ပရိသတ်တွေကြားမှာ အရမ်း ရေပန်းစားနေတဲ့ Seo Yeji နဲ့ သူမရဲ့ ဗီဒီယိုဖိုင်ဟောင်း

IG/Seoyeji fans

လက်ရှိမှာတော့ Seo Yeji တစ်ယောက်က ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ရရှိနေပါတယ်။ သူမ ပါဝင်ရိုက်ကူးနေတဲ့ It’s Ok to Not be Ok ဇာတ်လမ်းတွဲကြောင့် သူမကို စိတ်ဝင်စားမှု များနေကြပြီး သူမရဲ့ အရင်တုန်းက ဗီဒီယိုဖိုင်တွေကိုပါ ပရိသတ်တွေက စိတ်ဝင်စား လူပြောများနေတယ်လို့ kstarlive ကနေ ဖော်ပြထားခဲ့ပါတယ်။

ပရိသတ်တွေကြားမှာ ပြန်လည် သဘောတွေ့ခံနေရတဲ့ သူမရဲ့ ဗီဒီယိုကတော့ ၂၀၁၇ တုန်းက ပါဝင်ခဲ့တဲ့ Ask Us Anything ဆိုတဲ့ အစီအစဉ်မှာ ကပြခဲ့တဲ့ ဗီဒီယိုပဲ ဖြစ်ပါတယ်။ အစီအစဉ်ထဲမှာတော့ တူတူပါဝင်တဲ့ သူတွေအတွက် သူမ ပြင်ဆင်လာတဲ့အရာ ရှိကြောင်းကို ပြောခဲ့ပြီး အစီအစဉ်ထဲ အတူပါဝင်တဲ့ Heechul က အဲ့ဒါ Sexy Dance လား ဆိုပြီး မေးခဲ့ပါတယ်။ သူမကတော့ အဲ့ဒါလည်း ပါပါတယ်လို့ ပြောခဲ့ပြီး တိတိကျကျ ပြန်မဖြေဘဲ အစီအစဉ်ထဲ ပါဝင်တဲ့သူတွေကို သူမရဲ့ ဖျော်ဖြေမှုကို အံသြစေခဲ့ပါတယ်။

သူမရဲ့ အကဖျော်ဖြေမှုကတော့ အကုန်လုံးကို အံ့အားသင့်စေခဲ့ပြီး ရယ်မောစရာ အခိုက်အတန့် ဖြစ်စေခဲ့ပါတယ်။ သူမကတော့ Big Bang နဲ့ AOA တို့ရဲ့ သီချင်းတွေနဲ့ ကခဲ့တာ ဖြစ်ပါတယ်။ အကမှာ ထူးချွန်မနေပေမယ့်လည်း သူမ ကသွားပုံကတော့ အရမ်းကို သဘောကျစရာ ကောင်းနေခဲ့ပါတယ်။

READ
ကားပျက်သွားခဲ့တာကြောင့် ရေခဲတောင်ကနေလမ်းလျှောက် ပြန်ဆင်းလာရတဲ့ မြင့်မြတ်တို့အဖွဲ့

သူမကတော့ သူမရဲ့ အလုပ်တွေကိုတောင် ဖျက်ပြီး တစ်နေ့လုံး အချိန်ယူပြီး အကကျင့်ခဲ့တာလို့ ပြောကြားခဲ့ပါသေးတယ်။

သူမကတော့ လက်ရှိ ရိုက်ကူးနေတဲ့ It’s Ok to not be Ok ဆိုတဲ့ ဇာတ်လမ်းတွဲမှာ အရမ်းကို လှပပြီး သရုပ်ဆောင်ကောင်းလွန်းလို့ ပရိသတ်တွေကြား သဘောကျခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

Kham

SHARE