အအေးဒဏ်ကြောင့်ဒုက္ခရောက်နေတဲ့ အိမ်ခြေမဲ့တွေကို ထူးခြားစွာကယ်တင်ခဲ့တဲ့ အမျိုးသမီး

လတ်တလောမှာဆိုရင်တော့ မြောက်အမေရိကမှာဖြစ်ပေါ်နေတဲ့ သုညဒီဂရီအောက်ကိုရောက်နေတဲ့ အပူချိန်ကြောင့် လူတော်တော်များများက အအေးဒဏ်ကို ခံနေရတာဖြစ်ပြီး အိမ်ခြေမဲ့တွေအတွက် လုံးဝကို တောင့်ခံနိုင်စရာမရှိတဲ့ ရာသီဥတုအခြေအနေဖြစ်နေတာဖြစ်ပါတယ်။ အိမ်ခြေမဲ့တွေကတော့ ရွက်ဖျင်တဲတွေနဲ့ အအေးဒဏ်ကို အံတုနေကြရတာဖြစ်ပြီး သူတို့တွေ အသုံးပြုနေတဲ့ လောင်စာဂတ်စ်အိုးတစ်လုံးကတော့ လျှပ်စစ်အပူပေးဓါတ်ဖိုနဲ့ အရမ်းကို နီးလွန်းတာကြောင့် ပေါက်ကွဲသွားခဲ့တာဖြစ်ပါတယ်။

wgm-tv

Candice Payne အမည်ရတဲ့ အမျိုးသမီးတစ်ဦးကတော့ ချက်ခြင်းပဲ ဟိုတယ် အခန်း ၂၀ ကို သူမရဲ့ ပိုက်ဆံနဲ့ ငွေရှင်းပြီး အိမ်ခြေမဲ့တွေ နေဖို့အတွက် ငှားပေးခဲ့တာဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ Candice Payne ကတော့ သူမရဲ့ အင်စတာဂရမ်အကောင့်ပေါ်မှာ  အအေးဒဏ်ကြောင့် ဒုက္ခရောက်နေသူတွေအတွက် နေစရာပေးမယ့် အကြောင်းကို တင်ခဲ့ပြီး အိမ်ခြေမဲ့တွေကို သူမ ငှားထားတဲ့ ဟိုတယ်တွေကို ခေါ်လာပေးနိုင်ဖို့အတွက် ကားတွေ လိုအပ်တယ်လို့လည်း ရေးထားပါတယ်။ ဒါ့အပြင် ခေါ်လာပေးမယ့် ကားတွေကိုလည်း အခကြေးငွေပေးမယ်လို့ ရေးထားပါသေးတယ်။

READ
အလုပ်စဆင်းတဲ့ ရက်မှာတင် သူဌေးက ဆုချရတဲ့အထိ အလုပ်အပေါ် တန်ဖိုးထားသူ
Instagram

Candice Payne ရဲ့ အင်စတာဂရမ်ပို့စ်ကတော့ လူအမြောက်အများဆီကို ပျံ့နှံ့သွားခဲ့ပြီး လူ ၁၀၀ကျော်အတွက် ဟိုတယ်အခန်းခ လှူဒါန်းတဲ့ စေတနာရှင်တွေပါ ပေါ်လာခဲ့ပါတယ်။ Candice Payne နဲ့ သူမရဲ့ ယောကျာ်းတို့ကတော့ ဟိုတယ်ခန်းတွေကို သူတို့ ရှာလို့ရတဲ့ တစ်ခုတည်းသောနေရာဖြစ်တဲ့ Amber Inn မှာ အခန်း ၆၀ ထပ် ငှားခဲ့တာဖြစ်ပါတယ်။ ဟိုတယ်ကိုတော့ လူအယောက် ၁၂၀ ယောက်ရောက်လာခဲ့ပြီး ဟိုတယ်တစ်ခုလုံးကို ပြည့်လုနီးပါးဖြစ်သွားခဲ့ပါတယ်။

goodtimes

အိမ်ခြေမဲ့တွေ အကုန်လုံးကတော့ Candice Payne ကို အရမ်းကို ကျေးဇူးတင်နေကြတာဖြစ်ပါတယ်။ Candice Payne ကတော့ အအေးဒဏ် ခံစားနေရသူတွေကို ကူညီဖို့အတွက် သူမကနေ အစပြုပြီး လူတွေအများကြီး ပါဝင်ကူညီလာကြတာကို အရမ်းကို ဝမ်းသာတယ်လို့ ပြောခဲ့ပါတယ်။

READ
ရော်နယ်ဒိုရဲ့ အိမ်မှာ ဘယ်တော့မှ ညစာသွားမစားမိစေနဲ့

Source: goodtimes

SHARE