ခေတ်စားလာတဲ့ လက်ထပ်ပြီနောက်တစ်ယောက်တည်း ဟန်းနီးမွန်းထွက်ခြင်းအလေ့အထ

pixabay

သတို့သားနဲ့ သတို့သမီးတို့ဟာ မင်္ဂလာပွဲတစ်ပွဲလုပ်ဖို့ အတူတူတိုင်ပင်ကြ၊ စီစဉ်ကြ၊ လျှောက်လမ်းတစ်လျှောက်မှာလည်း လက်ချင်းချိတ်ကာ အတူပွဲထွက်ကြပြီး ပျားရည်စမ်းခရီးမှစလို့ သေတပန်သက်တဆုံး ရေစက်မကုန်သည့်တိုင်အောင် အတူတကွလက်တွဲမဖြုတ်ရှိနေတတ်ကြပါတယ်။

pixabay

အနောက်နိုင်ငံတွေမှာတော့ တူစုံတွဲပျော်မြူးကြရတဲ့ ပျားရည်စမ်းခရီးလေးကို နှစ်ယောက်တွဲကာ မနွှဲကြတော့ဘဲ တစ်ယောက်တစ်နေရာစီ ခွဲလို့သွားနေကြတဲ့အလေ့အထတစ်ခု ခေတ်စားနေပါတယ်။

 

Honeymoon မဟုတ်ဘဲ တစ်ယောက်တည်းသွားတဲ့ခရီးမို့လို့ Solomoon သို့မဟုတ် Unimoon တို့ ခေါ်ကြပါတယ်။ ယေဘုံယျအားဖြင့် မင်္ဂလာဆောင်ပြီးတာနဲ့ ဒီလူနဲ့ပဲ တစ်သက်လုံးအရိုးထုတ်သွားဖို့ ပြင်ဆင်ထားကြတာမို့ လက်ထပ်ပြီး တစ်အိမ်တည်းအတူမနေခင်အချိန်ခဏလေးအတွင်း ဘဝမှာ တစ်ယောက်တည်း တည်ရှိခြင်းရဲ့လွတ်လပ်မှုအခိုက်အတန့်လေးတွေကို ခံစားစတဲ့အနေနဲ့ တစ်ယောက်တည်း ပျားရည်စမ်းခရီးထွက်ရတာပါ။

READ
ဘ၀မှာ ရှုံးနိမ့်မှုတွေနဲ့ပြည့်နေတဲ့ သူမအတွက် …
pixabay

နောက်ပြီး သွားမယ့်ခရီးစဉ်အပေါ် စိတ်ဝင်စားမှုမရှိတာတွေ၊ ကိုယ်ကလျှောက်သွားချင်ပေမယ့် တစ်ဖက်လူက ကော်ဖီဆိုင်လေးထိုင်၊ ရိုမန်းတစ်ဆန်တာလေးတွေ အေးအေးဆေးဆေးသွားချင် စသဖြင့် စိတ်ထားမတိုက်ဆိုင်တာတွေကြောင်လည်း ပျော်ရွှင်ကြည်နူးရမယ့် ပျားရည်စမ်းခရီးလေးဟာ စိတ်ညစ်စရာတွေ ဖြစ်သွားနိုင်ပါတယ်။

pixabay

ဒါကြောင့် လူလွတ်ဘဝရဲ့ လွတ်လပ်မှုတွေကိုလည်း ခံစားရင်း အရာရာကိုယ့်စိတ်ကြိုက် သွားလာစားသောက်ကာ ပျော်ပျော်ကြီး ဖြတ်သန်းကြဖို့အတွက် Solomoon ခရီးတွေ သွားနေကြပါပြီ။ လက်ထပ်ပြီး အိမ်ထောင်သည်ဘဝရောက်သွားခဲ့ရင် တစ်ယောက်တည်း ခရီးသွားခြင်းရဲ့အရသာကိုသိဖို့ သိပ်ကို ခက်ခဲသွားနိုင်ပါတယ်။

ပျားရည်စမ်းခရီးက ပြန်ရောက်တဲ့အချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက်သွားဖြစ်ခဲ့တဲ့ ခရီးစဉ်အတွေ့အကြုံတွေကို ပြန်လည်မျှဝေရင်းနဲ့ ကြည်နူးစရာအခိုက်အတန့်လေးတွေ ပြန်ဖန်တီးတတ်ကြပါသေးတယ်။

pixabay

Source: The Insider

Penny

SHARE