ဖုန်းဆက်ပြီးကြော်ငြာတဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ဒဏ်ရိုက်မယ့်အိန္ဒိယ

Twitter / @SenMarkey

Telemarketer နဲ့ spammer တွေကနေ မလိုလားအပ်တဲ့ကြော်ငြာတွေနဲ့မလိုလားအပ်တဲ့ဖုန်းခေါ်ဆိုမှုတွေကို လက်ခံ ရရှိတဲ့ဘယ်သူကမှ မနှစ်သက်ကြပါဘူး။ဒီလိုလုပ်ဆောင်မှုတွေကို နေ့စဉ်ကြုံတွေ့နေရတာဟာ ကြီးမားတဲ့နှောင့်ယှက်မှု  တစ်ခုဖြစ်တဲ့အပြင် တစ်ပါးသူရဲ့ပုဂ္ဂိုလ်ရေးကျူးကျော်တာလို့ယူဆလို့ရပါတယ်။ဒါ့ကြောင့်အိန္ဒိယနိုင်ငံရဲ့ဆက်သွယ်ရေး စည်းမျဉ်းဥပဒေအာဏာပိုင်အဖွဲ့ TRAI က National Do Not Call Registry (NDNC) ကိုဖွဲ့စည်းလိုက်ပါတယ်။

စမတ်ဖုန်းအသုံးပြုသူတွေဟာ မနှောက်ယှက်ပါနဲ့လို့အဓိပ္ပါယ်ရတဲ့ DND 2.0 app ကိုထည့်သွင်းထားမယ်ဆိုရင်  စီးပွားဖြစ်ဆက်သွယ်ရေးတွေကနေရောက်လာတဲ့မက်ဆေ့ခ်ျတွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။ဒါပေမယ့် ဒီ app က စီးပွားဖြစ်မက်ဆေ့ခ်ျတွေကိုတော့ လုံးဝပိတ်ထားတာမျိုးတော့မဟုတ်ဘူးလို့ NDTV ကုမ္ပဏီကဖော်ပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံသားတွေလည်း ဒီအခြေအနေတွေနဲ့ရင်ဆိုင်ခဲ့ရတာကြောင့် Senate လွှတ်တော်က ဒါဟာ ဆက်သွယ်ရေးဆိုင်ရာအလွဲသုံးစားမှုဖြစ်တာကြောင့် ပြစ်မှုဆိုင်ရာဥပဒေပြဌာန်းခြင်းနဲ့တားဆီးခြင်းအက်ဥပဒေ ကိုအတည်ပြုပေးခဲ့ပြီး တရားမ၀င်ဖုန်းခေါ်ဆိုမှုတွေကိုနိမ်နှင်းပေးခဲ့ကြောင်း ABC News ရုပ်မြင်သံကြားဌာနရဲ့ဖော်ပြ  ချက်အရသိရပါတယ်။

“ဖုန်းတွေမှာ မလိုလားအပ်တဲ့စီးပွားဖြစ်ဖုန်းခေါ်ဆိုမှုတွေ၊ စာပို့မှုကိုတွေ သဘောကျပါတယ်လို့ပြောတဲ့သူတစ်ဦး တစ်ယောက်ကိုမျှ ကျွန်တော်မမြင်ဘူးသေးပါဘူး။ ဒီလိုလုပ်ဆောင်လိုက်တဲ့အတွက် နိုင်ငံတစ်ဝန်းရှိ ဖုန်းသုံးစွဲ သူတွေအနေနဲ့ အနှောက်အယှက်ကင်းသွားမှာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ တရားဝင်ဖုန်းခေါ်ဆိုမှုရှိတဲ့ဖုန်းလက်ခံမှုတွေကိုအသိပေးသွားမှာဖြစ်တယ်” လို့ Senator လွှတ်တော်အမတ် John Thune ကပြောပြခဲ့ပါတယ်။

Twitter / @SenMarkey

အိန္ဒိယမှာတော့ သမ္မတရဲ့ခွင့်ပြုချက်လက်မှတ်ရှိတဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေရဲ့ဖုန်းခေါ်ဆိုမှုတွေကိုသာ အတည်ပြုမှာဖြစ်ပြီး တရားမ၀င်စီးပွားဖြစ်ဖုန်းခေါ်ဆိုမှုတွေကိုတော့ တင်းကြပ်စွာပိတ်ဆို့ဖို့လိုအပ်တဲ့ဥပဒေကြမ်းထွက်  ပေါ်လာခဲ့ပါတယ်။ ဒီလိုတရားမ၀င်ဖုန်းခေါ်ဆိုမှုအတွက် အမေရိကန်ဒေါ်လာ(၁)သောင်းဒဏ်ငွေပေးဆောင်ရမယ့် ဥပဒေပဲဖြစ်တယ်လို့ The Verge မီဒီယာကဖော်ပြခဲ့ပါတယ်။

Thae

SHARE