BLACKPINK ရဲ့ ‘How You Like That’ သီချင်းနဲ့ သီဆိုကပြခဲ့တဲ့ SNSD’s Seohyun

ig/@seojuhyun_s

Girl’s Generation အဖွဲ့ဝင် Seohyun က BLACKPINK အဖွဲ့ဝင်တွေရဲ့ အသံအတိုင်း ‘How You Like That’ သီချင်းကို သီဆိုပြီး ကပြသွားခဲ့တာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

@wkorea 9월호 화보💜 오늘 하루도 안전하고 행복하게🖤

A post shared by SEOHYUN(SEO JU HYUN) (@seojuhyun_s) on

JTBC အစီအစဉ်တစ်ခုဖြစ်တဲ့ ‘Ask Us Anything’ ဆိုတဲ့အစီအစဉ်မှာ Girl’s Generation’s Seohyun က ဧည့်သည်အဖြစ် ပါဝင်ပေးခဲ့တဲ့အကြောင်းကို kstarlive က ခုလိုဖော်ပြထားပါတယ်။

READ
စာချုပ်စည်းမျဉ်းချိုးဖောက်မှုအတွက် တရားစွဲခံထားရတဲ့ ဟောင်ကောင်မင်းသမီး စီစီလီယာချောင်

 

 

View this post on Instagram

 

차쥰💛

A post shared by SEOHYUN(SEO JU HYUN) (@seojuhyun_s) on

ဒီအစီအစဉ်ကို Seohyun က မင်းသား Go Kungphyo နဲ့အတူ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူတို့ရဲ့ ဒရာမာသစ်ဖြစ်တဲ့ ‘ Private Life’ အတွက် promote လာလုပ်ကြတာလည်း ဖြစ်ပါတယ်။ အစီအစဉ်မှာ Seohyun က “ ကျွန်မ ဒီရက်ပိုင်းမှာ သဘောကျလို့ နားထောင်ဖြစ်နေတဲ့ သီချင်းတစ်ပုဒ်ရှိတယ် အဲဒီ့အဖွဲ့ဝင်တွေရဲ့ အသံတုလုပ်ပြီး ဆိုပြလို့တော့ ရပါတယ်” ဆိုပြီး ပြောပြခဲ့တာပါ။

READ
ကမ္ဘာ့ဒုတိယအလှဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံရတဲ့ Priyanka Chopra

အဲဒီ့နောက်မှာတော့ Seohyun က BLACKPINK အဖွဲ့ရဲ့ ‘How You Like That’ ဆိုတဲ့သီချင်းကို သီဆိုပြခဲ့တာပဲ ဖြစ်ပါတယ်။ Seohyun ကယုံကြည်မှုရှိရှိနဲ့ BLACKPINK အဖွဲ့ဝင်တွေဖြစ်တဲ့ Rose, Jisoo နဲ့ Jennie တို့ရဲ့ အသံအတိုင်း ဆိုပြသွားခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ပြီး သူမက ‘How You Like That’ သီချင်းထဲကအတိုင်းပဲ ကပြသွားပါသေးတယ်။ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ သူမရဲ့ ဟန်ပန်နဲ့ ကပြသွားတဲ့ ‘How You Like That’ သီချင်းလေးက တစ်မျိုးလေး ချစ်စရာကောင်းနေပါတယ်နော်။

Khin

SHARE