဲ့။

READ
ငယ်ငယ်က ငြင်းခဲ့တဲ့ crush တွေကို နောင်တရစေမယ့် သူတို့ ......
Warunya Wattanasupachoke _Facebook
Warunya Wattanasupachoke _Facebook
Warunya Wattanasupachoke _Facebook

Loong ဟာ သံပုရာသီးအိတ်တစ်လုံးကို ဘက်(၂၀)နဲ့ ရောင်းချပါတယ်။ ဒီကနေ ရလာတဲ့အမြတ်အစွန်းကို နောက်တစ်ရက်အတွက် တစ်ချို့ကိုချန်ထားပြီး၊ တစ်ချို့ကိုတော့ ဈေးကြီးတဲ့ကြောင်စာရဖို့ စီမံတယ်လို့ ဆိုပါတယ်။ သူဟာ နေ့စဉ်နဲ့အမျှ ကြောင်ကလေးတွေကို အစာကျွေးလိုက်၊ သံပုရာသီးရောင်းလိုက်နဲ့ အချိန်ကုန်ပါတော့တယ်။

သူ့ကို အိမ်ရာမဲ့မို့ တော်ရုံလူက အနားအကပ်မခံပေမယ့်၊ သူ့အကြောင်းကို Warunya Wattanasupachoke အမည်ရ အမျိုးသမီးငယ်တစ်ဦးက စတင်အကဲခတ်မိချိန်မှာတော့ သူမရဲ့ လူမှုကွန်ရက်ပေါ်မှာ Loong အကြောင်းကို ရေးပြီးတင်ခဲ့ပါတယ်။ အခုဆိုရင် Loong ဟာ သံပုရာသီးတွေ အမြန်ရောင်းကုန်နေပြီး၊ တစ်ချို့က Loong အတွက် အစားအစားအပြင်၊ ကြောင်ကလေးတွေအတွက် အစားအစာကို လာရောက်လှူဒါန်းနေလို့ အဆင်ပြေနေပြီလို့ သိရပါတယ်။

လင်းသုတ (Shwemom)

SHARE