လက်တွဲဖော်ကို ရုပ်ရည်ကြည့်ပြီး ရွေးချယ်ဆုံးဖြတ်မှာ မဟုတ်ဘူးလို့ ဆိုတဲ့ Seo Yeji

IG/itsokaytonotbeokay_tvn

သိပ်ကို လှလွန်းတဲ့ ပုံရိပ်နဲ့ အတူ It’s Okay to Not Be Okay မှာ ပရိသတ်တွေ မျက်စိကျနေတဲ့ သရုပ်ဆောင် Seo Yeji ကတော့ ရုပ်ရည်ကို သိပ်အလေးမပေးတတ်တဲ့ သူတစ်ယောက် ဖြစ်တယ်ဆိုတာကို kstarlive ကနေ ရေးသားဖော်ပြထားခဲ့ပါတယ်။

သူမကတော့ လက်ရှိမှာ လှပလွန်းတဲ့ ရုပ်ရည် သွင်ပြင်ကြောင့် ပရိသတ်က စိတ်ဝင်စားနေတာပါ။ ဒီလိုအချိန်မှာတော့ သူမရဲ့ အင်တာဗျူးဟောင်းတစ်ခုကလည်း ပြန်လည်ပြီး ပရိသတ်တွေ ကြားကို ရောက်ရှိခဲ့ပါတယ်။ ဒါကတော့ သူမရဲ့ လက်တွဲဖော်ကောင်လေးအတွက် သူမ စိတ်ကူးထားတဲ့ စံပုံကို ဖြေခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ အဖြေကတော့ သူမရဲ့ လက်တွဲဖော် ဖြစ်ဖို့အတွက် ရုပ်ရည်က အဓိက မကျဘူး ဆိုပြီး ဖြစ်ပါတယ်။ အသေးစိတ် သူမ ဖြေခဲ့တာကတော့ “ကျွန်မရဲ့ အနာဂတ်ခင်ပွန်းလောင်းက နှလုံးသားခပ်ကြီးကြီးနဲ့ စိတ်ဓာတ်ကြံ့ခိုင်ဖို့ပဲ လိုပါတယ်။ သူ့မှာ ကျွန်မကြိုက်တဲ့ အချက်အလက်တွေ ရှိရင်တော့ သူက ဘယ်လိုပုံစံပဲ ရှိရှိ ကျွန်မ မျက်လုံးထဲ ဆွဲဆောင်မှု ရှိနေနိုင်ပါတယ်။ ကျွန်မအတွက်တော့ ရုပ်ရည်ထက် တခြားသော လူသားဆန်တဲ့ ဆွဲဆောင်မှုတွေက ပိုပြီး အရေးကြီးပါတယ်” လို့ ဖြေသွားခဲ့ဖူးပါတယ်။

READ
မျိုးချစ်စိတ်ဓါတ် ထက်သန်တဲ့ ကိုရီးယားစတားများ

သူမကတော့ ၁၉၉၀ မှာ မွေးဖွားခဲ့ပြီး အခုလက်ရှိမှာ အသက် ၃၁ နှစ် ရှိနေပြီ ဖြစ်ပါပြီ။

Kham

SHARE